Tuesday, August 21, 2012

ကချင်ပြည်နယ်က သေနတ်သံများ၏ အဖြေ... ရှာဖွေတွေ့ရှိခြင်း

သြဂုတ်လ (၂၁)



     နိဋ္ဌာရုံတွေ မမြင်ချင်မကြားချင်ဘဲ... ကျွန်တော်တို့မြင်နေကြားနေ ရပါတယ်...     ကချင်ပြည်နယ်မှာ တိုက်ပွဲတွေကြောင့်... သေဆုံးဒဏ်ရာရတာတွေ... စစ်ရဲ့အ
ကျွန်တော်တို့လဲ ကချင်ပြည်နယ်မှာနေတဲ့ သူတွေအေးချမ်းဖို့... နှစ်ဖက်တပ်တွေငြိမ်းချမ်းရေးရဖို့... ဘုရားသခင်ထံ အမြဲတမ်းဆုတောင်းပါတယ်... ကျွန်တော်တို့က ဆုတောင်းရုံအပြင် တခြားဘာမှမလုပ်နိုင်ဘူး... သမ္မတဦးသိန်းစိန်ပြောတဲ့အထဲမှာ... လက်နက်ကိုင် ၁၁ ဖွဲ့ရှိတယ်... ၁၀ ဖွဲ့နဲ့ လက်မှတ်ထိုးပြီးပြီ... တစ်ဖွဲ့ပဲ ကျန်တော့တယ်... အဲ့ဒါ KIA ပဲလို့ သိရတယ်... ဒါဆို KIA က ဆယ်ယောက်တစ်ယောက်လိုဖြစ်နေတယ်လို့ မှတ်ယူရမှာဖြစ်ပါတယ်...

