From : ဌေးတင့်
လူသတ်မှု သက်သေခံသူ ကျောင်းသားတပ်မတော် မိုးသီးစစ်ရုံးတွင်
တာဝန်ထမ်းဆောင်ခဲ့သူက ကိုဌေးနိုင်ကို စွပ်စွဲသော သူလျှိုမှုနှင့် ဖမ်းဆီးရာတွင် လုပ်ထုဲုံးလုပ်နည်းများကျော်သွားတယ် လို့ ရှင်းပြပါတယ် ။
မျက်မြင် သက်သေ
စစ်ရုံးတာဝန်ရှိနေသူ
တာဝန် ထမ်းဆောင်ခဲ့ဖူးသူ
ပြန်ပြောပြတာကတော့ ? ? ?
ယူကြုံးမရဖြစ်ခဲ့ရတဲ့
ကိုဌေးနိုင် အမေကတော့ အိပ်ပျော်နေတဲ့ သားကို
တောထဲမှာ အသတ်ခံရဖို့ နိုးမိလိုက်တယ် တဲ့
( အထောက်အထား ဗီဒီယို အခွေကို သက်ဆိုင်သူများက
မိုးသီး ဗဟိုကော်မီဖက်က တရားဝင် စာထုတ်ပြန်ပြီးမှ
တင်ပြရန်တောင်းဆိုလာပါသဖြင့် ခတ္တဖြုတ်ထားပါသည် ။
ကိုဌေးနိုင်ကို ရန်သူ့ သူလျှို ဟုစွပ်စွဲပြီး
ရိုက်နှက် စစ်ဆေး ဝန်ခံ ကတိပြု ထားသည့် ဗီဒီယို အခွေကို
၂၀၁၂ တွင် ဒုဥက္ကဌ တာဝန်ယူထားသော ကိုကျော်ကိုကိုဝင်း မှ သက်သေအဖြစ်ရှိပါသည်ဟု ပြောလာပါသည် ။
ကိုဌေးနိုင်ကို ဖမ်းဆီးရန် စီစဉ်အကွက်ချသူများ အုပ်စု
ဗဟိုကော်မီတီ ဆုံးဖြတ်ချက်ကို ကျော်လွန်ပြီး မိုးသီးအမိန့် နာခံသူများ အုပ်စု
ကိုဌေးနိုင်ကို လက်ရောက် ဖမ်းဆီး နှိပ်စက် ဝန်ခံခိုင်းသည့် အုပ်စု
ကိုဌေးနိုင်ကို လက်ရောက် သတ်ဖြတ်ခဲ့သည့် အုပ်စု
ကိုဌေးနိုင်ကို သတ်ဖြတ်ပြီး တပ်ဖွဲ့ ဝင်များနှင့် ပြည်ပသို့ သတင်းမှားများ ဖြန့် ဝေသည့် အုပ်စု
စသည်ဖြင့် ကိုဌေးနိုင်ကို သတ်ဖြတ်ပြီး နှစ် ၂၀ ကျော် ဝိုင်းဝန်းလိမ်ထားခဲ့ပါသည် ။
အချို့ မှာ တော်လှန်ရေး အကျိုးစီးပွား အတွက် မသိလိုက်ဘဲ ပါဝင်ပူးပေါင်းကူညီခဲ့ရပါသည် ။
အချို့ မှာ သိလျှက်နှင့် မိမိ အတ္တ အကျိုးစီးပွား အတွက် ပါဝင်ခဲ့ရပါသည် ။
မည်သို့ ပင်ဆိုစေကာမူ
အမှန်တရားကို ရင်ဝယ်ပိုက်ထားသော
ကျောင်းသားတော်မတော် အဖွဲ့ ဝင် အများစု ကျေနပ်နိုင်လောက်သော
သမိုင်းမှန် မှတ်တမ်းတခုကို ဝိုင်းဝန်းဖေါ်ထုတ်သင့်ပါသည် ။
အတဲ့သူ တွေဆက်ခံကြပေတော့
၁၉၉၃
အိုက်စပ်စပ် ပြင်းပူနေတဲ့ ဘန်ကောက်နေ့ လည်ဟာ
