Tuesday, August 21, 2012

ထူးထူးခြားခြား ဖင်လန်က မိုဘိုင်းလ်ဖုန်းပစ်ပေါက်ပြိုင်ပွဲ

 
 
မိုဘိုင်းလ်ဖုန်းပစ်ပေါက်ပြိုင်ပွဲတွင် ဖင်လန်ဆယ်ကျော်သက်တစ်ဦး ကမ္ဘာ့စံချိန်တင်နိုင်ခဲ့သည်ဟုသိရှိရပါသည်
ဖင်လန်နိုင်ငံ၌ နှစ်စဉ်ကျင်းပမြဲဖြစ်သည့် မိုဘိုင်းလ်ဖုန်း ပစ်ပေါက်ပြိုင်ပွဲတွင် ဖင်လန်နိုင်ငံသား ဆယ်ကျော် သက် ယောက်ျားလေးတစ်ဦးသည် ကမ္ဘာ့စံချိန်တင်နိုင်ခဲ့သည်ဟု အင်တာနက် သတင်းတစ်ပုဒ်အရ သိရသည်။ တစ်ဆယ့်ရှစ်နှစ် အရွယ်ရှိ အီရီကာဂျာလိုင်နန်သည် ပြိုင်ပွဲတွင် ၎င်း၏ဖုန်းကို အကွာအဝေး ၁ဝ၁ ဒသမ ၄၆ မီတာအထိ ပစ်ပေါက်နိုင်ခဲ့ပြီး ကမ္ဘာ့စံချိန်တင်နိုင်ခဲ့ခြင်း ဖြစ်သည်ဟု နိုင်ငံအတွင်း သတင်းဌာန တစ်ခု၏ ပြောကြားချက်အရ သိရသည်။
ပြိုင်ပွဲတွင် ဒုတိယရရှိခဲ့သူမှာ တောင်အာဖရိကမှ ဂျေရမီဂါလ်လော့ပ်ဆိုသူ ဖြစ်ပြီး ၎င်းသည် အကွာအဝေး ၉၄ ဒသမ ၆၇ မီတာအထိ ပစ်ပေါက်နိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါပြိုင်ပွဲသည် မိုဘိုင်းလ်ဖုန်း အသုံးပြုသူများအနေဖြင့် ၎င်းတို့ အသုံးပြုနေသည့် ဖုန်းကြောင့် ဖြစ်ပေါ်လာ သော စိတ်အလိုမကျမှုနှင့် အားမလို အားမရဖြစ်မှုအားလုံးတို့ကို ပြန်လည် လက်တုံ့ပြန်နိုင်မည့် တစ်ခုတည်း သော အခွင့်အရေးဖြစ်ကြောင်း ပြိုင်ပွဲ စီစဉ်သူများက ပြောကြားသည်။

No comments:

Post a Comment