Friday, February 22, 2013

မြန်မာ ငါးဖမ်း သင်္ဘော အများစု စနစ်ကျမှု အားနည်းခြင်းနှင့် ပြည်ပမှ တရားမ၀င် ငါးဖမ်း သင်္ဘောများ၏ မိုင်းခွဲ ဖမ်းဆီးမှုများကြောင့် မြန်မာ့ ပင်လယ်ပြင် ဂေဟစနစ် ထိခိုက်နေ

Photo: မြန်မာငါးဖမ်းသင်္ဘော အများစု စနစ်ကျမှု အားနည်းခြင်းနှင့် ပြည်ပမှ တရားမ၀င် ငါးဖမ်းသင်္ဘောများ၏ မိုင်းခွဲဖမ်းဆီးမှုများကြောင့်
မြန်မာ့ပင်လယ်ပြင် ဂေဟစနစ် ထိခိုက်နေ
Friday, February 22, 2013
    
မြန်မာ့ပင်လယ်ပြင်တွင် မြန်မာငါးဖမ်းသင်္ဘော အများစု ငါးဖမ်းစနစ်ကျမှု အားနည်းနေခြင်းနှင့် ပြည်ပမှ တရားမ၀င် ငါးဖမ်းသင်္ဘောများ၏ မိုင်းခွဲငါးဖမ်းဆီးမှုများကြောင့် မြန်မာ့ပင်လယ်ပြင် ဂေဟစနစ် အများဆုံး ထိခိုက်နေကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်မှ အမှုဆောင် ဒုတိယဥက္ကဋ္ဌ ဦးဟန်ထွန်းက ပြောသည်။

မြန်မာငါးဖမ်းသင်္ဘော အများစု၏ စည်းစနစ်တကျ လုပ်ဆောင်မှု အားနည်းနေသည့်အပြင် ရာသီဥတု ပြောင်းလဲမှု၊ စက်မှုလက်မှု လုပ်ငန်းများ စသည့်အကြောင်းများကြောင့် ပင်လယ်ပြင် ဂေဟစနစ်ကို အများဆုံး ထိခိုက်နစ်နာနေကြောင်း သိရသည်။

မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်မှ အမှုဆောင် ဒုတိယဥက္ကဋ္ဌ ဦးဟန်ထွန်းက "မြန်မာ့ပင်လယ်ပြင်မှာ ပြည်ပက တရားမ၀င် ငါးဖမ်းသင်္ဘောတွေဟာ ဒိုင်းနမိုက် အသုံးပြုပြီး မိုင်းခွဲငါးဖမ်းနေကြတာတွေကြောင့် ပင်လယ်ပြင်ဂေဟစနစ်ကို ထိခိုက်မှု ရှိလာပါတယ်။ တချို့က ကျွန်းကြိုကျွန်းကြားတွေမှာ ၀င်ဖမ်းကြတဲ့အတွက် သန္တာကျောက်တန်းတွေ ပျက်စီးတယ်။ တချို့ငါးဖမ်းနည်းတွေက သန္တာကျောက်တန်းတွေနဲ့ ပင်လယ်ပြင်ရဲ့ ကြမ်းပြင်မှာရှိတဲ့ မြက်ခင်းတွေကို ထိခိုက်မှုတွေ ရှိတယ်။ အဲဒီအထဲ ပြည်ပက တရားမ၀င် ငါးဖမ်းသင်္ဘောတွေကြောင့်လည်း ပါတယ်။ ပင်လယ်ပြင် ထိန်းသိမ်းရေး ကိစ္စတွေ လုပ်ဆောင်ဖို့ လိုနေပါပြီ" ဟု ပြောသည်။

ထို့ပြင် မြန်မာ့ပင်လယ်ပြင် ကြမ်းပြင်၌ ဒရွတ်ဆွဲပြီး ဖမ်းသော ငါးဖမ်းနည်းသည် ပင်လယ်ကြမ်းပြင်နှင့် မြက်ခင်းများကို ထိခိုက်မှုရှိကြောင်း၊ ယင်းနည်းဖြင့် ငါးဖမ်းပိုက် တစ်ခါဆွဲလျှင် လေးနာရီခန့် ကြာကြောင်း၊ ၀ိုင်းချုပ်ဖမ်းသော ငါးဖမ်းနည်းသည်လည်း ပင်လယ်ပြင်ရှိ သန္တာကျောက်တန်းများနှင့် ထိခိုက်ပါက ပင်လယ်ပြင် ဂေဟစနစ် ထိခိုက်ပျက်စီးစေနိုင်ကြောင်း ၎င်းက ပြောသည်။

၎င်းကပင် "မြန်မာ့ပင်လယ်ပြင်မှာရှိတဲ့ သန္တာကျောက်တန်းတွေ၊ ပင်လယ်ကြမ်းပြင် မြက်ခင်းတွေကို ထိန်းသိမ်းဖို့နဲ့ တရားမ၀င် ငါးဖမ်းလှေတွေကို ထိန်းသိမ်းဖို့ဆိုရင် မြန်မာ့တပ်မတော် (ရေ) နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ လိုပါတယ်။ နောက် ပင်လယ်ပြင်ထိန်းသိမ်းရေး ကိစ္စတွေကို ကော်မတီတွေ၊ အသင်းတွေဖွဲ့ပြီး စောင့်ကြည့်လုပ်ဆောင် သွားသင့်ပါတယ်" ဟု သုံးသပ်သည်။