အားလုံးကိုနေအိမ်မှာ(စာရေးဆရာဦးစင်ကြယ်အိမ်)
ရာသီဥတုက အကျယ်ချုပ်ထားပါတယ်။
ပန်ကာကလေပူပူတွေ ဝိုင်းရှုကြတာပေါ့ ။
ခေါင်းဆောင်ကြီး မိုးသီးက စိတ်ကူးရင် အတွေးအခေါ် စပြီးချပြပါတယ် ။
ဒဏ်ရာရ ရဲဘော်တွေကိုတော်လှန်ရေးအတွက် ဆက်အသုံးချနိုင်ရန်
စစ်အဝတ်အစားချုပ်ရန်စက်များလိုအင်ကြောင်း
(အခြားအုပ်စုများက ဒဏ်ရာရ ကျောင်းသားရဲဘော်များကို
ယူအန်ထောက်ပံကြေးယူပြီး တတိယနိုင်ငံတွင် အခြေချရန်
စတင် ထိုးဖေါက် ကြိုးစားသည့်ကာလဖြစ်ပါသည် )
ဖိနပ်များကိုလည်း ချီခွေဗာရာတို့ လိုကိုယ်တိုင်ချုပ်လုပ်ရန်နဲ့ 
ကျည်ဘောက်များနည်းလို့ ကိုယ်ပိုင်ထုတ်လုပ်လျှင်
ပိုကောင်းမည်ဖြစ်ကြောင်း ပြောကြပါသည်။
ကိုမိုးသီးက စက်မှုလုပ်ငန်းတွေ စိတ်ဝင်စားပြီးကျွမ်းကျင်တယ်နော်ဟုပြောရာ
မိုးသီးက အဖေက စစ်တပ်မှာ စက်ပြင်ဆရာ တပ်ကြပ်ကြီးဟောင်းပါ။
ကျွန်တော် ငယ်ငယ်က မန္တလေးနန်းတွင်း ဘီအီးအမ်အီး
တပ်ထဲမှာ ကြီးလာတာပါဟုပြောပါသည်။
ကျွန်တော်သိလိုက်ပါသည် ။
အိတ်ကလေးဆွဲပြီး နေ့ တိုင်းရာရှင်ရုံမှာ တန်းဆီ စောင့်ခဲ့ဘူးတဲ့ဘဝ
အရင်ရအောင် အတင်းတိုးနေရာလုတဲ့ ငယ်ငယ်က မိုးသီးဘဝ
နှစ်ပေါင်းများစွာ လေ့ကျင်လာတော့လဲ အခုထိ တိုးနေတုံးဘဲ
မင်းလောင်းရှာစိတ်ရှိတဲ့ လူတွေကို အထင်ကြီးအောင်ပြေတတ်တဲ့အကျင့်နဲ့ 
ကိုဌေးနိုင် အဖေက ဘီအီးအမ်အီး က နည်းပြအင်ဂျင်နီယာပါ။
နည်းပြချုပ်က ရုပ်ရှင်မင်းသမီးဒေါ်မေသစ်ယောက်ကျား
ဗိုလ်မှုးကိုကိုပါ ။ နောက်တော့လဲ ဥိးတင်ဥိးအုပ်စုနဲ့ အတူ - - -
(၁၉၅၇ မှာ မန္တလေး ဂျီတီအိုင်က ကျောင်းပြီးတာဆိုတော့ )
တနည်းဆိုသော် ကိုဌေးနိုင်အဖေက မိုးသီးအဖေရဲ့  ဆရာပါ ။
မိုးသီးတို့ မိသားစု ရပ်တည်ရေးအတွက် စက်ပြင်ပညာသင်ပေးခဲ့တဲ့
ကျေးဇူးရှင်ဆရာ ထမင်းရှင်ပါ ။
မိုးသီးလည်းသိသွားပါသည်။
တော်လှန်ရေးကိုပူးပေါင်းပြီးဆက်လက်တွဲမည်ဟုပြောပါတယ်။
ကျွန်တော် မိုးသီးကို ဖေဖေ့တပည့်၏ သားတယောက် အဖြစ်ယုံကြည်မိပါတယ်။
