Wednesday, September 12, 2012

Hosting ကုမ္ပဏီ GoDaddy အား Anonymous hacker အုပ်စု တိုက်ခိုက်ဟုဆို


Hosting ကုမ္ပဏီ GoDaddy အား Anonymous hacker အုပ်စု တိုက်ခိုက်ဟုဆိုလူသိများထင်ရှားသော ဝက်ဘ်ဆိုက် Hosting ကုမ္ပဏီတစ်ခုဖြစ်သည့် GoDaddy အား hack လုပ် တိုက်ခိုက်ခဲ့ကြောင်း Anonymous က ထုတ်ပြန်ပြောကြားခဲ့သော်လည်း GoDaddy က ငြင်းဆိုခဲ့သည်။
လူသိများထင်ရှားသော ဝက်ဘ်ဆိုက် Hosting ကုမ္ပဏီတစ်ခုဖြစ်သည့် GoDaddy အား hack လုပ် တိုက်ခိုက်ခဲ့ကြောင်း Anonymous က ထုတ်ပြန်ပြောကြားခဲ့သော်လည်း GoDaddy က ငြင်းဆိုခဲ့သည်။ Anonymous hackers အုပ်စုက အဆိုပါ Hosting ကုမ္ပဏီ၏ ဆာဗာများကို မိမိတို့ hack လုပ် တိုက်ခိုက်ခဲ့ကြောင်း ပြောကြားထားသော်လည်း ကုမ္ပဏီက ယခုချွတ်ယွင်းမှုသည် နည်းပညာပိုင်း ပြဿနာသာဖြစ်ကြောင်း ငြင်းဆိုခဲ့ခြင်း ဖြစ်သည်။


go daddy

ကုမ္ပဏီ၏ အမှုဆောင်ချုပ် စကော့ဝက်ဂ်နာက ကမ္ဘာပေါ်ရှိ ဝက်ဘ်ဆိုက် သန်းနှင့်ချီပြီး ထိခိုက်ခဲ့သော ကိစ္စသည် Anonymous ကြောင့် မဟုတ်ဟု သတင်းထောက်များအား ပြောဆိုခဲ့သည်။ Anonymous အုပ်စုက GoDaddy အနေဖြင့် ၎င်းတို့၏ တိုက်ခိုက်ခြင်း ခံရမှုကို ငြင်းဆိုနေကြောင်း၊ လုံခြုံရေးပိုင်း ညံ့ဖျင်းမှုကို အသိမခံလို၍ဖြစ်ကြောင်း Twitter စာမျက်နှာတွင် ယနေ့ ရေးသားထားသည်။

anonymous

လက်ရှိအချိန်တွင် GoDaddy ၏ ဆာဗာတွင် Hosting ပြုလုပ်ထားသော ဝက်ဘ်ဆိုက်များကို ဝင်ရောက်ကြည့်ရှု၍ မရကြောင်း သိရသည်။ GoDaddyသည် Domain Nameပေါင်း (၅၃)သန်းကျော်ကို စီမံထိန်းချုပ်ထားပြီး ၎င်းထံတွင် Hosting ပြုလုပ်ထားသော ဝက်ဘ်ဆိုက် (၅)သန်းကျော်ရှိသည်။

source: planet

No comments:

Post a Comment