ဂျပန်နိုင်ငံအစိုးရအနေဖြင့် မြန်မာ့ဒီမို ကရေစီခေါင်းဆောင် ဒေါ်အောင် ဆန်း စုကြည်ကို လာမည့် ဧပြီလအတွင်း ဂျပန်နိုင်ငံသို့ အလည်အပတ် ခရီး လာရောက်ရန် စီစဉ်နေကြောင်း ဂျပန်အစိုးရအရာ ရှိတစ်ဦး က ပြောကြား ခဲ့သည်ဟု ဂျပန်သတင်းဌာနများက ဖော်ပြခဲ့ကြသည်။ ယင်းခရီးစဉ် အကောင်အထည်ပေါ်ခဲ့ပါက ဂျပန်နိုင်ငံဝန်ကြီးချုပ် ရှင်ဇိုအာဘေးနှင့်ဒေါ်အောင် ဆန်းစုကြည်တို့ တွေ့ဆုံနိုင်ရန် မျှော်လင့်နေကြောင်းနှင့် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ဧပြီလ ၁၂ ရက်နှင့် ၂၁ ရက်ကြား (ထိုရက်များတွင် မြန်မာနိုင်ငံ ပြည်သူ့လွှတ်တော်ကို ရပ်နားထား)တွင် လာရောက်ဖွယ်ရှိကြောင်းလည်း ယင်းအရာရှိက ပြောခဲ့ သည်ဟု Japan Times သတင်းဌာန က ဖော်ပြခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ဂျပန်နိုင်ငံသို့ သွားရောက်လည်ပတ် ဖြစ်ခဲ့ပါက ၁၉၈၆ ခုနှစ် နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ဂျပန်နိုင်ငံသို့ ပြန်လည် သွားရောက် ခြင်းလည်း ဖြစ်လာမည်ဖြစ်သည်။
Myanmartandawsint
No comments:
Post a Comment