Friday, August 3, 2012

သမ္မတကြီးဦးသိန်းစိန်ကို ဖိနပ် နှင့်ပေါက်ခဲ့သော မိုးသီးဇွန်း သြဂုတ်လတွင်း ပြန်လာလျှင် လေဆိပ်မှစီးကြို၍ ဖိနပ်ဖြင့် ပေါက်ကြမည်




ပြည်သူချစ်တဲ့ သမ္မတကြီးကို မအေ၊ နှမ၊ ငါ... မိုးမွှန်အောင် ဆဲပြီး ဖိနပ်ဖြင့် ပစ်ပေါက်ခဲ့ရာတွင် ဦးအောင်ခဲ့သူ မိုးသီးဇွန်း ဟာ ရှေ့လ သြဂုတ်လ မှာ ပြန်လာတော့မှာ ဖြစ်ပြီး ၎င်း ပြန်လာပါက မျိုးချစ် မြန်မာ အများအပြားမှ လေဆိပ်မှ စောင့်ကြိုပြီး ဆင်ကြယ်၊ မြင်းကြယ်၊ တာယာ ဖိနပ်များဖြင့် ပစ်ပေ
ါက်ဖို့ စီစဉ်နေကြကြောင်း သတင်းရရှိပါတယ်။

ယနေ့ ကမ္ဘာ့အလည်မှာ မြန်မာဆိုပြီး လက်မ ထောင်နိုင်အောင်၊ ဒေသတွင်းနိုင်ငံများသာ မက အနောက်ဥရောပ က ပါ ချီးကျူး အသိအမှတ်ပြု ခံရအောင် ကြိုးစားနိုင်သည့် လွတ်လပ်ပြီး မြန်မာလူမျိုးအားလုံးထဲတွင်အထူးချွန် အပြောင်မြောက်ဆုံး လက်တွေ့ကျကျ လုပ်ဆောင်သက်သေပြခဲ့သူ သမ္မတကြီး ဦးသိန်းစိန် ဝန်ကြီးချုပ် ရာထူးဖြင့် နယူးယောက် မြို့ကို ရောက်စဉ်တုန်းက ၈၈ ကျောင်းသောင်း ခေါင်းဆောင် ဆိုပြီး အဖမ်းခံရမှာ ကြောက်လို့ ထွက်ပြေးတိမ်းရှောင်သွားသူ မိုးသီးဇွန်း ဦးဆောင်တဲ့ အမေရိကားက မြန်မာ ၂၀ ခန့်က အဆင့်တန်းမရှိ ဆဲရေးတိုင်းထွာ အော်ဟစ်ခဲ့ကြတဲ့ အပြင် ၎င်းတို့ စီးထားတဲ့ ဖိနပ်များ နှင့်လည်း ပစ်ပေါက်ခဲ့ကြပါတယ်။

ထိုး အဆင့်တန်းမရှိ အော်ဟစ်ဆဲဆို ကာ ဖိနပ်နှင့် ပစ်ပေါက်သူများဟာ ၎င်း တို့ရဲ့ လုပ်ရပ်များကို ဂုဏ်ယူဝင့်ကြွားစွာနဲ့ Facebook, Twitter, youtube နဲ့ ဘလော့ စာမျက်နှာများမှာ တကမ္ဘာလုံးသိအောင် ဖြန့်ဝေကာ မြန်မာနိုင်ငံသား များကို တကမ္ဘာလုံးက အထင်သေစေခဲ့ပါတယ်။ ပြည်ပအခြေစိုက် မီဒီယာများကလည်း မြန်မာဘာသာ သာ မက အင်္ဂလိပ်ဘာသာ ဖြင့်ပါ ကမ္ဘာသိအောင် ထုတ်လွှင့်ခဲ့ကြပြီး ဦးသိန်းစိန် ရဲ့ သိက္ခာကို အဖက်ဆည်မရ အောင် လုပ်ဆောင်ခဲ့ကြပါတယ်။

နာမည်ပျက်များဖြင့် ကျော်ကြားနေပြီး ABSDF ဥက္ကဌ ဘဝ မှ အာဏာရှင်ဆန်မှုကြောင့် ဥက္ကဌပြုတ်သွားသူ ဦးမိုးသီးဇွန် နဲ့ အဖွဲ့ဟာ သြဂုတ်လ အတွင်း မြန်မာနိင်ငံသို့ ပြန်လည် ရောက်ရှိရန် ရှိကြောင်း သိရပြီး အခြေအနေကို တွေးကြောက်နေတဲ့ ဦးမိုးသီးဇွန်က ရက်အတိအကျ ကို ထုတ်ဖော်ကြေညာခြင်း မရှိသေးပါဘူး။

ဦးမိုးသီးဇွန် နှင့်အတူ ABSDF၏ ပထမဆုံး ဥက္ကဌအဖြစ် တာဝန်ယူခဲ့သူ ဦးထွန်းအောင်ကျော်၊ ကိုကိုလေး၊ ကိုရင်အေး၊ ကိုမူးသာ၊ ကိုကိုအောင် တို့ပါ ပြန်လာမယ်လို့ သိရပါတယ်။

1 comment:

  1. သူတို့ ပြန်ခံစားရမှာပါ မပူနဲ့.....

    ReplyDelete