ကျွန်တော်တို့ ညီအကို ၂ ယောက် မိုးသီးအပေါ် ရိုးသားခဲ့ပါသည် ။
အားလုံးကလည်း မိုးသီးအပေါ် နှစ် ၂၀ ကျော် ယုံကြည်ခဲ့ကြပါသည် ။
ကိုသန်းဝင်းစာထွက်လာမှ မိုးသီးကစိတ်ထဲမှာ ဌေးနိုင်ကို မနာလိုခဲ့ဘူးဆိုတာပါဘဲ ။
သမိုင်းအမှန်ကို ဖျောက်ပြီး အားလုံးကို ညာခဲ့ပါသည်။
မျက်နှာဖုံးချွတ်ပြီး နာမည်ကြီးအောင် လုပ်ခါ - - - - - -
၈၈ ကို ခုတုံးလုပ်ပြီး - - - - - - - - -
တော်လှန်ရေးကြီးတရပ်လုံးကို - - - - - - - - - - - - -
ဘာဆက်လုပ်ကြမှာလဲ - - - - - - - -
ဟုတ်ပါသည် ဘယ်အဖွဲ့ ရောက်ရောက် အဖွဲ့ တွေ ကွဲတာ
ဒေါင်းယောင်ဆောင်တဲ့ ကျီးစုတ် ကျီးပုတ်ကြောင့် ပါ
ကျေးဇူးရှင်သားကို ရက်ရက် စက်စက် သတ်တဲ့ မိုးသီး
မိုးသီး မင်းကို မြေမြိုတောမယ် ။
မိုးသီးနားက ဝေးဝေးရှောင်ကြ ။
ဌေးတင့်
Htay Naing ကို ဘယ်သူတွေ ဖမ်းပြီး နှိပ်စက်တာလဲ
နောက်ဆုံး ရတဲ့ သတင်းမှန်
၂၀၁၁ ၁၂ ရက်နေ့ ပြည်ထောင်နေ့ က မမျှော်လင့်ဘဲ
Utrecht ကိုသွားရင်း ကိုထွန်းထွန်းဦး နဲ့ တွေ့ ခဲ့ပါတယ် ။
မတွေ့ တာ ၅ နှစ်ကျော်ဆိုတော့ အလာပ သလာပတွေ ပြောဖြစ်ခဲ့ပါတယ် ။
အိမ်ရှင် ကဟင်းပေါင်းစုံ ကို အရသာရှိရှိ ချက်ကျွေးသောကြောင့်
ကိုထွန်းထွန်းဦး ဝိုင် နှင့် အမြည်းကို တဝ သောက်ခဲ့ပါသည် ။
မင်းတို့ ထက် ငါပိုသိတယ် ။ ငါက မျက်စိရှေ မှာ မြင်နေ၇တာတဲ့
အရက်မူးကျွဲခိုးပေါ် ဆိုသည့် စကားအတိုင်း
အမှန်တရားအတွက် တိုက်ပွဲဝင်ခဲ့တဲ့  ကျောင်းသားတပ်ဖွဲ့ ဟောင်းတဦးမှ
နှစ်ပေါင်းများစွာ မြိုသိပ်ခဲ့ရတဲ့  ဖြစ်ရပ်မှန်ကို ပြောပြခဲ့ပါတယ် ။
၁၉၉၃ ခုနှစ်က လူသတ်မှု ၂ ခုပေါ်လာပါသည် ။
ကိုထွန်းထွန်းဦး ပြောပြသည်မှာ
ရန်သူ့ လူ တယောက်မိသည်ဟု သတင်းကြားပြီး
သွားကြည့်ရာ ကိုဌေးနိုင်ကို အံ့သြစွာစွာ ဖြင့် မြင်လိုက်ပါသည်။
ကျွန်တော် လေးစားသော ကျောင်းသားတပ်မတော် ဦးစီးချုပ် ။
ဗဟိုမှ လက်မှတ်ထိုး ဖမ်းမိန့် ပေးထားသည့် စာမှာ သိမ်းခဲ့သော်လည်း
ပျောက်ဆုံးခဲ့ပါသည် ။
