Thursday, March 14, 2013

အင်ဖော်မာတို့၏ လုပ်ရပ်ကြောင့် ရဲတပ်ဖွဲ့၏ဂုဏ်သိက္ခာကျဆင်းမယ်

အင်ဖော်မာတို့၏ လုပ်ရပ်ကြောင့် ရဲတပ်ဖွဲ့၏ဂုဏ်သိက္ခာကျဆင်းမယ်
Thursday, March 14, 2013

လွှတ်တော်အစည်းအဝေးတစ်ခုတွင်  လွှတ်တော်ကိုယ်စားလှယ်
တစ်ဦးက အင်ဖော်မာဟုခေါ်သော ရဲသတင်းပေး နှင့်ပတ်သက်၍ တရားဝင်ခန့်ထားခြင်းရှိ မရှိကို မေးမြန်းရာ၊ တာဝန်ရှိအကြီးအကဲက တရားဝင်ခန့်ထားခြင်းမရှိကြောင်း ပြန်လည်ဖြေကြားခဲ့သည်ကို
နေ့စဉ်သတင်းစာများနှင့် ရုပ်မြင်သံကြားသတင်းများမှ သိရှိကြပြီးဖြစ်သည်။

တရားဝင်ခန့်ထားခြင်းမရှိဟုဆိုသော “အင်ဖော်မာ”ခေါ်ရဲသတင်းပေး တို့သည်။ “အင်ဖော်မာ”ဟူသော စကားရပ်၏အဓိပ္ပာယ်ကို မသိ၍ ပဲလားသို့တည်းမဟုတ်ငွေရ ပေါက်ချောင်၍ပဲလားမပြောတယ်။
နေရာတကာလုပ်ပိုင်ခွင့်အပြည့်ရှိသော အရာရှိကဲ့သို့ ဟိတ်ဟန် ထုတ်ကာတွင် ကျယ်လွှမ်းမိုးနေကြသည်။

“အင်ဖော်မာ”ဆိုသည်မှာ information ဟူသော အင်္ဂလိပ်စကားမှ ဆင်းသက် လာသော စကားဖြစ်၏။ information သည်သတင်းအချက် အလက်ဖြစ်ပြီး inform အင်ဖော်သည် သတင်းပေးသူ၊သတင်းပေးဖြစ်သည်။ 

ထိုကြောင့်  Informer တို့သည် သတင်းပေးရုံတိုင် ကြားရုံမျှသာဖြစ်သည်။ သို့သော် ထိုသူတို့သည် ထိုအဓိပ္ပာယ်ကိုသဘောမပေါက်ပဲ ရပ်ထဲရွာထဲတွင် ထစ်ခနဲရှိ ခြိမ်းခြောက်ငွေတောင်းလုပ်နေကြသည်ကိုနေရာတိုင်း၌
တွေ့နေမြင်နေကြားနေရသည်။ 

သူတို့ကိုယ်သူတို့ပါမစ်နစ်အရာရှိတစ်ဦးကဲ့သို့ လွှမ်းမိုးနေကြသည်။ ရာဇ၀တ်မှုကျဆင်း ရေးအတွက် ရဲသတင်းပေးထားသည်ဆို သော်လည်း ယင်းတို့၏လုပ်ရပ်များသည်  လွန်ကဲလာသောအခါ ပြည်သူ့ရဲ၏ဂုဏ် သိက္ခာကိုထိခိုက်ညစ်နွမ်းစေနိုင်သည်။

ဖြစ်စဉ်တစ်ခု၌ ရာဇ၀တ်မှုမကင်း သောသူကို သတင်းပေးတိုင်ကြားရုံမျှ သာ ဖြစ်သော်လည်း သူတို့ကိုဘယ်သူကမှ မဖြုတ်နိုင်အုပ်ချုပ်ရေးမှူး ကိုပင်ဖြုတ်ပစ် နိုင်သော အခွင်အာဏာရှိကြောင်းကြေညာမောင်းခတ်
နေကြသည်။ 

အထူးသဖြင့် မြို့နယ်အတော်များများ၌ အရန်မီးသတ် တပ်ဖွဲ့ အဖွဲ့အစည်း များမှထုတ်ပယ်ခြင်းခံရသူ တွေကလည်း အင်ဖော်လုပ်နေကြသည်။  ဌာနဆိုင်ရာတို့မှ ပြစ်မှုဖြင့် ထုတ်ပယ်ခြင်း ခံရသူတွေကလည်း အင်ဖော်လုပ်နေကြ သည်။ 

အချို့ဆိုလျှင် ၀န်ထမ်းပြုတ်ဖြစ်ပါလျက် ဌာန၀တ်စုံကို ၀တ်၍
ကျေးလက်တောသူတောင်သားတို့ကို ခြိမ်းခြောက်  ငွေညှစ်နေသည်။ 

အချို့သော အင်ဖော်  တို့က လက်ထိပ်ကိုပြကာခြိမ်းခြောက်နေ ကြသည်။ ထိုသူတို့သည် သူတို့ကိုယ်သူ တို့ဒုရဲအုပ်လိုလို၊ စခန်းမှူးလိုလိုဟန်တလုံး  ပန်တလုံးရိုက်ဖမ်းနေကြသည်။