          KIA ဘာဖြစ်လို့ငြိမ်းချမ်းရေးမလုပ်တာလဲ... ကျွန်တော် ခဏခဏစဉ်းစားတယ်... တခြားလူတွေလို ငြိမ်းငြိမ်းချမ်းချမ်း မနေချင်ဘူးလား... တကယ်ဆို သူတို့ KIA ခေါင်းဆောင်တွေက သူတို့ပြည်နယ် အေးချမ်းဖို့ ပိုပြီးမလုပ်သင့်ဘူးလား... သူ့ပြည်နယ်ထဲကရှိပြီးသား၊ ဖြစ်တည်ပြီးသား လမ်းတံတား အဆောက်အဦတွေ သူတို့ကိုယ်တိုင်ဖျက်ဆီးပြီး ဘာဖြစ်လို့စစ်တိုက်နေတာလဲ... သူတို့လုပ်ပုံက ဘာနဲ့တူသလဲဆိုတော့... သစ်ကိုင်းစွန်းမှာထိုင်ပြီး ကိုယ်ထိုင်တဲ့သစ်ကိုင်းအရင်းကို မိုက်မဲစွာ ခုတ်ဖြတ်နေမိတဲ့ ဦးနှောက်မဲ့သစ်ခုတ်သမားနဲ့တူတယ်... မကြာခင် ဒလိမ့်ခေါက်ကွေးကျတော့မယ်... အခြားငြိမ်းချမ်းရေးလက်မှတ်ထိုးတဲ့အဖွဲ့ ၁၀ ဖွဲ့နဲ့ သူတို့နဲ့ဘာတွေကွာနေလို့လဲ... အစိုးရက  ငြိမ်းချမ်းရေး လိုလားနေပြီး သူတို့က ဘာလို့ငြိမ်းချမ်းရေးမလိုလားတာလဲ... ကျွန်တော်မတွေးတတ်ခဲ့ပါဘူး... ဒါပေမယ့် မနေ့ကတော့... ကျွန်တော်သိချင်တဲ့အဖြေ ရှင်းရှင်းလင်းလင်းသိပါပြီ... သြဂုတ်လ ၁၅ ရက်နေ့ KDN ၀က်ဘ်ဆိုက်မှာ ဖော်ပြထားတဲ့ မြန်မာ-တရုတ်နယ်စပ်က စစ်ရေးလေ့လာသူတစ်ဦး ရေးသားထားတာကို ဖတ်ရပြီး ကျွန်တော်သဘောပေါက်သွားပါပြီ...
          ငြိမ်းချမ်းရေးပန်းခင်းနှင့် မာယာမြစ်တစ်စင်းဆိုပြီး KIA က လူကြီးတစ်ဦးဖြစ်တဲ့ ဂျိမ်းစ်လွမ်းဒေါင်ရဲ့ ပြောကြားချက်ကို ဖော်ထုတ်ရေး သားထားတာဖြစ်ပါတယ်... KDN ၀က်ဘ်ဆိုက်မှာ ဖတ်ကြည့်ကြပါ... အဲ့ဒီမှာမဖတ်ချင်ယင်လဲ ကျွန်တော်ပဲဖော်ပြပေးပါမယ်...
ဗန်ကောက်တွင်ရှိသော KIA ၏ ဗဟိုကော်မတီဝင်လည်းဖြစ်၊ နိုင်ငံခြားဆက်ဆံရေးဌာန တာဝန်ခံလည်းဖြစ်သူ ဂျိမ်းစ်လွမ်းဒေါင်နှင့် ရင်းနှီးမှုအခြေခံရှိသည့်အတိုင်း KIA ၏ ငြိမ်းချမ်းရေးဆိုင်ရာ မူဝါဒ Peace Policy ကို ဆက်သွယ်စုံစမ်းခဲ့ပါသည်။ ဂျိမ်းစ်လွမ်းဒေါင် ၏ အဖြေက ယခုလို ဖြစ်ပါသည်။
“အပစ်အခတ်ရပ်စဲရေး(Cease-Fire)ကို အရင်လုပ်လို့မဖြစ်ဘူးဗျ။ နိုင်ငံရေးဖြေရှင်းမှု (Political Settlement)ကို အရင်သွားဖို့က KIO ရဲ့မူဖြစ်နေတယ်။ ဒီမူအတိုင်းပဲ KIOက ဆက်လျှောက်မှာဖြစ်တယ်။ ဒါက မဟာဗျူဟာအပိုင်းဖြစ်ပါတယ်။ နည်းဗျူဟာအပိုင်းကတော့ အစိုးရကနေ စစ်တပ်ကိုပေးထားတဲ့ ညွှန်ကြားချက်ဟာ KIO အတွက် ထွက်ပေါက်တစ်ခုဖြစ်တယ်။ ဒါကိုအသုံးချရမယ်။ ထိုးစစ်မဆင်တဲ့ စစ်တပ်ကို  မိုင်းစစ်ဆင်ရေးနဲ့ ထိထိရောက်ရောက် ထိန်းချုပ်တိုက်ခိုက်ပြီးအချိန်တစ်ခုကိုဆွဲဆန့်ရမယ်။တစ်ချိန်တည်းမှာပဲ နိုင်ငံရေးစကားတွေ ပြောနေမယ်။ တိုက်ပွဲတွေကာလရှည်လာတာနဲ့အမျှ နိုင်ငံတကာ မျက်နှာစာမှာ အစိုးရသိက္ခာကျဖို့ပဲရှိတယ်။ ဒါကြောင့် ရေရှည်စစ်အသွင်သွားရမယ်။ ပြည်တွင်းပြည်ပရဲ့ ဖိအားတွေ အစိုးရအပေါ် သက်ရောက်မှုများလေ KIO လိုချင်တဲ့ နိုင်ငံရေးတောင်းဆိုမှု လမ်းကြောင်းက ချောမွေ့လေဖြစ်မယ်။ KIO မှာ အခြားအဖွဲ့တွေနဲ့မတူတဲ့ နိုင်ငံရေးလိုလားမှုတွေရှိတယ်။ ဒါတွေကတော့ အထူးလျှို့ဝှက်ကိစ္စမို့ ပြောမပြနိုင်တာ သည်းခံပေးပါ။ ဒီလိုလားချက်တွေအတွက် KIO ဟာ မဖြစ်မနေ စစ်ပွဲကိုအချိန်ယူရမှာဖြစ်တယ်။ အပစ်ရပ်ပြီးမှ နိုင်ငံရေးဆွေးနွေးရင် ဒီအခွင့်အရေးတွေ KIO ကဆုံးရှုံးမယ်၊ ဒါကြောင့် KIO ဟာ နိုင်ငံရေးလိုလားချက်တွေမရမချင်း  စစ်တိုက်နေရမယ်ဆိုတဲ့မူကို ချမှတ်ထား တာဖြစ်တယ်”
