Wednesday, September 19, 2012

ပန်းသီးလုစားရာမှ လူသတ်မှုဖြစ်












ရန်ကုန် တစ်ဖက်ကမ်း ဆိပ်ကြီးခနောင်တို မြို့နယ်၊ ဆမားဒူးဝါး ရပ်ကွက်တွင်စိတ်မနှံ့သူ အသက် ၅၄ နှစ်အရွယ် 
အမျိုးသားတစ်ဦးက စက်တင်ဘာလ ၁၇ ရက်နေ့တွင်အသက်၃၉ နှစ်အရွယ် အမျိုးသားတစ်ဦးစားနေသော ပန်းသီးကို လုစား ရာမှ လူသတ်မှု ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။


အဆိုပါသေဆုံးသူမှာ ဦးလှစိုးဖြစ်ပြီး ၊ ကျပန်း လုပ်ကိုင်သူ ဦးသန်းစိုးက ပန်းသီးစားနေစဉ် ဦးလှစိုးက လုစားသောကြောင့် ပန်းသီးလှီးသောဓားဖြင့် ထိုးသတ်ခဲ့ရာ ဘယ်နံရိုးထိုးသွင်းဒဏ်ရာ ၁ချက်၊ ညာဘက် ရင်ဘတ် ပေါက်ပြဲ ဒါဏ်ရာ တစ်ချက်ဖြင့် သေဆုံးသွားကြောင်း ဆိတ်ကြီးခနောင်တိုရဲစခန်း၏ အတည်ပြုပြောကြားချက်အရ သိရသည်

The Voice Weekly 

No comments:

Post a Comment