ပြည်ပမှ တရားမ၀င် ငါးဖမ်းသင်္ဘောများသည် ဒိုင်းနမိုက် အသုံးပြု မိုင်းခွဲဖမ်းဆီးနေကြပြီး အဆိုပါသင်္ဘောများသည် ညအချိန်တွင်သာ အများဆုံး ၀င်ရောက်လေ့ရှိကြောင်း သိရသည်။

Eleven Media Groupမြန်မာ့ပင်လယ်ပြင်တွင် မြန်မာငါးဖမ်းသင်္ဘော အများစု ငါးဖမ်းစနစ်ကျ မှု အားနည်းနေခြင်းနှင့် ပြည်ပမှ တရားမ၀င် ငါးဖမ်းသင်္ဘောများ၏ မိုင်းခွဲ ငါးဖမ်းဆီးမှုများကြောင့် မြန်မာ့ပင်လယ်ပြင် ဂေဟစနစ် အများ ဆုံး ထိခိုက်နေကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်မှ အမှုဆောင် ဒုတိယဥက္ကဋ္ဌ ဦးဟန်ထွန်းက ပြောသည်။ မြန်မာငါးဖမ်းသင်္ဘော အများစု၏ စည်းစနစ်တကျ လုပ်ဆောင်မှု အား နည်းနေ သည့်အပြင် ရာသီဥတု ပြောင်းလဲမှု၊ စက်မှုလက်မှု လုပ်ငန်း များ စသည့်အကြောင်းများကြောင့် ပင်လယ်ပြင် ဂေဟစနစ်ကို အများ ဆုံး ထိခိုက်နစ်နာနေကြောင်း သိရသည်။

မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်မှ အမှုဆောင် ဒုတိယဥက္ကဋ္ဌ ဦးဟန်ထွန်းက "မြန်မာ့ပင်လယ်ပြင် မှာ ပြည်ပက တရားမ၀င် ငါးဖမ်းသင်္ဘောတွေဟာ ဒိုင်းနမိုက် အသုံးပြုပြီး မိုင်းခွဲငါးဖမ်းနေကြ တာတွေကြောင့် ပင်လယ်ပြင်ဂေဟစနစ်ကို ထိခိုက်မှုရှိလာပါတယ်။ တချို့က ကျွန်းကြိုကျွန်းကြားတွေမှာ ၀င်ဖမ်းကြတဲ့အတွက် သန္တာကျောက်တန်းတွေ ပျက်စီးတယ်။ တချို့ငါးဖမ်းနည်းတွေက သန္တာကျောက် တန်းတွေနဲ့ ပင်လယ်ပြင်ရဲ့ ကြမ်းပြင်မှာရှိတဲ့ မြက်ခင်းတွေကို ထိခိုက်မှုတွေ ရှိတယ်။ အဲဒီအထဲ ပြည်ပက တရားမ၀င် ငါးဖမ်းသင်္ဘောတွေကြောင့်လည်းပါတယ်။ ပင်လယ်ပြင်ထိန်းသိမ်းရေးကိစ္စတွေ လုပ်ဆောင် ဖို့ လိုနေပါပြီ" ဟု ပြောသည်။

ထို့ပြင် မြန်မာ့ပင်လယ်ပြင်ကြမ်းပြင်၌ဒရွတ်ဆွဲပြီးဖမ်းသော ငါးဖမ်းနည်းသည် ပင်လယ်ကြမ်းပြင်နှင့် မြက် ခင်းများကို ထိခိုက်မှုရှိကြောင်း၊ ယင်းနည်းဖြင့် ငါးဖမ်းပိုက် တစ်ခါဆွဲလျှင် လေးနာရီခန့် ကြာကြောင်း၊ ၀ိုင်းချုပ်ဖမ်းသော ငါးဖမ်းနည်းသည်လည်း ပင်လယ်ပြင်ရှိ သန္တာကျောက်တန်းများနှင့် ထိခိုက်ပါက ပင်လယ်ပြင် ဂေဟစနစ် ထိခိုက်ပျက်စီးစေနိုင်ကြောင်း ၎င်းက ပြောသည်။

၎င်းကပင် "မြန်မာ့ပင်လယ်ပြင်မှာရှိတဲ့ သန္တာကျောက်တန်းတွေ၊ ပင်လယ်ကြမ်းပြင် မြက်ခင်းတွေကို ထိန်းသိမ်းဖို့နဲ့ တရားမ၀င်ငါးဖမ်းလှေတွေကို ထိန်းသိမ်းဖို့ဆိုရင် မြန်မာ့တပ်မတော်(ရေ)နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ လိုပါတယ်။ နောက် ပင်လယ်ပြင်ထိန်းသိမ်းရေး ကိစ္စတွေကို ကော်မတီတွေ၊ အသင်းတွေဖွဲ့ပြီး စောင့်ကြည့်လုပ်ဆောင် သွားသင့်ပါတယ်" ဟု သုံးသပ်သည်။

ပြည်ပမှတရားမ၀င် ငါးဖမ်းသင်္ဘောများသည် ဒိုင်းနမိုက် အသုံးပြု မိုင်းခွဲဖမ်းဆီးနေကြပြီး အဆိုပါ သင်္ဘောများသည် ညအချိန်တွင်သာ အများဆုံး ၀င်ရောက်လေ့ရှိကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment