Tuesday, August 21, 2012

ဗိုလ်ချုပ်အောင်ဆန်း ကျေးဇူး ကတစ်နိုင်ငံ လုံးမှာ ရှိခဲ့ကြောင်း စာရေးဆရာ ချစ်ဦးညိုပြောကြား



ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိရုပ်ရှင် ရိုက်ကူးဖို့ အတွက် တစ်ကမ္ဘာလုံး က စိတ်ဝင် တစား ရှိကြပါတယ်။ ဗိုလ်ချုပ်ရုပ်ရှင် ဇာတ် ညွှန်းဖြစ်မြောက်ရေး မှာ ဆရာချစ်ဦးညိုရယ်၊ ဆရာကြည်စိုးထွန်းရယ် ၊ဆရာငြိမ်းမင်း ရယ်ဖြစ်ပေမယ့်လည်းဆရာငြိမ်းမင်း မပါဝင် ဖြစ်တာနဲ့ ပတ်သက်ပြီး ဆရာချစ်ဦးညိုက..

''ကိုငြိမ်းမင်းက သူ့မိသားစု ကျန်းမာရေး အခြေအနေကြောင့် တာဝန် မယူနိုင်တော့ ဘူး။ ကိုဇော်သက်ထွေး၊ဇာဂနာ၊ ကြည်ဖြူသျှင်၊ မင်းထင်ကိုကိုကြီး၊ ရှေ့နေကြီး ဦးဇော်လင်း၊ ဒီအပိုင်း ဒီအပိုင်းတွေ ယူမယ် ဆိုပြီး အစည်းအဝေး အကြိမ်ကြိမ်ထိုင်၊ အချက် အလက်တွေ အကြမ်း ထုတ်ပေါ့။ မူလက ကိုငြိမ်းမင်းက ဗိုလ်ချုပ်မွေးစကနေ တက္ကသိုလ် ကျောင်းသား သခင်အောင်ဆန်းဖြစ်တဲ့ အထိ၊ ဦးကြည်စိုးထွန်း က ဒုတိယပိုင်းဖြစ်တဲ့ သခင် အောင်ဆန်းအမွိုင်မြို့ ဂျပန်ပြည်ရောက် ရဲဘော်သုံးကျိပ်နဲ့ ဂျပန်ခေတ်၊ ဂျပန်တော်လှန် ရေးအထိ၊ ဆရာကနောက်ဆုံးပိုင်း နေသူရိန် ညီလာခံကြီးကနေ ကျဆုံးတဲ့အထိ။ ကိုငြိမ်းမင်း တာဝန်ယူဖို့ အခြေအနေ မပေးတဲ့အခါမှာ ကိုငြိမ်းမင်း အပိုင်းတွေ က ဆရာ့ဆီရောက်လာ တယ်။ ဗိုလ်ချုပ်အောင်ဆန်း ၂၅နှစ် ကနေ သခင်အောင်ဆန်းဖြစ်တဲ့အထိ သာကေတမြို့ မှာ တရားသွားဟော လို့ မစ္စတာ ဇေဗီးယားက ဆုငွေငါးကျပ်ထုတ်တာတွေ၊ ထွက်ပြေး တိမ်း ရှောင်တာတွေ။အဲဒါပြီးတော့ ဦးကြည်စိုး ထွန်းလက်ထဲထည့် လိုက်ရော။ နေသူရိန် အစည်းအဝေးကြီးပြီးတော့ ကိုယ့်ဆီပြန်ရောက် လာတယ်။ အောင်ဆန်း အက်တလီ စာချုပ်၊ပင်လုံစာချုပ်၊ လွှတ်တော်ခေါ်၊ ကျဆုံး ခန်းတို့ရှိမယ်''လို့ပြောပါတယ်။
ဒီရုပ်ရှင်ရိုက်ကူးဖို့အတွက် နိုင်ငံခြား ဒါရိုက်တာတွေကမ်းလှမ်း လာခဲ့မယ် ဆိုရင် ဆရာချစ်ဦးညိုက..
''The Lady က သာဓကပါပဲ။ မြန်မာ တွေမပါဘူး။ ထည့်ချင်တဲ့သူ ထည့်ထားတာ။ မြန်မာသန္ဓေ၊မြန်မာမှု လုံးဝမရှိတော့ဘူး။ တော်တဲ့ မီရှဲလ်ယို လည်း တကယ်တော့ ဒေါ် အောင်ဆန်းစုကြည် ရဲ့ပုံစံကို မဖမ်းနိုင်တော့ ဘူး။ image မရပါဘူး။ မြန်မာအကြောင်း ရိုက်မယ်ဆိုရင် မြန်မာ အငွေ့အသက် ပါရ မယ်။ မြန်မာတွေ ကိုင်တွယ်ရမယ်။ မြန်မာ တွေက အစိတ်အပိုင်း အများကြီး တာဝန်ယူ ရမယ်။ နိုင်ငံခြား ဒါရိုက်တာတော့ ပါလိမ့် မယ်။ မြန်မာ ဒါရိုက်တာ ဘယ်သူလဲ ဆိုတာ သူတို့ ဘယ်လိုစဉ်းစားမလဲ မသိဘူး။ အခု ဆွေးနွေး ကြတာတော့ အမေရိကရောက်နေ တဲ့ ဦးဝင်းဖေသူကလည်း ကျန်းမာရေး အခြေ အနေနဲ့ဆိုတော့ သိပ်လက်ခံနိုင်မယ် မထင် ဘူး ။ကော်မတီက စဉ်းစားတုန်းပေါ့။ ဟောလီးဝုဒ် ဒါရိုက်တာလက်ထဲတော့ အကုန် မထည့်ဘူး။ သူက ရုပ်ရှင်ကောင်းတစ်ခု ဖြစ်အောင် ရိုက်နိုင်တယ်။ ဗိုလ်ချုပ်အကြောင်းကို သူမသိ ဘူး။ဆရာတို့က မြတ်နိုးတဲ့စိတ် နဲ့လုပ်တာ။ ဗိုလ်ချုပ်အောင်ဆန်းကတကယ့် အမျိုးသား ခေါင်းဆောင်ကြီး တကယ် ရိုးသားသလို၊ တကယ်ဖြောင့်မတ်တဲ့လူသူတော်ကောင်းကြီး ပါ။ဒီဟာတွေကို သူခံစားနိုင်မှာ မဟုတ်ဘူး။ မြန်မာကိုမြန်မာနဲ့ ရိုက်တာပဲ ပျစ်ပျစ်နှစ်နှစ် အရသာ ရှိတယ်။ ဗိုလ်ချုပ်ရဲ့စရိုက် ပုံစံတွေကို ရနိုင်ဖို့၊ ကာယကံ၊ ဝစီကံ၊ မနောကံ ဆိုပြီး အပြုအမူတွေ ရှိတယ်။ ဖြူစင်ဖြောင့်မတ်ပြီး တစ်ဘဝ လုံးနိုင်ငံရေး ထဲမှာ နှစ်မြှုပ်ထားတဲ့ ဝိညာဉ်ကြီးကသူ့မျက်လုံးထဲ မှာပေါ်နေရမယ်။ စကားတွေ၊လှုပ်ရှား သွားလာမှုထဲမှာပေါ်နေရ မယ်။ ဒေါ်ခင်ကြည် ဆိုလည်း ဗိုလ်ချုပ်နဲ့ထပ်တူ ပါပဲ။ အိုက်တင် လုပ်တတ်တယ် ဆိုတာထက် ဗိုလ်ချုပ်နဲ့ဒေါ်ခင်ကြည်ဆိုတဲ့ ရုပ်ပုံလွှာကြီးက ဒီဇာတ်ဆောင်တွေ ဆီမှာ အပြည့်ဝင်ပူးနေရမယ်။ ဒီကားရိုက်နေတဲ့ အချိန်မှာ ကျောက်ခဲက လည်း ကျောက်ခဲ ကိုမေ့ထား၊ ဇာခြည်လင်းက လည်း ဇာခြည်လင်းကိုမေ့ထား''လို့ပြောပါတယ်။ ဆရာ ချစ်ဦးညိုအနေနဲ့ ရုပ်ရှင်ဇာတ်ကား တစ်ကားပီပြင်ဖို့ အတွက် ဇာတ်ကောင်တွေ ရဲ့ နေရာမှာ ဝင်ခံစားပြီး ရေးရတဲ့ ခံစားမှု အပိုင်းကို မေးကြည့်တော့ ''ပင်ပန်းတယ် ဆိုပေ မယ့် မငြီး ငွေ့ဘူး။ အားတွေရနေတယ်။ ငါကျေးဇူးဆပ်ခွင့် ရပြီပေါ့။ ဗိုလ်ချုပ် ကျေးဇူးက တစ်ပြည် လုံး မှာမနည်းဘူးလေ။ ကျေးဇူးဆပ်ခွင့်ရတဲ့ အတွက် ဝမ်းသာတယ်။ အခုမှဗိုလ်ချုပ်ဆို တာ ကို ပြောရဲ၊ဆိုရဲ ရှိလာ ကြတာကိုး။ လူငယ်တွေ၊ အသက်၂ဝကနေ ၃၅ အရွယ်တွေ ဒီ ဗိုလ်ချုပ် ရုပ်ရှင်ကား ကြည့်ပြီး 'ဟာ..တို့ခေါင်းဆောင် ဗိုလ်ချုပ် ဒီအသက်အရွယ်ထဲမှာ ဒီလိုလုပ်ခဲ့ လို့ တို့တိုင်းပြည် ဒီလိုဖြစ်ခဲ့ပါလား' ဆိုပြီး ဗိုလ်ချုပ်အောင်ဆန်း လို၊ ဒေါ်ခင်ကြည်လိုသူရဲ ကောင်းတွေထွက်လာပါစေ လို့မျှော်လင့်ပါတယ်'' လို့ ဆရာချစ်ဦးညို ကပြောပါတယ်။

No comments:

Post a Comment