ဆီဝေရင် ကျွန်တော့ကို ချာတိတ်ဟခေါ်ကာ ပိုပေးတတ်ပါသည်ု
ကျွန်တော်က ဂျီတီအိုင်က ကျောင်းသားပါ ။
ကျွန်တောက အဲဒီတုံးက လူငယ်တယောက်ပါ ။
ကိုဌေးနိုင်ကို အထက်အရာရှိ အဖြစ်လေးစားပြီး
အကိုတယောက်ကဲ့သို့  သံယောဇဉ် ရှိပါတယ် ။
ကိုဌေးနိုင်ကို ဖမ်းထားစဉ် အကို ဖြစ်သူ ဘန်ကောက်မှာ ရှိသည်ဟု
အကြောင်းကြားလာပါသည် ။
လှဝင်း ဆိုသော ချာတိတ်ဖြစ်ပါသည် ။
မမြင်ဖူးတော့ မယုံပါဖူး။
အခု ခင်ဗျားနဲ့  မနီလွိုင်မှာတွေ့ မှ မြင်ဖူးတာကိုး ။
မိုးသီးက လက်နက်တွေကို ပဲခူးရိုးမထဲရှိ ကွန်မြူနစ်တို့ ထံပို့ ခိုင်းပါသည် ။
ကျွန်တော် ကိုယ်တိုင် ရဲဘော်အချို့ ကို ခေါ်ပြီး
သေနပ် အလက် ၂၅ လက်ပစ်ဗုံးများ
မယ်နယ်ပလော မှ လှေဆိပ်သို့  ထမ်းချပေးခဲ့ရပါတယ် ။
ကေအန်ယူမှ သိရှိသွားပြီး
ကျွန်တော်တို့ အားလုံး အဖမ်းခံရပါသည် ။
ဒေါက်တာနိုင်အောင်မှ သတင်းရပြီး
နိုင်ငံခြားသား သတင်းထောက်များ ခေါ်လာပြီး ကေအန်ယူလက်ထဲမှ ထုတ်ပါသည် ။
ဗိုလ်ချုပ်မြ မှ မင်းတို့  ကရင်နယ်မြေမှ ထွက်ရန် အမိန့် ပေးလာပါသည် ။
ကျွန်တော်တို့  ကျောင်းသားဗဟို အဖွဲ့  မယ်နယ်ပလောမှ ထွက်ခွာရန် ပြင်ဆင်ပါသည် ။
ကျွန်တော်တို့  စက်လှေကို ပြင်ဆင်ပြီး တော့
အချုပ်ခန်းထဲမှ
ဒီကောင်ကြီးကို ဘယ်လို လုပ်ကြမလဲဟုတိုင်ပင်ကြပါသည်။
နိုင်အောင်လဲ ရှိတယိ ။ လွမ်းဏီ ဘစောထွန်း တို့ လည်းရှိနေပါသည် ။
ကျွန်တော်က ပစ္စတို ၂ လက် ခါးကြားမှာ ဆိုတော့ အကောင်ပေါ့
ကျွန်တော့ ကို အမိန့် ပေးလို့ မရပါဖူး
ကရင်နီကို တပ်ပြောင်းရာမှ
ဒီ ၂ ကောင်က အခက်အခဲဖြစ်နေလို့ 
ထားခဲ့ ရန် အားလုံးက သဘောတူ ဆုံးဖြတ်ခဲ့ကြပါသည် ။
ကျွန်တော်တို့ က ပညာတတ်ကျောင်းသားတွေပါ
ကိုယ်တိုင် သတ်ရန်မလိုပါဖူး
ကိုဌေးနိုင်ကို ဆေးထိုးလိုက်ပါတယ် ။
ဒီလောက်ကြီးတဲ့  ခန္တကိုယ်ကြီး ၅ မိနစ်မခံပါဖူး
ကောင်းလိုက်တဲ့ ဆေးပါ ။
ကျန်တယောက်ကိုတော့
ပစ္စတိုနဲ့  ခေါင်းကို ကျွန်တော်တို့ ထဲမှ တယောက်က
သေနပ်စမ်းလိုက်ပါတယ် ။ တချက်တည်းပါဘဲ .
