
““ကျွန်တော်တို့က လက်ရှိလူဦးရေ ၂၇၅ ယောက်နဲ့ဖွဲ့စည်းထားပါတယ်။ လိုအပ်တဲ့လူနာတွေ ပိုပြီး ပံ့ပိုးနိုင်ဖို့ သွေးလှူဒါန်းမယ့်လူငယ်တွေကို နီးစပ်ရာဖိတ်ခေါ်ထားတယ်။ အဲဒီလိုဖိတ်ခေါ်ရင်းနဲ့ တဖြည်းဖြည်းလူငယ်တွေ များလာခဲ့တယ်။ NLD-BG သွေးကူညီပေးရေးအဖွဲ့ကို စဖွဲ့ခဲ့တာ ၃၀-၉-၂၀၁၂ ရက်ကနေ ယနေ့ထိ သွေးပုလင်းပေါင်း ၂၄၆ ပုလင်းလှူဒါန်းပြီးပြီ။ အဓိကလှူဖြစ်နေတာက ရန်ကုန် အမျိုးသမီးဆေးရုံကြီးနဲ့ ကလေးဆေးရုံးကြီးပါ။ တခြားလိုအပ်တဲ့ပုဂ္ဂလိကဆေးရုံဆေးခန်းများကို လှူဒါန်း လျက်ရှိသည်ဟု ၎င်းကဆက်လက်ပြောသည်။
သွေးလိုအပ်သော လူအများနှင့် သွေးလှူဒါန်းပေးမည့်လူငယ်များ NLD-BG သွေးအကူအညီပေး ရေးအဖွဲ့ ဦးစောနိုင်(တာဝန်ခံ) ၀၉-၅၀၇၉၇၄၅၊ ဦးကျော်ကျော်အောင် ၀၉-၄၂၀၁၄၆၃၉၈ တို့သို့ ဆက် သွယ်နိုင်ကြောင်း ဦးကျော်ကျော်အောင်က ပြောသည်။
ထို့ပြင် NLD-BG ဗိုလ်တထောင်သွေးကူညီပေးရေးအဖွဲ့မှ ဦးစီး၍ ၂၂-၂-၂၀၁၃ သောကြာနေ့၊ ည ၆နာရီတွင် ဆရာဇာဂနာ (ခ) ကိုသူရ၊ ဆရာမောင်သာချို၊ ဆရာချစ်ဦးညိုတို့ဖြင့် ၄၆လမ်းအထက်၊ ၁၀ရပ်ကွက် ဗိုလ်တထောင်မြို့နယ်တွင် စာပေဟောပြောပွဲ ကျင်းပမည်ဖြစ်သည်။
NLD-BG သွေးကူညီပေးရေးအဖွဲ့ကို ၃၀-၉-၂၀၁၂ရက်တွင် NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစု ကြည်၏ လမ်းညွှန်ချက်ဖြင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း ဦးစောနိုင်ကပြောကြားခဲ့သည်။
Myanmartandawsint
No comments:
Post a Comment