Wednesday, September 19, 2012

မြို့ရွာနှင့် အိုးအိမ်ဦးစီးဌာနအား ကော်ပိုရေးရှင်းအဖြစ် ပြောင်းမည်

မြို့ရွာနှင့်အိုးအိမ် ဖွံ့ဖြိုးရေး ဦးစီးဌာနအား အမျိုးသားအိမ် ရာ ကော်ပိုရေးရှင်းအဖြစ် ပြင်ဆင်ဖွဲ့ စည်းသွားမည်ဟု သိရသည်။ဝင်ငွေနည်းမိသားစုများ အိမ် ရာပိုင်ဆိုင်ခွင့်ရရှိစေရေးနှင့် အဆင့် အတန်းမြင့်မားသည့် ဖွံ့ဖြိုးတိုး တက်သော အိမ်ရာများဖော်ထုတ် တည်ဆောက်နိုင်ရေး၊ အိမ်ရာ ဘဏ္ဍာငွေစီမံခန့်ခွဲမှုစနစ်တစ်ခု ဖြစ်ပေါ် လာရေးအတွက် ရှေးရှု၍ နိုင်ငံတော်မူဝါဒများအတိုင်း ပြန် လည်ဖွဲ့စည်းသွားခြင်းဖြစ်ကြောင်း သိရှိရသည်။

ပြင်ဆင်ဖွဲ့စည်းဆောင်ရွက် ရာတွင် ဝန်ကြီးဌာနများ၊ တိုင်း ဒေသကြီးနှင့် ပြည်နယ်အစိုးရ အဖွဲ့များ၊ ပုဂ္ဂလိက လုပ်ငန်းရှင် များပူးပေါင်းပါဝင် အကောင်အ ထည်ဖော် ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်လွင်မှ ပြောသည်။
ဆောက်လုပ်ရေးဝန်ကြီး ဌာန လက်အောက်တွင်ရှိ မြို့ရွာနှင့်အိုး အိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနအနေဖြင့် မြို့ရွာဖွံ့ဖြိုး တိုးတက်မှုနှင့် ရင်းနှီး မြှုပ်နှံမှုစီမံကိန်းများ၊ မြေအသုံးချ စီမံခန့်ခွဲရေး အစရှိသည်တို့ အား ဆောင်ရွက် လျက်ရှိကြောင်းသိရ သည်။
အိမ်ရာဆောက်လုပ်ရေး ကဏ္ဍ၌လည်း အရည်အသွေးမြင့် မား၍ တာရှည်ခိုင်ခံ့စေရန်သာမက သဘာဝဘေး အန္တရာယ်အမျိုးမျိုး ဒဏ်မှ လျော့ပါးစေရေးအတွက်ကို ပါ အရည်အသွေးစစ်ဆေးကြပ် မတ် ဆောင်ရွက်ခြင်းအား အရေးကြီး သည့်လုပ်ငန်းစဉ်အဖြစ် ဆောင် ရွက်သွားရန် လိုအပ်ကြောင်း ပြည် ထောင်စုဝန်ကြီးက ဆွေးနွေးပြော ကြားခဲ့သည်။

From- Popular Myanmar News Journal

No comments:

Post a Comment