Wednesday, September 19, 2012

ဝန်ကြီး ဦးအောင်မင်း နှင့် ဝါရှင်တန် ဒီစီ မြန်မာမိသားစုများ တွေ့ ဆုံဆွေးနွေး

ဒီကနေ့  စက်တင်ဘာလ ၁၈ ရက်နေ့ ည ၈ နာရီ ခွဲ မှာ နိုင်ငံတော် သမ္မတရုံး ၀န်ကြီး ဦးအောင်မင်း နဲ့ အဖွဲ့ က ၀ါရှင်တန်ဒီစီ ရှိ မြန်မာမိသားစု များနဲ့ တွေ့ ဆုံခဲ့ပါတယ်။

ဝန်ကြီး ဟာ မြန်မာမိသားစုများနဲ့ တွေ့ ဆုံရာမှာ လက်ရှိ နိုင်ငံရေး ၊ စီးပွါးရေး နဲ့ လူမှုရေး စတဲ့ အကြောင်း အရာတွေ ကို ပွင့်ပွင့်လင်း လင်းေ ဆွးနွေးပြော ဆိုခဲ့ပြီး မြန်မာမိသားစုတွေရဲ့ မေးခွန်း တွေကိုလည်း စိတ်ရှည်လက်ရှည် ဖြေကြား သွားတာ တွေ့ ရ ပါတယ်။
မြန်မာမိသားစုတွေ အဓိကထားမေးမြန်းခဲ့ကြတာ ကတော့ နာမည်မဲ (Black List ) ကိစ္စ၊ နိုင်ငံသားကိစ္စ ၊ ရိုဟင်ဂျာ ကိစ္စ နဲ့ ကချင်တိုက်ပွဲ ကိစ္စတွေကို မေးခဲ့တာတွေ့ ရပါတယ်။

ဝန်ကြီး ဦးအောင်မင်း ကလည်း မေးသမျှ မေးခွန်းတွေကို စိတ်ရှည်လက်ရှည်ဖြေကြားပေးခဲ့ပါတယ်။ နာမည်မဲ ကိစ္စနဲ့ ပါတ်သတ်လို့ ဖြေကြားရာမှာ သူတို့ ဆီကို စရင်းပို့ လာပါက နာမည်မဲ စရင်းက အမြန်ဆုံး ပယ်ဖျက်ပေးမယ် လို့ ဆိုပါတယ်။

ပြည်ပရောက်နေတဲ့ မြန်မာတွေ မြန်မာနိုင်ငံပြန်လားရင် ၅ နှစ်နေထိုင်ခွင့်ကို ဥပဒေပြဒါန်းနိုင်ဖို့ စတင်လုပ်ေ ဆာင်ေ နပြီ ဖြစ်ကြောင်းလည်း  ပြောပါတယ်။

ရိုဟင်ဂျာကိစ္စမှာတော့ ဥပဒေချိုးဖောက်သူကို ဥပဒေအတိုင်း အရေးယူ ဆောင်ရွက်သွား မယ်လို့ ပြောပါတယ်။

တိုင်းရင်းသားတွေနဲ့ ငြိမ်းချမ်းရေး ကိစ္စကိုတော့ ၂၀၁၅ ခုနှစ် မတိုင်မီ အပြီးသတ် ဆောင်ရွက်နိုင်လိမ့်မယ် လို့ ယုံကြည် ထားကြောင်း ၀ါရှင်တန် ဒီစီ မြန်မာမိသားစုများကို ၀န်ကြီး ဦးအောင်မင်း က ရှင်းလင်းပြောဆိုသွားပါတယ်။

From- RFA


No comments:

Post a Comment