Tuesday, August 21, 2012

ဧရာဝတီတွင် စိုက် ပျိုးပြီးစ ပါးဧက သိန်းချီရေမြုပ်


မြန်မာနိုင်ငံ၏ အဓိကဆန် စပါးထွက်ရှိရာဧရာဝတီတိုင်းတွင်ရေ ကြီးမှုများဖြစ်ပေါ်နေခြင်း ကြောင့် စိုက် ပျိုးပြီးလယ်မြေများဧကသိန်းဂဏန်း ဝန်းကျင်တို့အား ထိခိုက်နေလျှက်ရှိ ကြောင်းတရား ဝင်ထုတ် ပြန်သော စာရင်းများနှင့်ဆက်သွယ် မေးမြန်းချက်များ အရသိရသည်။ ရန်ကုန်တိုင်းမ်ဂျာနယ်မှ ကိုယ်တိုင်ကွင်းဆင်းခြင်းနှင့်ဆက်သွယ် မေးမြန်းချက်များ အရဧရာဝတီ တိုင်းဒေ သကြီးတွင်ရေကြီးရေလျှံခြင်းဖြစ်ပေါ် နေသည့်မြို့နယ်ပေါင်း ၉ခုခန့်ရှိနေကာ အဆိုးဆုံး ဒေသများ တွင် ပါဝင်သည့် ကျောင်းကုန်းမြို့နယ်တွင်ရေမြှုပ်နေ သောလယ်ဧကပေါင်း ၃၆၀၀ဝကျော် ရှိကာ လက်ရှိ အချိန်တွင်ဧက၁၈၀၀၀ ကျော်ထိခိုက်ပျက်စီးနေပြီဖြစ်ကြောင်းယင်း မြို့နယ်အုပ်ချုပ်ရေး ရုံးမှ တရား ဝင်ရ ရှိသောစာရင်းများအရသိရကာအချိန် တိုအတွင်းရေပြန်မ ကျပါက အပျက်အ စီးများ ဆက်လက်ဖြစ်ပွား နိုင်ကြောင်း ဒေသခံတောင်သူများကသုံးသပ်ပြော ကြားသည်။ ကျောင်းကုန်းမြို့နယ်ရပ် ကွက်ကြီး(၃)မှလယ်ဧက၃ဝ ပိုင်ဆိုင်သော တောင်သူကိုလွင်မင်းထွန်း က'' ရေထွက် နောက်ကျရင်ပြန်စိုက်ဖို့ အချိန်မမှီနိုင်ဘူး။ ရေထွက်နောက်ကျရင်စပါးပင် တွေသေမှာပဲ။ မကြာခင် ရေပြန် ကျရင် တော့သက်နုစပါးတွေပြန်စိုက်နိုင်မယ်ထင် တယ်''ဟုပြောကြားသည်။ သို့သော်ယင်း၏အသိမိတ် ဆွေတောင်သူများ အနက်စပါးပင်များ ပျက်စီးသွား ပါကထပ်မံစိုက်ပျိုး ရန်စိုက် စရိတ်လက်ဝယ်ရှိသူ အလွန်နည်းပါပြီး အတိုးယူကာဆောင်ရွက်ကြရမည်ဖြစ် ကြောင်း ယင်းက ဆက်လက် ပြောကြား သည်။ ယင်းကဆက်လက်၍'' ကျောင်းကုန်းမှာအထူးပြုကုမ္ပဏီအဖြစ် အေးရှားဝေါရှိပါတယ်။စိုက်စရိတ်ပေး မယ် လုပ်ခါ နီးမှာ ရေတွေတက်လာလို့ အခု ဆိုင်းသွားပါတယ်''ဟုပြောကြား သည်။ ပြီးခဲ့သော၂၀၁၁မိုးစပါး စိုက်ရာသီတွင်ဧရာဝတီ၊ပဲခူးအရှေ့အ နောက်၊ရန်ကုန်နှင့်အခြားဒေသအချို့ တွင်ရေကြီးမှု ကြောင့် စပါးခင်းများပျက်စီး သည့်အတွက်တောင်သူများ၂ ကျော့ ပြန်၊၃ကျော့ပြန်စိုက်ပျိုး