Tuesday, August 21, 2012

ဗဟိုဘဏ် ဥပဒေမူကြမ်း လွှတ်တော်သို့တင်ရန် စီစဉ်




ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး ဌာန လက်အောက်မှ ခွဲထွက်၍ မကြာမီ သီးခြား ရပ်တည်ရန် ရှိသည်။ ဗဟိုဘဏ်ဘဏ်နှင့် စပ်လျဉ်းလျက် ဥပဒေ မူကြမ်း တစ်ခု ကို ရေးဆွဲ ထားပြီး လွှတ်တော်သို့ တင်ရန် စီစဉ်လျက် ရှိကြောင်း ပြည်သူ့ လွှတ်တော် ဘဏ်များနှင့် ငွေကြေးဆိုင်ရာ ဖွံ့ဖြိုး တိုးတက်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးအောင်သောင်း က သြဂုတ် ၁၈ ရက်နေ့တွင် ပြုလုပ်သော ဘဏ်လုပ်ငန်းရှင် များအသင်း အလုပ်ရုံ ဆွေးနွေးပွဲ တွင် ပြောကြားသည်။



အဆိုပါ မူကြမ်းနှင့် ပတ်သတ်၍ မိမိတို့ဘက်မှ လွှတ်တော်သို့ တင်ရန် စီမံထားပြီး ဖြစ်သော်လည်း ဗဟိုဘဏ် ဥပဒေ မူကြမ်းကို လွှတ်တော်သို့ ရောက်ပြီးမှဖြစ်စေ၊ မရောက်ခင်ဖြစ်စေ လူ အများ သိနိုင်သည့် ဂျာနယ်များ၊ သတင်းစာများမတစ်ဆင့် အကြံဥာဏ်များ၊ နည်းလမ်းများ၊ မူဝါဒများ၊ ဝေဖန်ချက်များ ရယူနိုင်ရန်အတွက် ပိုမို အကျိုး ဖြစ်ထွန်းစေသည့် နည်းလမ်း မူဝါဒများ ရရှိရန် ထုတ်ပြန် လိမ့်မည်ဟု ယူဆကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

ယခုပြုလုပ်သော ဘဏ်လုပ်ငန်းရှင်များ အသင်း အလုပ်ရုံ ဆွေးနွေးပွဲမှာ ဒုတိယ အကြိမ်မြောက် ပြုလုပ်ခြင်းဖြစ်ပြီး ပထမ ဆွေးနွေးပွဲကို ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၂၅ တွင် ကျင်းပခဲ့ကြောင်း သိရှိရသည်။

မြန်မာနိုင်ငံတော် ဗဟို ဘဏ်ကို လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့် မြန်မာဆိုရှယ်လစ် လမ်းစဉ်ပါတီ စတင် တာဝန်ယူစဉ်မှ စတင်၍ ဝန်ကြီးဌာန အောက်တွင် ထားရှိ ထိန်းချုပ်ခဲ့ သည်။လက်ရှိ မြန်မာနိုင်ငံတော် ဗဟို ဘဏ် ကို ၁၉၉၀ခုနှစ် တွင်ဗဟို ဘဏ်ဥပဒေ ဖြင့် စတင်ဖွဲ့စည်းခဲ့ပြီး လက်ရှိ ဘဏ္ဍာရေး နှင့် အခွန်ဝန်ကြီးဌာန လက်အောက်တွင် ဥက္ကဌအဖြစ် ဦးသန်းညိန်း ကတာဝန်ယူလျှက်ရှိပြီးဒါရိုက်တာအဖွဲ့ဝင် ၁၇ ဦးဖြင့် ဖွဲ့စည်းထားသည်။

No comments:

Post a Comment