Tuesday, August 21, 2012

ယနေ့ (သြဂေုတ်လ ၂၁ရက်နေ့) တွင် ပြုလုပ်မည့် အမျိုးသားလွှတ်တော် အစည်းအဝေး၌ ဆွေးနွေးမည့် အကြောင်းအရာများ



ယနေ့ (သြဂုတ်လ ၂၁ရက်နေ့) တွင် ပြုလုပ်မည့် အမျိုးသားလွှတ်တော် အစည်းအဝေး၌ အောက်ပါ အကြောင်းအရာများကို ဆွေးနွေးကြမည် ဖြစ်ပါသည်။ 

(၁) မြန်မာ-ထိုင်း ဆက်သွယ်မည့် အမှတ် (၂) ချစ်ကြည်ရေး တံတားကြီး တစ်စင်း ထပ်မံတည်ဆောက်မည့် အခြေအနေနှင့် မြ၀တီမြို့မှ သင်္ဃန်းညီနောင်အထိ ကုန်သွယ်ရေး လမ်းမကြီးကို သင်္ဃန်းညီနောင်မှ ကော့ကရိတ်အထိ ဆက်လက် ဖောက်လုပ်မည့် အခြေအနေကို သိရှိလိုခြင်း မေးခွန်း။

(၂) အမျိုးသားလွှတ်တော် ပညာရေး ကျန်းမာရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ ကော်မတီက ကော်မတီ၏ အစီရင်ခံစာကို ဖတ်ကြားတင်သွင်းခြင်း။


(၃) အမျိုးသားလွှတ်တော် ပြည်သူတို့၏ တိုင်ကြားစာနှင့် အသနားခံစာဆိုင်ရာ ကော်မတီ၏ အစီရင်ခံစာကို လွှတ်တော် ကိုယ်စားလှယ် လေးဦးက ဆွေးနွေးခြင်း။

(၄) သန့်ရှင်းသော အစိုးရဖြစ်စေရန် ၀န်ထမ်းများ၏ ရပိုင်ခွင့် ခံစားပိုင်ခွင့်များ အဆင့်အလိုက် ခံစားခွင့် ခံစားခွင့်ရရှိစေရန် အဆိုအား လွှတ်တော် ကိုယ်စားလှယ် လေးဦးက ဆွေးနွေးခြင်း။

(၅) အမျိုးသားလွှတ်တော် ပြည်သူတို့၏ တိုင်ကြားစာနှင့် အသနားခံစာ ဆိုင်ရာ ကော်မတီ၏ ယနေ့နိုင်ငံတော်တွင် သန့်ရှင်းသော အစိုးရ ကောင်းမွန်သော အုပ်ချုပ်မှု စနစ် အကောင်အထည်ဖော် ဆောင်ရွက်နေချိန်တွင် တရားစီရင်ရေး ကဏ္ဍအနေဖြင့် တရားမျှတစွာ မှန်ကန်သည့် တရားစီရင်ရေး ဖြစ်ပေါ်စေရေးကို အထူးအလေးထား ကြီးကြပ်ဆောင်ရွက်ရန် ပြည်ထောင်စု တရားလွှတ်တော်ချုပ်အား တိုက်တွန်းကြောင်းအဆို တင်သွင်းခြင်း။

(၆) ပညာရေးတိုးတက် ပြောင်းလဲဆောင်ရွက်ရန် ပြည်ထောင်စု အစိုးရအား တိုက်တွန်းကြောင်း အဆိုကို တင်သွင်းခြင်း။

No comments:

Post a Comment