ဂျာမန်သိပံ္ပပညာရှင်များသည် ကျန်းမာရေးဆိုင်ရာ အားကစား လှုပ်ရှား မှုများကို လုပ်ဆောင်သည့်အခါ အထောက်အကူပြု လှုပ်ရှားမှုများ လုပ်ဆောင်ပေးနိုင်သောကိရိယာ တပ်ဆင်ထားသည့် ကျန်းမာရေး အထောက် အကူပြု ထိုင်ခုံတစ်မျိုးကို တီထွင်ခဲ့သည်။
ယင်းထိုင်ခုံတွင် တပ်ဆင်ထားသည့် ခလုတ်တစ်ခုကို တွန်းခြင်းဖြင့် ထိုင်ခုံအသုံးပြုသူများသည် နည်းလမ်းမှန်ကိုယ်လက် လှုပ်ရှား အားကစား လုပ်နည်းများ
လုပ်ဆောင်နိုင် မည် ဖြစ်ကြောင်း "Science Daily" သတင်းစာတွင် သုတေသီ များက
ပြောကြား ထားသည်။
အဆိုပါ ထိုင်ခုံကို အသက်အရွယ် ကြီးသူများ အိုမင်းလာသည့်အခါ နေ့စဉ်လှုပ်ရှားမှုများနှင့် ကျန်းမာရေး အတွက် ကိုယ်လက်လှုပ်ရှားမှုများကို အလွယ်တကူလုပ်ဆောင် နိုင်စေရန် ရည်ရွယ်၍ အထူးထုတ်လုပ် ထားခြင်း ဖြစ်သည်။
၎င်းကို ဟန်နိုဗာမြို့ Mar 5-9 ရှိ CeBIT ကုန်သွယ်ရေး ဌာန၌ အားကစား နည်းပေါင်းစုံ IIS ဆိုင်ရာ Fraunhofer တက္ကသိုလ်က တင်ဆက် ပြသ ခဲ့သည်။
"GEWOS" ဟု အမည် ပေးထားသည့် ယင်းထိုင်ခုံသည် ကျန်းမာရေးနှင့် ညီညွတ်သော ကာယလှုပ်ရှားမှု များနှင့် ထိုင်ပုံ ထိုင်နည်း မှန်ကန်မှု ရှိစေရန်ကို လုပ်ဆောင် ပေးနိုင်သည်ဟု IIS ရှိ Image Processing နှင့် Medical Technology ဌာနမှ Sven Feilner က ပြောကြား ခဲ့သည်။
http://bit.ly/Xt5teW
မြ၀တီ

No comments:
Post a Comment