Wednesday, September 19, 2012

တော်ဝင်မင်းသမီးဓာတ်ပုံ ဖော်ပြခဲ့တဲ့ Closer မဂ္ဂဇင်း ဒဏ်ရိုက်ခံရ


ဗြိတိန် တော်ဝင်မင်းသမီး ကိတ်မစ်ဒယ်လ်တန်(ကိတ်)ရဲ့ ဓာတ်ပုံကိစ္စနဲ့ ပတ်သက်ပြီး ဒီဓာတ်ပုံတွေကို ဖော်ပြ ခဲ့တဲ့ ပြင်သစ် မဂ္ဂဇင်းဖြစ်တဲ့ Closser မဂ္ဂဇင်းကို တရားစွဲဆိုထားရာမှာ ပြင်သစ် တရားရုံး တခုက မနေ့က စီရင်ချက် ချမှတ်လိုက်ပါတယ်။
တရားရုံးက ဒီလို အမိန့်ချလိုက်တဲ့အချိန်မှာ သူတို့ဟာ တောင်ပစ္စိဖိတ်မှာရှိတဲ့ ဝေးလံတဲ့နေရာ တခုကို ရောက်နေကြ တာပါ။


အဲဒီဒေသထုံးစံလို ၀တ်ဆင်နေကြပြီး ပန်းသရဖူတွေဆောင်းနေပြီး ကခုန်နေချိန်မှာပဲ အခုလို တရားရုံး အမိန့် ချမှတ်မှုနဲ့ တိုက်ဆိုင်နေတာလည်းဖြစ်ပါတယ်။ Closer မဂ္ဂဇင်းအနေနဲ့ ယူရိုငွေ ၂၀၀၀ ပေးဆောင်ရန် ဒဏ်ငွေရိုက်ခဲ့ပါတယ်။

ဓာတ်ပုံ- The Sun
မူရင်းဓာတ်ပုံဖိုင်တွေ ၂၄ နာရီအတွင်း အပ်နှံဖို့လည်း တရားရုံးက အမိန့်ချပါတယ်။ အပ်ဖို့ နောက်ကျရင်တော့ တရက်ကို ဒဏ်ကြေး ယူရို တသောင်း ဆောင်ရမှာ ဖြစ်ပါတယ်။

From- ဧရာဝတီ

No comments:

Post a Comment