ရော်နယ်လ်ဒိုက "ကျွန်တော် ခုလိုမျိုး အရေးကြီးတဲ့ အဖွဲ့ဝင်လေး တစ်ယောက်ကို မိတ်ဆက်ပေးရတာ ဂုဏ်ယူပါတယ်"ဟု ရယ်ရယ်မောမော ဆိုသည်။ ၎င်းက "ဒီလာဘ်ကောင် အရုပ်လေးဟာ လာမယ့် (၂)နှစ်မှာ ပြုလုပ်မယ့် ကမ္ဘာ့ဖလား ပြိုင်ပွဲအတွက် အရေးပါတဲ့ သံတမန်လေး ဖြစ်လာမှာပါ။ ကျွန်တော် သေချာပေါက် ပြောနိုင်တာက ဒီအရုပ်လေးကို လူငယ် ဘောလုံး ပရိသတ်လေးတွေက ချစ်ကြ ပါလိမ့်မယ်။ ဘရာဇီးလ်အပြင် တစ်ကမ္ဘာလုံးက ပရိတ်တွေ အားလုံး ဆိုပါတော့"ဟု ဆက်လက် ပြောဆိုသွားသည်။
သင်းခွေချပ် သတ္တဝါများသည် ဘရာဇီးလ်တွင် ရှင်သန်ကျက်စားလေ့ ရှိကြပြီး ယခုအခါ မျိုးသုဉ်းလုနီးနီး အန္တရာယ်နှင့် ရင်ဆိုင်နေရသည်။ ၎င်းတို့သည် ပတ်ဝန်းကျင်တွင် ခြိမ်းခြောက်နိုင်သည့် အခြေအနေမျိုး ပေါ်လာပါက ဘောလုံးကဲ့သို့ လုံးဝန်းအောင် ခန္ဓာကိုယ်ကို တွန့်ခေါက်စုစည်းလေ့ ရှိတတ်ကြောင်း သိရှိရသည်။
No comments:
Post a Comment