Tuesday, August 21, 2012

ဆီးရီးယားအ စိုးရလ က်ဖြောင့်တ ပ်သား တို့လက်ချက်ေ ကြာင့် ဂျပန်သ တင်းထောက်သေဆုံး


အသက် ၄၅နှစ်အရွယ်ရှိ ဂျပန်အမျိုးသမီးသတင်းထောက် Mika Yamamoto သည် ဆီးရိးယားနိုင်ငံမြောက်ပိုင်း Aleppo မြို့တွင်သတင်းရယူနေစဉ် သမ္မတအဆတ်ကိုသစ္စာခံသောအစိုးလက်ဖြောင့်တပ်တို့လက်ချက်ဖြင့် သြဂုတ်လ ၂၀ရက်နေ့က သေဆုံးခဲ့ကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနမှကြေညာလိုက်သည်။ Mika Yamamoto သည် ၁၉၉၅မှစတင်၍ ဂျပန်နိုင်ငံသတင်းလောကသို့ဝင်ရောက်ခဲ့ပြီး အာဖဂန်၊အီရတ် စစ်ပွဲများသို့သွားရောက်သတင်းယူခဲ့ပြီး စစ်မက်ဖြစ်ပွားဒေသတို့ရဲ့အခြေအနေကိုတင်ပြသော စစ်မြေပြင်သတင်းတဦးဖြစ်သည်။
ဂျပန်သတင်းအေဂျင်စီတခုတွင်လုပ်ကိုင်နေသော Mika Yamamoto သည် ဆီးရီးယားအာဏရှင် သမ္မတ ဘာရှာ အယ်လ် အာဆတ်ကို ဖြတ်ချရန်အတွက် ၂၀၁၁ခုနှစ်မတ်လကတည်းဖြစ်ပွားခဲ့သော အစိုးရနှင့် အတိုက်အခံတိုက်ပွဲများတိုက်ပွဲအတွင်း ကျဆုံးခဲ့ရသော ၄ယောက်မြောက်သတင်းထောက်တဦးဖြစ်ပြီး အစိုးရတပ်ဖွဲ့ဝင်တို့၏သတ်ခြင်းခံရမှုကြောင့် လူပေါင်း၂သောင်းနီးပါးသေဆုံးခဲ့ရသည်။
ပြင်သစ်သတင်းထောက် Gilles Jacquier (ဇန္ဒဝါရီ ၁၁ရက်)၊ အမေရိကန်သတင်းထောက် Marie Colvin နှင့် ပြင်သစ်ဓါတ်ပုံဆရာတို့မှ ဖေဖေါ်ဝါရီ၂၂ တွင်သတ်ဖြတ်ခံခဲ့ရသည်။


No comments:

Post a Comment