Friday, August 3, 2012

"ကံမသိ မှန်ကြည့်ပါ"


 
 
 
 
 
မှန်ဟာ ကြည့်သူများကို အရှိအတိုင်း ထင်ရှားစေသလို ကံတရားဟာလည်း
ပြုသူများကို မျက်နှာလိုက်ခြင်း၊ မျက်နှာသာပေးခြင်း မရှိဘဲ အရှိအတိုင်း 
အကျိုးသက်ရောက်မှု ရှိစေပါတယ်။ မှန်ပါတယ်။ မှန်ကြည်တဲ့အခါ မြန်မာ
ပဲကြည့်ကြည့် ကိုရီးယားပဲကြည့်ကြည့်၊ အမေရိကန်ပဲကြည့်ကြည့်၊ ဂျပန်ပဲ
ကြည့်ကြည့်၊ ဖြူသူပဲကြည့်ကြည့် မဲသူပဲကြည့်ကြည့် ဘယ်သူပဲကြည့်ကြည့် 
မှန်မှာပေါ်လာတဲ့ ထင်ဟပ်မှုဟာ အရှိအတိုင်းပင် ဖြစ်ပေါ်စေသလို ကံတရား
ဟာလည်း ဘယ်နိုင်ငံ၊ ဘယ်လူမျိုးက ဘာအလုပ်ကိုပဲ လုပ်လုပ် တန်ပြန်အ
ကျိုးသက်ရောက်မှုမှာ အဲဒီသူတို့ ပြုတဲ့အတိုင်း၊ သူတို့စိတ်စေတနာ အတိုင်းပဲ
ဖြစ်ပေါ်စေပါတယ်။ ကံတရားရဲ့ အကျိုးပေးမှုမှာ ဂုဏ်ပကာသနမရှိ၊ ရာထူး
ဌာနန္တရမရှိ၊ ပစ္စည်းဥစ္စာမရှိ သတ္တ၀ါမှန်သမျှအပေါ် တစ်ပြေးညီတည်းပါပဲ။ 
ဒါကြောင့် ကိုယ်ဘာပဲလုပ်လုပ် ကိုယ်လုပ်တဲ့အလုပ်ဟာ ကိုယ့်ကိုပြန်ပြီ အကျိုး
သက်ရောက်မှု ဖြစ်စေမှာဖြစ်တဲ့အတွက် မှန်ကြည့်ပြီး လုပ်ကြဖို့ တိုက်တွန်းခြင်း
ဖြစ်ပါတယ်။
မနာပဒါယီ အရှင်ဝိစိတ္တ(ဒိုက်ဦး)

No comments:

Post a Comment