"ဥပဒေအထက်တွင် လွှတ်တော်ရှိသလား" ဆောင်းပါးဖြင့် လွှတ်တော် ကို ဝေဖန်ရေးသားခဲ့သော ဒေါက်တာဆိတ်ဖွား ကို ဖော်ထုတ် ရန် ကော် မရှင် ဖွဲ့စည်းဆောင်ရွက်မှုအပေါ် စိုးရိမ်မိသည် ဟု မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာကင်တနား က ပြောဆိုလိုက်သည်။နေပြည်တော်တွင် လွှတ်တော်ကိုယ်စားလှယ်များနှင့်တွေ့ဆုံစဉ် ဒေါက်တာဆိတ်ဖွားကို ကော်မရှင်ဖွဲ့ စုံစမ်းမှု အပေါ် စိုးရိမ်ထုတ်ဖော် ပြောဆိုခဲ့ခြင်းဖြစ်ပြီး ဒီမိုကရေစီတွင် ဝေဖန်မှုများကို လက်ခံရန်
လိုအပ်ကြောင်း၊ အထူးသဖြင့် ပြည်သူရေးရာကိစ္စများတွင် ဝေဖန်မှုများကို
လက်ခံသင့်သည်ဟု မစ္စတာကင်တာနား က ပြောသည်။
မစ္စတာကင်တာနားက မြန်မာနိုင်ငံတွင် ဖြစ်ထွန်းလာသော မီဒီယာ လွတ်လပ်ခွင့်အပေါ် ကြိုဆိုလိုက်ပြီး ရုပ်သံဥပဒေတရပ်ပေါ်ထွန်းရေးကိုလည်း ဆောင်ရွက်ရန် တိုက်တွန်းပြောဆိုသွားသည်။
သာလွန်ဇောင်းထက်
The Irrawaddy (Burmese Version)

No comments:
Post a Comment