Thursday, September 6, 2012

(၇.၉.၂၀၁၂)မနက်ဖန်ပြည်ထောင်စုလွှတ်တော်တွင် ပါဝင်မည့်အစီအစဉ်များ

 

စက်တင်ဘာ ၇ တွင် ကျင်းပမည့် ပထမအကြိမ် ပြည်ထောင်စု လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး ၁၃ ရက်မြောက်နေ့တွင် ကာကွယ်ရေးဝန်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးရန် နိုင်ငံတော်သမ္မတက တင်ပြလာသော ပုဂ္ဂိုလ်နှင့် ပတ်သက်၍ လွှတ်တော်က သဘောတူကြောင်း ကြေညာခြင်းအစီအစဉ်ပါရှိကြောင်း သတင်းရရှိသည်။


ထို့အပြင် ပြည်ထောင်စုစာရင်းစစ်ချုပ်နှင့် ပြည်ထောင်စုဝန်ကြီးများအဖြစ် ခန့်အပ်တာဝန်ပေးသည့် ပုဂ္ဂိုလ်များနှင့် စပ်လျဉ်း၍ သ၀ဏ်လွှာကို ဖတ်ကြားခြင်းနှင့် လွှတ်တော်၏ သဘောတူညီမှုကို ရယူခြင်း အစီအစဉ်များလည်း ပါဝင်သည်။


ပြည်ထောင်စုလွှတ်တော် ၁၃ ရက်မြောက်နေ့တွင် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု ဥပဒေအား အတည်ပြုခြင်းနှင့် အထက်ပါ အစီအစဉ်များအပါအ၀င် အစီအစဉ် ၁၈ ခုပါဝင်မည်ဖြစ်ပြီး တတိယပုံမှန်အစည်းအဝေး၏ နောက်ဆုံးနေ့လည်းဖြစ်ကြောင်းသိရသည်။

No comments:

Post a Comment