Wednesday, September 12, 2012

လုပ်သက် ၁၅ နှစ် တစ်ဆက်တည်းရှိ မူလတန်းပြများအား အလိုအလျောက် ရာထူးတိုးပေးမည်

မူလတန်းပြ ဆရာအဖြစ် လုပ်သက်တစ်ဆက်တည်း ၁၅ နှစ်လုပ်ကိုင်လာပါက လျှောက်လွှာတင်စရာမလိုဘဲ အလယ်တန်းပြ ရာထူးနှင့် လစာခံစားရမည့်စနစ်ကို ပညာရေး ဝန်ကြီးဌာနက စတင်အကောင်အထည် ဖော်သွားမည်ဟု ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက ပြောသည်။
”မူလတန်းပြ ဆရာ၊ ဆရာမတွေရဲ့ စားဝတ်နေရေးနဲ့ ဂုဏ်သိက္ခာအတွက် အခုလို စီစဉ်ပေးရတာပါ။ လုပ်သက် ၁၅ နှစ် ဆိုတာကလည်း ဖြစ်သင့်တဲ့ကိစ္စပါ” ဟု ဒုတိယ ဝန်ကြီးက ပြောသည်။
လက်ရှိ ပညာရေးဝန်ကြီးဌာန စာရင်းများအရ အခြေခံပညာ ဆရာ၊ ဆရာမ သုံးသိန်းရှိနေရာ ထိုထဲမှ သတ်မှတ်မူလတန်းပြ ဆရာ၊ ဆရာမတို့မှာ အထက်ပါအတိုင်း ဖောင် မလို၊ လျှောက်လွှာမလို၊ တင်ပြစရာမလိုဘဲ လုပ်သက် ၁၅ နှစ်ပြည့်ပြီးပါက အကျိုးခံစားခွင့် ရမည်ဟု သိရှိရသည်။
ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက မူလတန်းပြတို့ အနေဖြင့် လုပ်သက်တစ်ဆက်တည်း ၁၅ နှစ်အပြင် အခြားသော တတ်ကျွမ်း မှုဆိုင်ရာ အရည်အချင်း၊ အရည် အသွေးများ အရလည်း လုပ်သက်ကို မကြည့်ဘဲ ရာထူးနှင့်လစာ တိုးမြှင့်ခံစားရသည့် သီးခြား အစီအစဉ်တို့လည်း ပါဝင်မည်ဟု  သိရ သည်။
အရှေ့တောင်အာရှ နိုင်ငံတို့တွင် ဆရာ၊ ဆရာမတို့အပေါ် နိုင်ငံတော်က ချီးမြှင့်နေသည့် လစာငွေထက် မြန်မာက ၇ဆ၊ ၆ ဆခန့် နည်းနေသေးသည်ဟု ပညာရေး ကျွမ်း ကျင်သူတစ်ဦးကပြောသည်။
ပညာရေးဝန်ကြီးဌာန အနေဖြင့် အခြေခံပညာအဆင့် ဝန်ထမ်းတို့ကို ရာထူးနှင့် လုပ်ခလစာ အဆင့်များ တိုးမြှင့်မှုအား သြဂုတ်လမှစကာ လုပ်ဆောင်နေရာ ယခု နှစ် အတွင်း အကောင်အထည် ဖော်သွားမည်ဟု သိရှိရသည်။

No comments:

Post a Comment