မန္တလေးအိုးဘိုအကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာသူ နိင်ငံရေး အကျဉ်းသားများ စာနယ်ဇင်းရှင်းပွဲကို စက်တင်ဘာ၁၈ရက် ညနေက မန္တလေး လမ်းရ၈၊၃၀နှင့်၃၁လမ်းကြား မင်းသီဟ ဆိုင်တွင်ပြုလုပ်သည်။
အဆိုပါအခမ်းအနားတွင် လွတ်မြောက်လာသော သံယာတော်၁၁ပါးကို နိင်/ကျဉ်းအဖွဲ့က အလှူငွေများပေးအပ်ခဲ့ကြောင်းသိရသည်။ နိင်ငံတော်သမ္မတလွတ်ငြိမ်း ခွင့်ကြောင့် မြန်မာတစ်နိုင်ငံလုံး ရှိ အကျဉ်းထောင်အသီးသီးမှ အကျဉ်းသား၅၁၄ဦးအား စက်တင်ဘာ၁၇ရက် ညပိုင်းမှ
စ၍်လွှတ်ပေးခဲ့ရာ မန္တလေးအိုးဘိုအကျဉ်းထောင်မှ
ပြန်လည် လွတ်မြောက်လာသူ၄၇ဦးအနက် ထောင်ဒဏ်နှစ်ရှည်ကျခံခဲ့သော သံယာတော် ၂၂ ပါး
ပါဝင်ကြောင်းသိရသည်။
တစ်နိင်ငံလုံးတွင် နိင်ငံရေးအကျဉ်းသား၃၅၀ကျော်ရှိနေပြီးလက်ရှိတွင်၂၅၀ကျော်လွတ်မြောက်ရန် ကျန် ရှိနေသေးကြောင်း နိင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့မှ ကိုတိုးကျော်လှိုင်ကပြောသည်။
တစ်နိင်ငံလုံးတွင် နိင်ငံရေးအကျဉ်းသား၃၅၀ကျော်ရှိနေပြီးလက်ရှိတွင်၂၅၀ကျော်လွတ်မြောက်ရန် ကျန် ရှိနေသေးကြောင်း နိင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့မှ ကိုတိုးကျော်လှိုင်ကပြောသည်။
From- Popular Myanmar News Journal
No comments:
Post a Comment