Thursday, March 14, 2013

မတ်လ ကမ္ဘာ့အဆင့်သတ်မှတ်ချက်တွင် မြန်မာ(၉)ဆင့် တက်လာ

မတ်လ ကမ္ဘာ့အဆင့်သတ်မှတ်ချက်တွင် မြန်မာ(၉)ဆင့် တက်လာ

မြန်မာ့လက်ရွေးစင်(အမျိုးသား)အသင်းသည် မတ်လ ဖီဖာကမ္ဘာ့အဆင့်သတ်မှတ်ချက်တွင် အဆင့်(၉)ဆင့်တက်လာကြောင်း ဖီဖာ၏ ယနေ့ထုတ်ပြန်သည့် ကမ္ဘာ့အဆင့်သတ်မှတ်ချက်တွင် တွေ့ရှိရသည်။ မြန်မာအသင်းသည် ပြီးခဲ့သည့် ဖေဖော်ဝါရီလ အဆင့်သတ်မှတ်ချက်တွင် အဆင့်(၁၆၄)ရှိခဲ့ပြီး ယနေ့ထုတ်ပြန်ချက်အရ အဆင့်(၁၅၅)သို့ရောက်ရှိလာသည်။

မတ်လရပ်တည်မှုအရ အာဆီယံဒေသတွင် မြန်မာအသင်းသည် အဆင့်(၄)နေရာ ရောက်ရှိနေပြီး ဗီယက်နမ်က အမှတ်အများဆုံး ဖြင့် ဦးဆောင်နေဆဲဖြစ်သည်။ ပြီးခဲ့သည့်ရက်ပိုင်းက မြန်မာအသင်းသည် ချဲလင့်ဖလားခြေစစ်ပွဲတွင် ဂူအမ်နှင့်အိန္ဒိယကို အနိုင်ရခဲ့ပြီး တရုတ်(တိုင်ပေ)နှင့် ဂိုးမရှိသရေကျခဲ့သည်။ ဖီဖာသည် အမျိုးသမီးလက်ရွေးစင်အသင်း၏ ရပ်တည်ချက်ကိုမူ ထုတ်ပြန်ကြေညာခြင်းမရှိသေးပေ။

မတ်လကမ္ဘာ့အဆင့်(၁)နေရာကို စပိန်က ရမှတ် (၁၆၁၀)ဖြင့်ဦးဆောင်နေပြီး အာရှအဆင့်(၁)နေရာကို ဂျပန်က ရမှတ်(၈၁၁)ဖြင့် ဦးဆောင်နေဆဲဖြစ်ကြောင်း တွေ့ရှိရသည်။

၁၂၉ ။ ဗီယက်နမ် (ရမှတ်-၂၃၉)
၁၃၅။ ထိုင်း (ရမှတ်-၂၂၀)
၁၄၅။ ဖိလစ်ပိုင် (ရမှတ်-၁၇၃)
၁၅၅။ မြန်မာ (ရမှတ်-၁၄၇)
၁၆၂။ စင်ကာပူ (ရမှတ်-၁၃၃)
၁၆၄။ မလေးရှား (ရမှတ်-၁၂၉)
၁၆၆။ အင်ဒိုနီးရှား (ရမှတ်-၁၂၁)
၁၆၈။ လာအို (ရမှတ်-၁၁၈)
၁၈၅။ ကမ္ဘောဒီယား (ရမှတ်-၅၈)
၁၈၆။ ဘရူနိုင်း (ရမှတ်-၅၂)
၁၈၆။ အရှေ့တီမော (ရမှတ်-၅၂)

Myanmar Football Federation
မြန်မာ့လက်ရွေးစင်(အမျိုးသား)အသင်းသည် မတ်လ ဖီဖာကမ္ဘာ့ အဆင့် သတ်မှတ်ချက်တွင်အဆင့်(၉)ဆင့်တက်လာကြောင်း ဖီဖာ၏ ယနေ့ထုတ်ပြန်သည့် ကမ္ဘာ့အဆင့်သတ်မှတ်ချက်တွင် တွေ့ ရှိရ သည်။ မြန်မာအသင်းသည် ပြီးခဲ့သည့် ဖေဖော်ဝါရီလ အဆင့် သတ်မှတ်ချက်တွင် အဆင့်(၁၆၄)ရှိခဲ့ပြီး ယနေ့ထုတ်ပြန်ချက်အရ အဆင့်(၁၅၅)သို့ရောက်ရှိလာသည်။

မတ်လရပ်တည်မှုအရ အာဆီယံဒေသတွင် မြန်မာအသင်းသည် အဆင့်(၄)နေရာ ရောက်ရှိနေပြီး ဗီယက်နမ်က အမှတ်အများဆုံး ဖြင့် ဦးဆောင်နေဆဲဖြစ်သည်။ ပြီးခဲ့သည့်ရက်ပိုင်းက မြန်မာအသင်းသည် ချဲလင့်ဖလားခြေစစ်ပွဲတွင် ဂူအမ်နှင့်အိန္ဒိယကို အနိုင်ရခဲ့ပြီး တရုတ်(တိုင်ပေ)နှင့် ဂိုးမရှိသရေကျခဲ့သည်။ ဖီဖာသည် အမျိုးသမီးလက်ရွေးစင်အသင်း၏ ရပ်တည်ချက်ကိုမူ ထုတ်ပြန်ကြေညာခြင်းမရှိသေးပေ။

မတ်လကမ္ဘာ့အဆင့်(၁)နေရာကို စပိန်က ရမှတ် (၁၆၁၀)ဖြင့်ဦးဆောင်နေပြီး အာရှအဆင့်(၁)နေရာကို ဂျပန်က ရမှတ်(၈၁၁)ဖြင့် ဦးဆောင်နေဆဲဖြစ်ကြောင်း တွေ့ရှိရသည်။

၁၂၉ ။ ဗီယက်နမ် (ရမှတ်-၂၃၉)
၁၃၅။ ထိုင်း (ရမှတ်-၂၂၀)
၁၄၅။ ဖိလစ်ပိုင် (ရမှတ်-၁၇၃)
၁၅၅။ မြန်မာ (ရမှတ်-၁၄၇)
၁၆၂။ စင်ကာပူ (ရမှတ်-၁၃၃)
၁၆၄။ မလေးရှား (ရမှတ်-၁၂၉)
၁၆၆။ အင်ဒိုနီးရှား (ရမှတ်-၁၂၁)
၁၆၈။ လာအို (ရမှတ်-၁၁၈)
၁၈၅။ ကမ္ဘောဒီယား (ရမှတ်-၅၈)
၁၈၆။ ဘရူနိုင်း (ရမှတ်-၅၂)
၁၈၆။ အရှေ့တီမော (ရမှတ်-၅၂)

Myanmar Football Federation

No comments:

Post a Comment