Tuesday, August 21, 2012

နှစ်ဖက်တပ်နေရာနှင့် ဆက်ဆံရေးရုံး နေရာချထားပေးမှုမရှိ၍ ရှမ်းပြည်တွင်တိုက်ပွဲဖြစ်ပွားရဟု ဦးအောင်မင်းပြော

Aug 21, 2012


ရှမ်းပြည်နယ်အတွင်းလက်နက်ကိုင်အဖွဲ့အစည်းများတိုက်ပွဲဖြစ်ပွားရခြင်းမှာ နှစ်ဖက်တပ်များနေရာချထားပေးမှု မရှိခြင်းနှင့်ဆက်ဆံရေးရုံများမဖွင့်လှစ်နိုင်သေးသောအကြောင်းအရာတို့ကြောင့်ဖြစ်ကြောင်းပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း(ပြည်ထောင်စုငြိမ်းချမ်းရေးနှင့်ဖော်ဆောင်မှု လုပ်ငန်းကော်မတီ ဒုတိယ ဥက္ကဌ) ပြောသည်။

ရှမ်းပြည်နယ်၊မိုင်းရယ်မဲဆန္ဒနယ်မှဦးစိုင်းသီဟကျော်၏"လက်နက်ကိုင်အဖွဲ့အစည်းများကြားအပစ်အခတ်ရပ်စဲရေးသ
ဘောတူညီမှု ရရှိပြီးနောက်မည်သည့်အတွက်ကြောင့်တိုက်ပွဲများဆက်လက် ဖြစ်ပွားနေရခြင်းအကြောင်း"ကို ယနေ့ပြည်သူ့လွှတ်တော်ပုံမှန်အစည်းအဝေးတွင်မေးမြန်းခဲ့သည်ကိုဦးအောင်မင်းမှထိုသို့ ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

No comments:

Post a Comment