Wednesday, September 19, 2012

မြန်မာ့ ဒီမိုကေ ရစီ ပြုပြင်ြေ ပာင်းလဲေ ရး ပထမအဆင့်သာ ရှိသေး ဟု ဒေါ် အောင်ဆန်း စုကြည်ဆို


မြန်မာ့ဒီမိုကရေစီအသွင်ကူးပြောင်းရေးမှာ အခက်အခဲများစွာ ကျန်နေသေးပြီး လက်ရှိ အပြောင်းအလဲ အောင်မြင်မှုဟာ ပထမ အဆင့်လောက်သာ ကျော်ဖြတ်နိုင်သေးတာဖြစ်ကြောင်း မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က မနေ့က ပြောလိုက်ပါတယ်။

အမေရိကန်နိုင်ငံ ၀ါရှင်တန်ဒီစီမြို့ နိုင်ငံတကာ ငြိမ်းချမ်းရေး စင်တာ USIP မှာ ကျင်းပတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Hillary Clinton အပါအ၀င် တက်ရောက်လာကြတဲ့ ဧည့်သည်တွေကို အမေရိကန် - မြန်မာ နှစ်နိုင်ငံ ဆက်ဆံရေး ခေါင်းစဉ်နဲ့ မိန့်ခွန်းပြောကြားရာမှာ ထည့်သွင်းပြောခဲ့တာပါ။
တစ်ချိန်တည်းမှာလည်း အမေရိကန်အစိုးရက မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့အရေးယူမှုတွေဟာ မြန်မာနိုင်ငံ အပြောင်းအလဲ အတွက် အထောက်အကူ ဖြစ်ခဲ့ကြောင်း၊ နောက်ပိုင်း အမေရိကန်အစိုးရက ပိတ်ဆို့အရေးယူမှုတွေ တဖြည်းဖြည်းချင်း လျော့ချပေးလာတာကိုလည်း မိမိအနေနဲ့ ထောက်ခံကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်ကပြောပါတယ်။

ဒါ့အပြင် အမေရိကန် နဲ့ မြန်မာနှစ်နိုင်ငံ ဆက်ဆံရေး တိုးမြှင့်ကောင်းမွန် လာတာဟာ အိမ်နီးခြင်း အင်အားကြီး တရုတ်နိုင်ငံကို ခြိမ်းခြောက်မှု မဟုတ်ကြောင်းလည်း ပြောခဲ့ပါတယ်။

မြန်မာနိုင်ငံဟာ တရုတ်နဲ့ အိန္ဒိယ အင်အားကြီးနိုင်ငံ ၂ ခုအကြားမှာ ရှိနေတဲ့ နိုင်ငံဖြစ်သလို အရှေ့အာရှ နဲ့ အရှေ့တောင်အာရှ နိုင်ငံတွေနဲ့ လည်း နယ်စပ်ခြင်း ထိစပ်နေတဲ့ မတူထူးခြားတဲ့ နိုင်ငံဖြစ်တာကြောင့် ပထ၀ီနိုင်ငံရေးအရ အရေးကြီးတဲ့နိုင်ငံဖြစ်ကြောင်း၊ အမေရိကန် နဲ့ ဆက်ဆံရေး ကောင်းမွန်အောင် တည်ဆောက်ဖို့ လိုအပ်သလို အိမ်နီးခြင်း တရုပ်နိုင်ငံနဲ့လည်း အလားတူ ဆက်ဆံရေးရေးမျိုး ရှိဖို့ လိုအပ်ကြောင်းပြောခဲ့ပါတယ်။

အနာဂတ် အမေရိကန်နဲ့ မြန်မာဆက်ဆံရေးမှာ မြန်မာနိုင်ငံအတွက် အရေးတကြီး လိုအပ်နေတဲ့ ပညာရေး ကျမ္မာရေး နဲ့ လူသားချင်း စာနာမှုဆိုင်ရာ အကူအညီတွေ အရေးကြီးပုံကိုလည်း တက်ရောက်လာတဲ့ အမေရိကန်နိုင်ငံရေး အသိုင်းအ၀ိုင်းက အထင်ကရ ပုဂ္ဂိုလ်တွေကို
ပြောခဲ့ပါတယ်။
 
From: RFA

No comments:

Post a Comment