ခဲ့ရသဖြင့်စိုက် စရိတ်များ အများအပြားကုန်ဆုံးသဖြင့် အထူးပြုကုမ္ပဏီများနှင့်ဘလယ်ယာစိုက် ပျိုးရေးဘဏ်မှ ချေးယူထား သောချေး ငွေများကိုအကြေပြန်မဆပ်နိုင်သည့်အ ပြင်၊အထူးပြု ကုမ္ပဏီများ နေဖြင့်လည်း ချေးငွေထက်ဝက်ကျော်ပြန်မရသဖြင့် ကုမ္ပဏီ၅ရခုရှိသည့်အနက်ဇူလိုင်လ နှောင်းပိုင်း အထိ၁၂ခုက သာချေးငွေထုတ် ပေးနိုင်ခဲ့ရာယခုလက်ရှိမိုးစပါးရာသီ တွင်ယမန်နှစ်က စိုက်ခင်းများ၏ ၇ဝရာ ခိုင်နှုန်း အားကြဲခင်း များအဖြစ်သာစိုက် နိုင်ခဲ့သည်။ ကိုမင်းလွင်ထွန်း ကဆက် လက်ပြီး'' ရေကဒီလထဲမကျပဲရှေ့လ မှကျမယ်ဆိုရင်တော့ဆောင်းပဲကိုပဲ စိုက်တော့မယ်'' ဟုဆိုသည်။ အဆိုပါကျောင်းကုန်းမြို့ နယ်ရပ်ကွက်ကြီး(၃)တစ်ဝိုက်ရှိလယ် ဧက၁၆၀ဝ ကျော်တွင် ၁၀၀ဝကျော်အား ယခုမိုးစပါးစိုက်ရာသီတွင်စိုက်စရိတ် အားနည်းသဖြင့်ကြဲခင်း အဖြစ်သာ စိုက် ထားနိုင်ကြောင်း ယင်းကဆိုသည်။ ''မနှစ်ကတော့စိုက်ခင်းတွေ ချည်းပါပဲ''ဟုယင်းကပြောသည်။အခြားသောရေမြုပ်ဒေသ တစ်ခုဖြစ် သည့် ဓနုဖြူမြို့နယ် နှဲကျိုးကျေး ရွာမှတောင်သူဦးသိန်းအောင်က''ကျွန် တော်တို့ဓနုဖြူနဲ့ ဇလွန်တို့မှာ အနိမ့်ပိုင်း လယ်တွေကသုံးပုံနှစ်ပုံလောက်ရေမြှုပ် သွားပြီ။ပျက်ကုန်ပြီ။စပါးပင်တွေရှင်ဖို့ မလွယ်တော့ ဘူး။ ဗမာလိုဝါခေါင်လ(ဩ ဂုတ်)မှာမြေပေါ်ရင်ရေကျနောက်စိုက် စိုက်လို့ရသေးတယ်။ ဒါပေမယ့်ရေက ကျဖို့လိုဦး မယ်''ဟုပြောကြားသည်။ ယခုနှစ်တွင်ယခင်နှစ်က စိုက်ခင်းများ၏၇၀%သည်ကြဲခင်းများ ဖြစ်ကုန်ကြသဖြင့် ကိန်းဂဏန်း အတိအကျ မပြောနိုင်သော်လည်း ပျှမ်းမျှစပါးအထွက် ၁၀%ဝန်းကျင်ကျဆင်းနိုင်ကြောင်းမြန် မာနိုင်ငံ ဆန်စပါးလုပ်ငန်း အသင်းဥက္ကဌ ဦးချစ်ခိုင်ကမကြာမီ ကရန်ကုန်တိုင်းမ်နှင့် တွေ့ဆုံစဉ် ပြောကြား ခဲ့သည်။ သို့ဖြစ်ရာယခုကဲ့သို့ရေနစ် မြှုပ်နေသောစိုက်ပျိုးပြီးစပါးခင်းများ အများအပြား တွင်နောက် ထပ်ရက် အနည်းငယ်အတွင်းရေမကျပါကအ ပျက်အစီးများပြားနိုင်ကြောင်း ဆန်စပါး လုပ်ငန်းကျွမ်း ကျင်သူများ နှင့်တောင်သူများကပြောကြားသည်။

No comments:

Post a Comment