Wednesday, September 19, 2012

ဗန်ပါစီက ဒုက္ခပြန်ပေးလာနိုင်ကြောင်း အာစင်ဝင်းဂါး ဝန်ခံ

အာဆင်နယ် အသင်း မန်နေဂျာ အာစင်ဝင်းဂါးက ၎င်းတို့၏ အသင်းခေါင်းဆောင်ဟောင်း ရော်ဘင် ဗန်ပါစီ မန်ချက်စတာ ယူနိုက်တက် အသင်းသို့ ပြောင်းရွှေ့သွားပြီးနောက် မိမိတို့ကို ဒုက္ခပြန်ပေးလာနိုင်ကြောင်း ဝန်ခံခဲ့သည်။ ၎င်းသည် ဗန်ပါစီ၏ ခြိမ်းခြောက်မှု မြင့်မားသော တိုက်စစ်စွမ်းရည်ကို ပြန်လည် ရင်မဆိုင်လိုသဖြင့် အင်္ဂလန်ပြင်ပ ကလပ်တစ်ခုသို့ ရောင်းချရန် ကြိုးစားခဲ့ကြောင်းလည်း ဆိုသည်။
သို့သော်လည်း အသက်(၂၉)နှစ်ရှိ နယ်သာလန် လက်ရွေးစင် တိုက်စစ်မှူးသည် အမ်းမရိတ်စ်ကို စွန့်ခွာပြီးနောက်တွင် အိုးလ်ထရက်ဖို့ဒ်၌ ၎င်း၏ ကစားသမားဘဝကို ဆက်လက် လျှောက်လှမ်းရ န် ရွေးချယ် ခဲ့သည်။ ဗန်ပါစီသည် မန်ယူတွင် ပွဲဦးထွက် (၄)ပွဲတွင် (၄)ဂိုး သွင်းယူပေးထားပြီး တောက် ပသော ခြေစွမ်းကို ပြသလျှက် ရှိနေသည်။



ဝင်းဂါးက "ကျွန်တော် ဗန်ပါစီကို ပြည်ပကလပ် တစ်ခုခုဆီ ပြောင်းပါစေလို့ မျှော်လင့်ခဲ့တာပါ။ ဒါမှ သူဟာ ကျွန်တော်တို့အတွက် ခြောက်လှန့်မှု ပြန်ဖြစ်မလာမှာလေ။ ဒါကို ကျွန်တော်တို့ လက်ခံလိုက်ရပြီ။ ဘဝမှာ ဒီလို အစိတ်အပိုင်းတွေ ရှိတတ်ပါတယ်။ သူ့ကို တခြားအသင်း ဂျာစီနဲ့ နီးနီးကပ်ကပ် မြင်တွေ့နေရတာ နာကျင်လွန်းပါတယ်"ဟု ဆိုသည်။ ပြင်သစ်သား မန်နေဂျာကြီးက "ဗန်ပါစီဟာ လှုပ်ရှားမှုတိုင်း၊ ချဉ်းကပ်မှုတိုင်းကို ခြောက်ပြစ်ကင်းအောင် ကြိုးစားတတ်တဲ့ သူပါ။ ပရော်ဖက်ရှင်နယ် ပီသလွန်းပြီး ည(၁၀)နာရီလောက် ဖုန်းခေါ်လိုက်တိုင်း အိမ်မှာ ရှိနေတတ်ပါတယ်။ ဗန်ပါစီကို နိုက်ကလပ်မှာ ဘယ်တော့မှ မမြင်ရဘူး။ သူဟာ ဘောလုံးပွဲ တစ်ပွဲ ကြည့်ချင် ကြည့်နေမယ်။ နောက်ပွဲအတွက် လိုအပ်တဲ့ နည်းစနစ် ဗီဒီယို ကြည့်ချင် ကြည့်နေမယ်။ ဒါမျိုးနဲ့ပဲ သူအချိန်ကုန်တာပါ"ဟုလည်း ဆက်လက် ပြောကြားသွားသည်။ 
From- Planet

No comments:

Post a Comment