ဂျိမ်းစ်လွမ်းဒေါင်၏အဖြေသည် KIO ၏ ငြိမ်းချမ်းရေးမဟာဗျူဟာကို ထဲထဲဝင်ဝင်လေ့လာရခြင်း ဖြစ်သလို အစိုးရ၏ မူဝါဒအပေါ်အသုံးချထားသည့် စစ်ရေးနည်းဗျူဟာကိုပါ မြင်တွေ့ရခြင်းဖြစ်သည်။
ကဲ... ဒီလောက်ဆို KIA ငြိမ်းချမ်းရေးဘာကြောင့်မလုပ်လဲ အဖြေရှင်းပြီထင်ပါတယ်... KIA မှာ တခြားအဖွဲ့တွေနဲ့မတူဘဲ ကျိတ်ပြီးကြံစည်နေတဲ့ ဉာဏ်နီဉာဏ်နက်တွေရှိတယ်... အစိုးရက ကချင်ပြည်နယ်မှာထိုးစစ်မဆင်ဖို့ စစ်တပ်ကို ညွှန်ကြားထားတာကို KIA က အသုံးချပြီး ရေရှည်စစ် ဖြစ်အောင် လုပ်နေတယ်ဆိုတာ... KIA လူကြီးတစ်ယောက်ရဲ့ စကားဖြစ်ပါတယ်... ဒါကိုသိလိုက်ရတဲ့ အချိန်မှာ ကျွန်တော်အတော်ပဲစိတ်မကောင်းဖြစ်မိပါတယ်... KIA ခေါင်းဆောင်တွေဟာ အတော်ပဲ အကြံကြီးပြီး ကောက်ကျစ်လှပါလား... ဒါကြောင့်အစိုးရက ဘယ်လိုပဲဆွေးနွေးဆွေးနွေး ငြိမ်းချမ်းရေးကို ဝေ့လည်ကြောင်ပတ်လုပ်နေတာပဲပေါ့...
ကျွန်တော်သိတဲ့ အင်္ဂလိပ်ဝေါဟာရရှိတယ်... အားလုံးသိအောင်ပြောရရင်... KIA ဆိုတဲ့ အင်္ဂလိပ်စကားလုံးတစ်လုံးချင်း အဓိပ္ပါယ်ဖွင့်ဆိုချက်ဟာ... Killed In Action  စစ်ပွဲအတွင်း... တိုက်ခိုက်မှု အတွင်း... ဖြစ်စဉ်ဖြစ်ရပ်တွေအတွင်း.. သေဆုံးခြင်း... ကျဆုံးခြင်းလို့အဓိပ္ပါယ်ရတယ်... အတော်နိမိတ် မရှိတဲ့ နာမည်ပဲဖြစ်ပါတယ်... ပညတ်သွားရာဓာတ်သက်ပါ ဆိုသလို... KIA ဟာ သူတို့မွှေးတဲ့စစ်မီးထဲမှာ သူတို့ကိုယ်တိုင် ကျဆုံးတော့မှာပါ... SOS... Save Our Soul ဆိုတဲ့စကားရပ်ကမှ ကယ်တဲ့သူပေါ်ယင် ပေါ်လာနိုင်သေးတယ်... KIA ဆိုတဲ့ ဝေါဟာရကတော့ ကူမဲ့ကယ်မဲ့သူပေါ်လာစရာ အကြောင်းမရှိပါဘူး... KIA က ဂျိမ်းစ်လွမ်းဒေါင် ကို ကျွန်တော်အထူးပဲကျေးဇူးတင်ပါတယ်... သူပြောလို့သိရတဲ့ KIA ရဲ့ မဟာဗျူဟာ၊ နည်းဗျူဟာတွေဟာ... ကချင်ပြည်နယ်ကိုဖျက်ဆီးမဲ့ မဟာဗျူဟာလား... ကချင်ပြည်သူ တွေကို ဒုက္ခတွင်းထဲပို့မယ့် နည်းဗျူဟာလား... KIA ခေါင်းဆောင်တွေ ကိုယ့်လည်ပင်းကိုယ် ကြိုးကွင်း စွပ်ပြီး ကိုယ်ဖိုတဲ့မီးဖိုထဲ ကိုယ်ကိုယ်တိုင်ခုန်ချဖို့ အကြံအစည်တွေပဲလား... အခုတော့ ကချင်ပြည်နယ်က သေနတ်သံများ၏ အဖြေ...KIA ...ဆိုတာ အားလုံးပဲ ရှာဖွေတွေ့ရှိနိုင်ကြပြီ ထင်ပါသည်...
                                                                                                      ကချင်ပြည်နယ်က အပြစ်မဲ့သူတွေအားလုံးကို ဘုရားသခင် ကောင်းချီးပေးတော်မူပါ...
                                                                                                                                       အာမင်
                                                                                                                         သိက္ခာတော်ရဆရာ ဦးလဖိုင်ဝါနော်
From: kachindainynews

No comments:

Post a Comment