Friday, August 3, 2012

မှော်ဘီမှာ ငွေမလျှံဘဲ ရေလျှံနေတယ်

 
 
ရန်ကုန်မြို့နဲ့ အနီး ပတ်ဝန်းကျင်မှာ သုံးပတ်ကြာ မိုးကြီးခဲ့တာကြောင့် ဖူးကြီး ရေလှောင်ကန် ရေမထိန်း နိုင်တော့တဲ့အတွက် ပြီးခဲ့တဲ့လ ၃၁ ရက်နေ့က ကြိုတင် သတိပေးတာ မလုပ်ဘဲ ရေထိန်းတံခါးတွေ ကို ဖောက်ချခဲ့ပါတယ်။

အဲဒီနောက် မှော်ဘီမြို့က ရပ်ကွက်တွေမှာ အင်္ဂါနေ့က စပြီး ရေလွှမ်းမိုးမှု
ဖြစ်ပွား ခဲ့ပါတယ်။ ရေလွှမ်းမိုးခံရတဲ့ ရပ်ကွက်တွေကတော့ မှော်ဘီမြို့ အမှတ် ၃၊ အမှတ် ၄ နဲ့ ၅ ရပ်ကွက်တွေ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ဗုဒ္ဓဟူးနေ့က အဲဒီ ရေလွှမ်းခံရတဲ့ ရပ်ကွက်တွေမှာ ၅ ပေကျော်အထိ ရေလွမ်းခဲ့ပြီး၊ တချို့ နေရာတွေမှာ အခုအချိန်အထိ ၂ ပေဝန်းကျင် အထိ ရေလွှမ်းမိုးနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။

သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းတွေက အရေးပေါ် ကူညီ
ကယ်ဆယ်ရေး လုပ်ငန်းတွေ လုပ်ဆောင်တာ မရှိတဲ့အတွက် လူငယ်
သွေးလှူရှင် အဖွဲ့တွေက ရပ်ကွက်တွေမှာ လိုက်လံ အလှူခံပြီး
သောက်သုံးရေနဲ့ အစားအသောက်တွေ လိုက်လံ ဝေငှနေတယ်လို့ သိရပါတယ်။

No comments:

Post a Comment