လတ်တလောမှာ သန္တာဗိုကကြော်ငြာတွေ ရိုက်ကူးဖြစ်နေပြီးဓာတ်ပုံ၊ ဗီစီဒီ
ရိုက်ကူးမှုတွေလည်း ပြုလုပ်နေပါတယ်။ ဇာတ်ကားရိုက်ကူးမှုလေးတွေ လည်း
လုပ်ဖြစ်လာတဲ့အတွက် ဇာတ်ကားရိုက်ကူးမှုနဲ့ ကြော်ငြာရိုက်ကူးမှု ကွာခြားပုံကို
သန္တာဗိုက...''ကားရိုက်က ဇာတ်လမ်းဆိုတော့ အိုက်တင်တွေ၊

စကားပြောတွေကို
အသေအချာ လေးလုပ်ရတယ်။
ကြော်ငြာဆိုရင် လည်း သေသေချာချာတော့လုပ်ပါတယ်။ လူငယ်
စတိုင်မျိုးလေးတွေ ပိုလုပ်ရတယ်ဆိုတော့ နည်းနည်းတော့ကွာခြားမှုတွေ ရှိတယ်။
ကြော်ငြာ ရိုက်မယ်ဆိုရင်လည်း ကိုယ့်ဘက် က အဝတ်အစားနဲ့ အသုံးဆောင်
ပစ္စည်းလေးတွေကိုကြော်ငြာရဲ့ကုန်
ပစ္စည်းနဲ့လိုက်အောင်ကြိုပြီးတော
့ ပြင်ဆင် ရတယ်။ကြော် ငြာရိုက်ကူးရတာက ပရိသတ်တွေနဲ့ပိုပြီးတော့ နီးစပ်ခွင့် ရတယ်'' လို့ဆိုပါတယ်။ သန္တာဗိုကအခုနောက်ပိုင်းကားရိုက်
များလာတဲ့အခါ
အရင်ကထက် ကိုယ့်ကိုယ်ကိုယ်တစ်ဖြည်းဖြည်း ယုံကြည်မှုတွေ ရှိလာ ပါတယ်။
''ပထမဆုံး ကားမှာတော့ အခက်အခဲတွေ အများကြီးရှိတယ်၊ ကိုယ်ကလဲ သိပ်ပြီးတော့
မကျွမ်းကျင်သေးဘူး၊ ကင်မရာအနေအထားတွေ လည်းမသိသေးဘူး။ ကိုယ်ကဝါရင့်
သရုပ်ဆောင်တွေနဲ့ တွဲရိုက်တဲ့ အခါ ကြော်ငြာပဲဖြစ်ဖြစ်ဇာတ်ကားပဲဖြစ
်ဖြစ်
ရိုက်နေတဲ့အခါမှာ သူတို့ ရဲ့အိုက်တင်ပိုင်း၊ နောက်ပြီးတော့ အစစအရာရာ
သူတို့ဆီက အတုယူလေ့ လာဖြစ်တယ်''လို့လည်း ပြောပါတယ်။ အင်တာနေရှင်နယ်
အရပ်အမောင်းကို ပိုင်ဆိုင်ထားတဲ့အတွက် သရုပ်ဆောင် မင်းသားတွေနဲ့
ရိုက်ကူးမှုတွေ ပြုလုပ် တဲ့အခါမှာအခက်အခဲ ရှိတာမျိုးတွေဖြစ်လားလို့
မေးကြည့်တော့..'' အဓိက ကတော့ ကားရိုက်တဲ့အခါ သန္တာကဒေါက်မြင့်တွေ မစီးဘူး။
ဖိနပ် ပါးလေးတွေပဲရွေးပြီးစီးဖြစ်တယ်'
'လို့ သန္တာဗိုကပြောပါတယ်။
No comments:
Post a Comment