မှတ်မှတိရရ သူ့ နာမည်က လှဝင်းတဲ့ 
ကျွန်တော်တို့ လည်း အဖမ်းခံ ထားရပြီး လွတ်လာခါစဆိုတော့
ညစ်နေတာပေါ့ဗျာ
ဆောရီးဘဲ ကိုဌေးတင့်
ကျွန်တော် အမှန်တကယ် စိတ်မကောင်းပါဖူး
မှတ်မှတ် ရရ ၁၉၉၃ မတ်လ ၂၂ နဲ့ ၂၇ ကြားပါ သတ်ပြီးချိန်မှာ ကရင်က လာမေးတော့
သယ်သွားမယ်ဟု ပြောပြီး လှေထဲမှာ စောင် အုပ်ပြီး
အဲဒါ ဌေးနိုင်ဟု လက်ညိုးထိုးပြခဲ့ပါသည်။
ဌေးနိုင်နဲ့  လှဝင်းအလောင်းကို ပုဆိုးစုတ်ကလေး အုပ်ပြီး
ချုံပုတ်ဘေးမှာ ပစ်ထားခဲ့ပါသည် ။
ရဲဘော်တယောက်မှ လှေထွက်ခါနီး အလောင်းထားခဲ့တယ်လို့ 
ကရင်တပ်ကို ပြောခဲ့ပါတယ် ။
မတတ်နိုင်ဖူးဗျာ တာဝန်ကြေအောင် လုပ်ပေးရတာဘဲ ။
နိုင်အောင်က မိုးသီးလောက် နိုင်ငံရေး မကောင်းဖူး
သူတို့  ၂ ယောက်က အတူတူပါဘဲလေ ။
( ရဲဘောရဲဖက်များ ကို ကျွန်တော ရသည့် သတင်းကို ပေးပို့ ပါသည်။
အမှန်တရား တခုကို ပူးပေါင်းပိတ်ဆို့ လို့ မ၇နိုင်ပါ ။
ကျွန်တော့် ဆီမှာ အသံသွင်းဖိုင်ရှိသော်လည်း
အချိန်မကြသေးလို့ မဖြန့် တော့ပါ ။
ကိုဌေးနိုင် သေဆုံးချိန်မှာ အတူတူရှိသော
့လူခြောက်ယောက် ယောက်စာရင်း
ထွက်လာပါသည် ။
ကိုဌေးနိုင်ကို သတ်မိန့် ပေးတဲ့ အဖွဲ့ ကတော့
မိုးသီး ဒေါက်တာနိုင်အောင် ဘစောထွန်း လွမ်းဏီ ဇော်ရဲ
(အောက်မှာညင်းထားပါတယ် လုပ်ကြံတာပါတဲ့) ထွန်းထွန်းဦး ဖြစ်ပါသည်။
ကိုဌေးနိုင်ကို ဖမ်းရန် အမိန့် ထုတ်ခဲ့ လက်မှတ်ထိုးသူမှာ မိုးသီး ဖြစ်ပါသည် )
ကနေဒါမှ ကျောင်းသား ရဲဘော် ရဲဘက်များက ကိုဌေးနိုင်နှင့် ပါတ်သက်
တခုခုလုပ်နိုင်ရန် တိုင်ပင်နေသည်ဟု ကို နိုင်ဦးမှ ပြောလာပါသဖြင်
သိရှိစေရန် တင်ပြပါသည်။
ဒေါ်အောင်ဆန်းစုကြည်ပြောတဲ့  လူငယ်တိုင်းကို
တာဝန်ပေးဖို့ စဉ်းစားရန်လိုသည်ကို
ညီတယောက် ပေးသည့် သမိုင်းမှန်ဖြင့် ထောက်ခံလိုက်ပါသည် ။
ဌေးတင့်
ဖုံးရင်း ဖိရင်း ပေါ်လာတယ် ။
A'karikz Yannaing
(ဒီပုံမှာ ရပ်နေသူ...မောင်မောင်ထွေး၊ ကျနော်ရန်နိုင်(ခ) သုအိုင်စံ၊ ကိုပြုံး၊ ဟန်ဝင်းအောင်....ထိုင်နေသူ...ကိုဇော်ဝင်းလွင်၊ အောင်ဝင်းတင်၊ စုတ်ချွန်း၊)။.....ဒါကိုမိုးသီးဗဟို အခြေစိုက်တဲ့ သေ့လောထ ဆက်သွယ်ရေးကုန်းပါ။ ဒီကုန်းမှာ နေခဲ့ရတဲ့ နောက်ဆုံးညတွေကို ဘယ်တော့မှ မမေ့ပါဘူး...