လက်ထိပ်ဟူသည် ပြည်သူ့ရဲကသာ ကိုင်ဆောင်ခွင့်ရှိသည်။ ယခုမူထိုလက်ထိပ်  ကို ထိုအင်ဖော်ဘယ်ကရသနည်း။ စဉ်းစာ  ဖွယ်ကောင်းလှသည်။ ထိုအပြုအမူတို့ သည်မြို့နယ်တိုင်းလိုလိုရှိ
ကျေးလက်တော ရွာများတွင် မကြာခဏတွေ့မြင်နေရပါသည်။

တစ်ခါတစ်ရံအမေရိကန်ရုပ်ရှင်ဇာတ်ကား  ထဲက စုံထောက်လို ကတ်ပြားကိုပင်ထုတ် ပြလိုက်သေးသည်။ အင်ဖော်တို့ကိုထိုမျှ အထိလုပ်ပိုင်ခွင့်၊ ပြည်သူ့ရဲအသုံးအဆောင်ကို ရဲမဟုတ်သူ
တရားမ၀င်သူက ကိုင်ဆောင်  နေခြင်းတို့သည်အယောင်ဆောင်
မှုပင်ဖြစ် သည်။

အင်ဖော်တို့၏ပြုမူလုပ်ဆောင်မှုတို့ သည်ဒေသခံပြည်သူ့ရဲ၏ ဂုဏ်သိက္ခာကို  ထိခိုက်ညစ်နွမ်းစေသည်။ အထက် က ဖော်ပြခဲ့သော လွှတ်တော် ကိုယ်စားလှယ် ၏ မေးမြန်းချက်ကို လွှတ်တော်မှ တာဝန်ရှိအကြီးအကဲ၏
ဖြေကြားချက်နှင့် လုံးဝ ဆန့်ကျင်နေကြောင်း လက်တွေ့ဘ၀တွင် 
တွေ့နေရပါသည်။

အင်ဖော်မာတို့၏ လုပ်ရပ်များကြောင့်  မြန်မာနိုင်ငံပြည်သူ့ရဲတပ်ဖွဲ့၏
ဂုဏ်သိက္ခာ မညှိုးနွမ်းစေလိုပါ။ မြန်မာနိုင်ငံပြည်သူ့ရဲ တပ်ဖွဲ့၏ဂုဏ်သိက္ခာ
မညစ်နွမ်းစေရန် သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းတို့ အနေဖြင့်
ပြုပြင်ထိန်းကျောင်းသင့်ကြောင်း အကြံပြုရေးသားလိုက်ပါသည်။

စစ်ကိုင်းဝင်းရွှေ
The Hot News
လွှတ်တော်အစည်းအဝေးတစ်ခုတွင် လွှတ်တော်ကိုယ်စားလှယ် တစ် ဦးက အင်ဖော်မာဟုခေါ်သော ရဲသတင်းပေး နှင့်ပတ်သက်၍ တရားဝင်ခန့်ထားခြင်းရှိမရှိကို မေးမြန်းရာ၊ တာဝန်ရှိအကြီးအကဲက တရားဝင်ခန့်ထားခြင်းမရှိကြောင်း ပြန်လည်ဖြေကြားခဲ့သည် ကို  နေ့ စဉ်သတင်းစာများနှင့် ရုပ်မြင်သံကြားသတင်းများမှ သိရှိကြပြီးဖြစ်သည်။

တရားဝင်ခန့်ထားခြင်းမရှိဟုဆိုသော “အင်ဖော်မာ”ခေါ်ရဲသတင်းပေး တို့သည်။ “အင်ဖော်မာ”ဟူသော စကားရပ်၏အဓိပ္ပာယ်ကို မသိ၍ ပဲလားသို့တည်းမဟုတ်ငွေရ ပေါက်ချောင်၍ပဲလားမပြောတယ်။
နေရာတကာလုပ်ပိုင်ခွင့်အပြည့်ရှိသော အရာရှိကဲ့သို့ ဟိတ်ဟန်ထုတ်ကာတွင် ကျယ်လွှမ်းမိုးနေကြ သည်။

“အင်ဖော်မာ”ဆိုသည်မှာ information ဟူသော အင်္ဂလိပ်စကားမှ ဆင်းသက် လာသော စကားဖြစ်၏။ information သည်သတင်းအချက် အလက်ဖြစ်ပြီး inform အင်ဖော်သည် သတင်းပေးသူ ၊သတင်းပေးဖြစ်သည်။

ထိုကြောင့် Informer တို့သည် သတင်းပေးရုံတိုင် ကြားရုံမျှသာဖြစ်သည်။ သို့သော် ထိုသူတို့သည် ထိုအဓိပ္ပာယ်ကိုသဘောမပေါက်ပဲ ရပ်ထဲရွာထဲတွင် ထစ်ခနဲရှိ ခြိမ်းခြောက်ငွေတောင်းလုပ်နေကြသည်ကိုနေရာတိုင်း၌တွေ့နေမြင်နေကြားနေရသည်။

