Wednesday, September 12, 2012

မိုးကောင်းမြို့နယ်မှာ သံလမ်းကို မိုင်းထောင်တဲ့ KIA နဲ့ စစ်တပ်အကြား တိုက်ပွဲဖြစ်





 မိုးကောင်းမြို့နယ်အတွင်းမှာရှိတဲ့ မြန်မာစစ်တပ် တပ်ရင်း (၃၈၈) နဲ့ KIA တပ်ဖွဲ့ဝင်တွေ (၅) မိုင်ရွာသစ် ရွာအနီးမှာ စက်တင်ဘာ(၁) ရက်နေ့က တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ KIA အဖွဲ့တွေ ဟာ (၅) မိုင် ရွာသစ် ရွာအနီးမှာရှိတဲ့ ရထားသံလမ်ကို မိုင်းခွဲဖို့ ကြိုးပမ်းနေစဉ်မှာပဲ မြန်မာစစ်တပ် နဲ့ တွေ့ပြီး တိုက်ပွဲဖြစ်ပွား ခဲ့ခြင်း ဖြစ်တယ်လို့ ဒေသခံများမှ ပြောပါတယ်။
 

KIA အဖွဲ့များအား မိုးညှင်းမြို့နယ်အတွင်း ရထားသံလမ်းတွေကို ဖျက်ဆီးလို့ပြီးတော့ ယခု မိုးကောင်း မြို့နယ်အတွင်းမှာရှိတဲ့ ရထားသံလမ်းတွေကို ဖျက်ဆီးဖို့ ကြိုးစားနေပြန်ပါပြီ။ ၎င်းတို့အဖွဲ့ကို တားဆီးဖို့အတွက် ဆိုရင် ဗမာစစ်တပ်တွေသာမကဘဲ ဌာနဆိုင်ရာ ၀န်ထမ်းတွေနဲ့ ပြည်သူလူထု တစ်ရပ် လုံးပါဝင် ကူညီ ဆောင်ရွက်သွားကြဖို့ လိုအပ်လိမ့်မယ်လို့ မိုးကောင်းမြို့ရှိ သူဌေးကုန်းရပ်ကွက်မှ ဒေသခံ တစ်ဦးက ပြောကြားခဲ့ပါတယ်။
 
ဒါ့အပြင် ယခုရက်ပိုင်းအတွင်း ဖားကန့်မြို့နယ်အတွင်းမှာလည်း  မြန်မာစစ်တပ်တွေနဲ့ ကေအိုင်အေ အဖွဲ့တို့ မကြာခဏ တိုက်ပွဲတွေဖြစ်ပွားနေတဲ့အပြင် ယခုလို မိုင်းထောင်မှုတွေကြောင့် ရထားလမ်းများတွင် သာမက  မိုးကောင်း-လုံးခင်း-ဖားကန့်သွား ကားလမ်းကြောင်းပေါ်မှာ ပြေးဆွဲလျက်ရှိတဲ့ လိုင်းကားတွေ ပြေး ဆွဲမှု လျော့နည်းလာတဲ့အတွက် ဒေသခံတွေအနေနဲ့ ခရီးသွားလာရတာ အဆင်ပြေမှုမရှိဘူးလို့ သိရ ပါတယ်။
 
ဒေသခံတွေအနေနဲ့ ငြိမ်းချမ်းရေးကို မျှော်လင့်နေပေမယ့် KIO ခေါင်းဆောင်ပိုင်းတွေကတော့ ယခု အချိန်အထိ ရေရာသေချာသော အခြေအနေ ၊တိကျသောဆုံးဖြတ်ချက်များ ချမှတ်နိုင်ခြင်းမရှိတဲ့ အတွက် ပြည်နယ်ငြိမ်းချမ်းရေးမှာေ၀၀ါးနေဆဲဘဲ ဖြစ်တယ်လို့ ပြောဆိုနေကြပါတယ်။
 
စစ်ဘေးစစ်ဒဏ်ကို အလူးအလဲခဲစားနေရတဲ့ အပြစ်မဲ့ပြည်သူတွေ အများအပြား ဒုက္ခရောက်နေ ရတာ ကို KIO ခေါင်းဆောင်ပိုင်းတွေက ထည့်သွင်းစဉ်းစားပေးကာ ငြိမ်းချမ်းရေးအား အမြန်ရ ရှိအောင် နေ့စဉ်နဲ့ အမျှ ဆုတောင်းနေရတယ်လို့ ဒေသခံများမှ ပြောသည်။

Source: KachinNews

No comments:

Post a Comment