အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥ
က္ကဌ၊ကော့မှူးမြို့နယ်ပြည်သူ့လွှတ
်တော်ကိုယ်စားလှယ်ဒေါ်အောင်ဆန်းစ
ုကြည်ဥက္ကဌအဖြစ်ဆောင်ရွက်နေသောတရ
ားဥပဒေစိုးမိုးရေးနှင့်
တည်ငြိမ်
်အေးချမ်းရေးကော်မတီ၏
တတိယအကြိမ်အစည်းအဝေးကို ပြည်သူ့လွှတ်တော်ဝင်းအတွင်းရှိ I- 12 အဆောင်တွင်
ယနေ့နံနက် ၁၀ နာရီက ကျင်းပခဲ့ကြောင်း နေပြည်တော်တွင် သွားရောက်သတင်းရယူနေသူ
The Voice Weekly သတင်းထောက်က သတင်းပေးပို့သည်။
ယင်းအစည်းအဝေးတွင်
ပြည်သူများ၏ တိုင်ကြားစာများနှင့် စပ်လျဉ်းကာ ဆွေးနွေးခဲ့ကြပြီး
ကော်မတီဝင်နှစ်ဦးမှ ဆောင်ရွက်ရန် ကိစ္စရှိသည့်အတွက် ခွင့်တိုင်ခဲ့ပြီး
ကျန်အဖွဲ့ဝင် ၁၃ ဦး အစည်းအဝေးသို့ တက်ရောက်ခဲ့သည်။
အဆိုပါကော်မတီသို့ တိုင်ကြားစာ သုံးရာကျော် ရောက်ရှိနေပြီဖြစ်ကြောင်း အဆိုပါကော်မတီထံမှ သိရသည်။
No comments:
Post a Comment