သူတို့ကိုယ်သူတို့ပါမစ်နစ်အရာရှိတစ်ဦးကဲ့သို့ လွှမ်းမိုးနေကြသည်။ ရာဇ၀တ်မှုကျဆင်း ရေးအတွက် ရဲသတင်းပေးထားသည်ဆို သော်လည်း ယင်းတို့၏လုပ်ရပ်များသည် လွန်ကဲလာသော အခါ ပြည်သူ့ရဲ၏ ဂုဏ် သိက္ခာကိုထိခိုက်ညစ်နွမ်းစေနိုင်သည်။

ဖြစ်စဉ်တစ်ခု၌ ရာဇ၀တ်မှုမကင်း သောသူကို သတင်းပေးတိုင်ကြားရုံမျှ သာ ဖြစ်သော်လည်း သူတို့ကို ဘယ်သူကမှ မဖြုတ်နိုင်အုပ်ချုပ်ရေးမှူး ကိုပင်ဖြုတ်ပစ် နိုင်သော အခွင်အာဏာရှိကြောင်းကြေညာမောင်းခတ်နေကြသည်။

အထူးသဖြင့် မြို့နယ်အတော်များများ၌ အရန်မီးသတ် တပ်ဖွဲ့ အဖွဲ့အစည်း များမှထုတ်ပယ်ခြင်း ခံရသူ တွေကလည်း အင်ဖော်လုပ်နေကြသည်။ ဌာနဆိုင်ရာတို့မှ ပြစ်မှုဖြင့် ထုတ်ပယ်ခြင်း ခံရသူတွေ ကလည်း အင်ဖော်လုပ်နေကြ သည်။

အချို့ဆိုလျှင် ၀န်ထမ်းပြုတ်ဖြစ်ပါလျက် ဌာန၀တ်စုံကို ၀တ်၍ကျေးလက်တောသူတောင်သားတို့ကို ခြိမ်းခြောက် ငွေညှစ်နေသည်။

အချို့သော အင်ဖော်တို့က လက်ထိပ်ကိုပြကာခြိမ်းခြောက်နေ ကြသည်။ ထိုသူတို့သည် သူတို့ကိုယ်သူ တို့ဒုရဲအုပ်လိုလို၊ စခန်းမှူးလိုလိုဟန်တလုံး ပန်တလုံးရိုက်ဖမ်းနေကြသည်။

လက်ထိပ်ဟူသည် ပြည်သူ့ရဲကသာ ကိုင်ဆောင်ခွင့်ရှိသည်။ ယခုမူထိုလက်ထိပ် ကို ထိုအင်ဖော် ဘယ်က ရသနည်း။ စဉ်းစာ ဖွယ်ကောင်းလှသည်။ ထိုအပြုအမူတို့ သည်မြို့နယ်တိုင်းလိုလိုရှိကျေးလက်တော ရွာများတွင် မကြာခဏတွေ့မြင်နေရပါသည်။

တစ်ခါတစ်ရံအမေရိကန်ရုပ်ရှင်ဇာတ်ကား ထဲက စုံထောက်လို ကတ်ပြားကိုပင်ထုတ် ပြလိုက်သေးသည်။ အင်ဖော်တို့ကိုထိုမျှ အထိလုပ်ပိုင်ခွင့်၊ ပြည်သူ့ရဲအသုံးအဆောင်ကို ရဲမဟုတ်သူတရားမ၀င်သူက ကိုင်ဆောင် နေခြင်းတို့သည်အယောင်ဆောင်မှုပင်ဖြစ် သည်။

အင်ဖော်တို့၏ပြုမူလုပ်ဆောင်မှုတို့ သည်ဒေသခံပြည်သူ့ရဲ၏ ဂုဏ်သိက္ခာကို ထိခိုက်ညစ်နွမ်းစေသည်။ အထက် က ဖော်ပြခဲ့သော လွှတ်တော် ကိုယ်စားလှယ် ၏ မေးမြန်းချက်ကို လွှတ်တော်မှ တာဝန်ရှိ အကြီးအကဲ၏ဖြေကြားချက်နှင့် လုံးဝ ဆန့်ကျင်နေကြောင်း လက်တွေ့ဘ၀တွင် တွေ့နေရပါသည်။

အင်ဖော်မာတို့၏ လုပ်ရပ်များကြောင့် မြန်မာနိုင်ငံပြည်သူ့ရဲတပ်ဖွဲ့၏ဂုဏ်သိက္ခာ မညှိုးနွမ်းစေ လိုပါ။ မြန်မာနိုင်ငံပြည်သူ့ရဲ တပ်ဖွဲ့၏ဂုဏ်သိက္ခာမညစ်နွမ်းစေရန် သက်ဆိုင်ရာအာဏာပိုင် အဖွဲ့ အစညိးု့ အနေဖြင့်ပြုပြင်ထိန်းကျောင်းသင့်ကြောင်း အကြံပြုရေးသားလိုက်ပါသည်။

The Hot News

No comments:

Post a Comment