Wednesday, September 12, 2012

ယူအက်စ် အိုးပင်း ချန်ပီယံ ဆုဖလား ဗြိတိန်မှ မာရေး ဆွတ်ခူးရရှိ



ဗြိတိန် တင်းနစ် အကျော် အမော် အင်ဒီမာရေးသည် စက်တင်ဘာ ၉ ရက်က ကျင်းပသော ယူအက်စ် အိုးပင်း ဗိုလ်လု ပွဲတွင် နိုဗက် ဂျိုကို ဗစ်အား အနိုင် ရရှိပြီး ချန်ပီယံဆု ဖလားကို ဆွတ်ခူး ရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ ချန်ပီယံဆု ဖလားသည် ၁၉၃၆ ခုနှစ် နောက်ပိုင်း မှစ၍ ဗြိတိန် နိုင်ငံ အတွက် ပထမဆုံး ဂရင်းစလန်း ချန်ပီယံဆု ဖလားလည်း ဖြစ်သည်။

မာရေးသည် ၎င်းပွဲစဉ်၌ ဂျိုကိုဗစ်အား (၇-၆)၊ (၁၂/၁ဝ)၊ (၇-၅)၊ (၂-၆)၊ (၃-၆)၊ (၆-၂) ဖြင့် အနိုင်ရရှိခဲ့ ခြင်းဖြစ်သည်။

အသက် ၂၅ နှစ်ရှိ မာရေးသည် ချန်ပီယံဆု ဖလားနှင့် အတူ ဆုကြေးငွေ အမေရိကန် ဒေါ်လာ ၁ ဒသမ ၉ သန်းကို လည်းရ ရှိခဲ့သည်။ မာရေးသည် ပြီးခဲ့သော လက ကျင်းပ ခဲ့သည့် လန်ဒန် အိုလံပစ် ပြိုင်ပွဲ တွင်လည်း ရော်ဂျာ ဖက်ဒါးရားကို အနိုင် ရရှိပြီး ချန်ပီယံဖလား ဆွတ်ခူး ရယူထားသူ ဖြစ်ကြောင်း သိရသည်။


No comments:

Post a Comment