ရခိုင်အရေးကိစ္စအပေါ် အမေရိကန်အပါအ၀င်
အနောက်မီဒီယာများက လွဲမှားစွာ ဖော်ပြတင်
ဆက်နေကြမှုများနှင့်ပတ်သက်၍ အမေရိကန်
ခရီးစဉ်အတွင်း အမှန်တရားကို ရှင်းလင်းသွား
မည်ဖြစ်ကြောင်း စက်တင်ဘာ ၁၉ ရက်က အမေရိကန်
နိုင်ငံသို့ ထွက်ခွာသွားသည့် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးအေးသာအောင်က ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ပြောကြားခဲ့သည်။"အကြောင်းရင်း အမှန်ကို ပြောရမယ်။ နိုင်ငံတကာ ခေါင်းဆောင်တွေကို အမှန်အတိုင်း
ပြောပြဖို့တာဝန်ရှိတယ်'' ဟုဦးအေးသာအောင်က ပြောခဲ့သည်။ရခိုင်ပြည်နယ်တွင် ဖြစ်ပျက်ခဲ့သည့် ပြသနာများဖြစ်သော ကျောက်နီမော်အရေး၊ တောင်ကုတ်
အရေးတို့အပြင်နောက်ကွယ်တွင်ရှိသည့် ပြသနာများကိုလည်း ရှင်းလင်းမည်ဟု၎င်းကဆိုသည်။
ရခိုင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးအေးသာအောင်သည် Buddhist Mission Institute ၏ ဖိတ်ကြားချက်ဖြင့်အမေရိကန်နိုင်ငံသို့ စက်တင်ဘာ ၁၉ ရက်မှ စတင်ကာ နှစ်ပတ်ခန့်အကြာ သွားရောက်မည်ဖြစ်ပြီးဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရန်လည်း စီစဉ်ထားကြောင်း သိရသည်။
From- 7 Day News

No comments:
Post a Comment