Tuesday, August 21, 2012

KIA မှ ဖားကန့် - မြစ်ကြီးနားပြေးဆွဲနေသော ကားများအား ဆက်ကြေးကောက်





KIA တပ်မဟာ(၂)လက်အောက်ခံ တပ်ရင်း(၆)မှ အဖွဲ့ဝင်တွေဟာ သြဂုတ်လ (၁၈)ရက်နေ့က နန့်ယားကျေးရွာ အနီးရှိ ဖားကန့်-မြစ်ကြီးနားကားလမ်းဘေးတွင် ဖြတ်သန်းသွားလာနေသောယာဉ်များအား ဆက်ကြေးကောက် ခံလျက်ရှိကြောင်း သတင်းရရှိပါတယ်။

ဖားကန်-လုံးခင်း-နန့်ယား-ဘန်ကောက်-ဒွန်ဘန်-နမ္မတီး- မြစ်ကြီးနားမြို့များသို့ ပြေးဆွဲလျက်ရှိတဲ့ ယာဉ်ကြီး/ ယာဉ်ငယ်များကို တစ်စီးလျှင် တစ်သောင်းကျပ်မှ သုံးသောင်းကျပ်နှုန်းအထိ ကောက်ခံလျက်ရှိပါတယ်။
“ ရိုးရိုး ကားလေးတွေကိုတော့ တစ်စီးကို တစ်သောင်းနဲ့တစ်သောင်းခွဲ လောက်ကောက်ကြတယ်။ ကုန်ပစ္စည်း တင်တဲ့ကားကြီးတွေကိုတော့ တစ်စီးကို သုံးသောင်းအထိ ကောက်ကြတယ် ”လို့ မြစ်ကြီးနား-ဖားကန့် ခရီးသည် တင်ကားမောင်းသူ  တူးနောင် မှ ပြောသည်။
 
 
from: kachindailynews

No comments:

Post a Comment