Thursday, September 6, 2012

ကမ္ဘာ့အလှဆုံး အမျိုးသမီး သိပ္ပံပညာရှင် - HEDY LAMARR




ကမ္ဘာ့အလှဆုံး သိပ္ပံပညာရှင်၊ ဥရောပရဲ့ အလှဆုံး အမျိုးသမီး လို့ မှတ်တမ်းတင်ခဲ့တဲ့ Hedy Lamarr ဟာ ၁၉၁၃၊ နိုဝင်ဘာ၉ ဖွားဖြစ်ပါတယ်။ 19 January 2000 ခုနှစ် အသက် ၈၆ နှစ်အရွယ်မှာ ကွယ်လွန်ခဲ့တဲ့ သြစတေးရီးယား-အမေရိကန် မင်းသမီး တစ်ဦး ဖြစ်ပါတယ်။ 

အနုပညာ သက်တမ်း ၁၉၃၀ မှ ၁၉၅၈ ကြားမှာ အောင်မြင်မှုယူခဲ့သလိုသိပ္ပံပညာလောကမှာလည်း အောင်မြင်မှု တစ်ခုယူခဲ့ပါတယ်။ ဒါကတော့ ၁၉၄၀ နောင်းပိုင်းကာလက(၁၉၄၁-၄၂) မှာ ကြိုးမဲ့ဆက်သွယ်ရေး စနစ်တစ်ခု တီထွင်ခဲ့ခြင်း ဖြစ်ပါတယ်။ ကြားဖြတ်ထောက်လှမ်းလို့မရတဲ့ ကြိုးမဲ့ ဆက်သွယ်ရေးစနစ်ကို အိုင်ဒီယာရပြီး အနုပညာ- ဂီတ ဖန်တီးရှင် George Antheil နဲ့ ပူးပေါင်း တီထွင်ခဲ့ရာ အောင်မြင်မှု ရရှိခဲ့ပါတယ်။ Wi-LAN စနစ်ဆိုတာ Hedy Lamarr တို့ စတင်ပေးခဲ့တာ ဖြစ်ပါတယ်။

ဒီလို အနုပညာလောကမှာပါ မင်းသမီးအဖြစ် သရုပ်ဆောင်နိုင်တဲ့အပြင် သိပ္ပံပညာရပ်မှာလည်း ထူးချွန်တဲ့ Hedy Lamarr ကို ကမ္ဘာ့အလှဆုံး အမျိုးသမီး သိပ္ပံပညာရှင်လို့ မှတ်တမ်းတင်ခဲ့တယ်လို့ သိရပါတယ်။
---
Ref:Wikipedia
Photo source Mtimes




No comments:

Post a Comment