ဒီကုန်းရဲ့ အနောက်ဖက်အမြင့်ဆုံးနေရာကနေ ညနေပိုင်းတွေ ညပိုင်းတွေမှာ ကိုနိုင်အောင် ဦးဆောင်တဲ့ ၂၁၄ တပ်ရင်းက ရဲဘော်တွေက သေနတ်တွေ လာလာခြောက်ပစ်ပါတယ်။ အဲဒီကာလဟာ ဗိုလ်ချုပ်မြက ကိုမိုးသီးတပ်တွေအားလုံးကို ကရင်နယ်မြေကနေမောင်းထုတ်နေချိန်ဖြစ်တယ်...ကျနော်တို့အားလုံး ကိုအောင်သူငြိမ်းရဲ့ကျေးဇူးကြောင့် မသေပဲ အားလုံးထွက်လာနိုင်ခဲ့တာပါ။ ကျနော်ကတော့ နေ့လည်ဆို စက်ကိုင်တယ်....မွေးထားတဲ့ကြက်တွေကို နေ့တိုင်းရိုက်ချက်စားတယ်...ကျနော်တို့ ရဲဘော်တွေ (ကလလတ)ဖက်ကို တဖြေးဖြေး စတင်ပြောင်းရွှေ့နေပြီကိုး...ညမှာ ကျနော့် m16 ကို ကျည်အပြည့် ကိုယ်မှာပတ်၊ ကျည်ထိုး၊ ကိုယ့်ကိုယ့်ကိုယ်သေလူအဖြစ်သတ်မှတ်ပြီး ကြက်အိပ်ကြက်နိုးအိပ်ရတယ်...ပြသနာအခြေနေအားလုံးစုံကို ကျနော်တို့ စက်သမားတွေ သိထားတယ်..မယုံမရှိပါနဲ့ အဲဒီကာလမှာ အဆင်မသင့်ရင် ကျောင်းသားအချင်းချင်းပြန်ပစ်ရမဲ့ အခြေအနေတွေ တကယ်ရှိနေခဲ့ပါတယ်...ဒါပေမဲ့ ဘာမှ မဖြစ်ခဲ့ကြပါဘူး...တညမှာ ည ၁၂နာရီလောက်ကြီး ကိုမိုးသီး ဘောင်းဘီတို အင်္ကျီချွတ်ကြီးနဲ့ ကြောက်ဒူးတုန်ပြီး ဒီကုန်းပေါ်ပြေးတက်လာတယ်...ကျနော်က "ဘာဖြစ်တာလဲ ဥက္ကဌ" လို့ ခပ်သုတ်သုတ်မေးတော့ လာဝိုင်းတယ် လာဝိုင်းတယ် လို့ ဖြေတယ်...ဟုတ်တယ် သံလွင်ကမ်းစပ်မှာ သူတို့ကောင်တွေ မီးပြပြနဲ့ ခြေရှုပ်နေတယ်...နောက် ရက်မကြာခင်မှာပဲ ကိုမိုးသီးအပြီးပဲ ခရီးထွက်သွားတယ်...အဲဒီကုန်းမှာ ဒုတိယနောက်ဆုံးည အထိကျနော် ရှိနေခဲ့တယ်..နောက်နေ့မှာ ကိုဝင်းနိုင်ဦးနဲ့ကျနော် သော်လဲထကနေ မဲစရင်းကို ထွက်ခဲ့တယ်...ဒီကုန်းရဲ့ ဘယ်အောက်ဖက် စမ်းချောင်းဘေးမှာ ကိုဌေးနိုင်ကိုထားတဲ့နေရာရှိတယ် (အရင်ကတော့ သံလွင် ဟိုဖက်ကမ်းမှာထားတယ်...ပြသနာတွေအကြီးအကျယ်တက်လာတော့ သူ့ကို ဒီဖက်ကမ်းကို ပြန်ခေါ်ထားတယ်)။ ကျနော်တို့အားလုံး ပြောင်းရွှေ့လာကြတော့ ကိုဌေးနိုင် ပါမလာတော့ပါဘူး...ဘယ်လိုပုံစံနဲ့ကျန်ခဲ့လဲဆိုတာ ကျနော်တို့ အများစု မသိသလို၊ လူအများလည်းစိတ်ဝင်စားနေတဲ့ကိစ္စတစ်ခု ဖြစ်နေတယ်။ ဗဟိုဆက်သွယ်ရေးမှာ တာဝန်ယူရတဲ့ ရဲဘော်တွေဟာ လဝတွေ ကိုင်ထားရလေ့ရှိတယ်...ကျနော်တခါတခါ စဉ်းစားမိတယ်..အဲဒါဟာ ဘယ်လောက်ကာလအထိ အကျုံးဝင်သလဲဆိုတာကို.......(တချိန်ချိန်ကျရင် အဲဒီကာလက အသက်အခြေအနေ ခြိမ်းခြောက်ခံနေတဲ့ပြသနာတွေအကြောင်း ပြည့်ပြည့်စုံစုံရေးဦးမယ်ဗျာ)။

From: ME
No comments:
Post a Comment