Thursday, September 6, 2012

ဒါနဲ့တွေ့ရင် ဆရာဝန် လဲခံ ရတာဘဲ



မေ့ဆေးပေးတယ် ဆိုရင် ဆရာဝန်တွေက ပေးတတ်ပါတယ်။ အခုတော့ မေ့ဆေးပေးခံရတာ ဆရာဝန် ကိုယ်တိုင်ပါပဲ တဲ့။ ပြီးခဲ့တဲ့လထဲမှာ ချင်းမိုင် (ဇင်းမယ်) မြို့က ဆရာဝန် တယောက် နိုက်ကလပ် မှာ တွေ့တဲ့ အမျိုးသမီး တယောက်ကို ဟိုတယ် ခေါ်သွားတယ်၊ ဟိုတယ်ခန်း တခုမှာ အမျိုးသမီးက သူ့ကို မေ့ဆေး ပေး လိုက်တာလို့ ဆိုတယ်။ မေ့ဆေးက အမျိုးသမီးရဲ့ရင်သားမှာ လိမ်းထားတာပါ။ ဆရာဝန် မေ့မြောသွားတော့ ပစ္စည်းပစ္စယတွေ နဲ့ ကားကို အမျိုးသမီးက ယူသွားတော့တာပဲ တဲ့။ ဟိုတယ်လုံ ခြုံရေးကင်မရာ တွေရဲ့ မှတ်တမ်းအရ အမျိုးသမီးက ဟိုတယ်မှာ ၁၅ မိနစ်ပဲ ကြာခဲ့တယ် ဆိုပဲ။

ဒီအမျိုးသမီးက အသက် ၂၆ နှစ် ရှိပြီ၊ ဒီလို အမှုတွေကို တခြားမြို့တွေမှာလည်း ကျူးလွန်ခဲ့ဖူးတယ်လို့ ရဲက သတင်းထုတ်ပြန်ခဲ့ပါတယ်။ ဓာတ်ပုံတွေလည်း ထုတ်ပြန်ခဲ့ပါတယ်။
အခုတော့ မေ့ဆေးပေးပြီး ပစ္စည်းယူပြေးတယ်လို့ စွပ်စွဲခံရတဲ့ ဒီအမျိုးသမီးကို မလေးရှားနယ်စပ် ဟတ်ရိုင်မှာ ဖမ်းမိတယ် တဲ့။ဒီသတင်းက ထိုင်းနိုင်ငံ ဆိုင်ရာအွန်လိုင်းစာ မျက်နှာများမှာ လူဖတ်များ လူပြောများနေတဲ့ သတင်းတပုဒ်ပါ။ 






No comments:

Post a Comment