Tuesday, August 21, 2012

ယနေ့ပြည်သူ့လွှတ်တော်တွင် ဆွေးနွေးချက်များ



(၁) တစ်နိုင်ငံလုံး ကျန်းမာရေး စောင့်ရှောက်မှု သာတူညီမျှ ဖြစ်စေရန် ရည်ရွယ်ပြီး သွေးအုပ်စုကို စုံလင်စွာ စစ်ဆေးပေးနိုင်ခြင်း အစီအစဉ် ရှိ၊ မရှိ မေးခွန်း။

(၂) ပြည်နယ် အသီးသီးတွင် နှစ်ကာလ ကြာမြင့်စွာ တာဝန် ထမ်းဆောင် နေရသော ဆရာ၊ ဆရာမများ ပြောင်းရွှေ့ခွင့် ရရှိရေးနှင့် စပ်လျဉ်းသည့်ေ
မးခွန်း။

(၃) ကော်မရှင် အဖွဲ့ဝင်တိုးချဲ့ ဖွဲ့စည်းခြင်း၊ လွှတ်တော် ကော်မတီ အဖွဲ့ဝင်များ ပြင်ဆင်ဖွဲ့စည်းခြင်း၊ ကော်မတီ ၁၉ ခု သက်တမ်း တိုးခြင်းနှင့် ပြည်သူ့ လွှတ်တော်၏ အတည်ပြုချက် ရယူခြင်း။

(၄) အမျိုးသား လွှတ်တော်မှ ပြင်ဆင်ချက်မရှိ ပြန်လည် ပေးပို့သော နိုင်ငံခြား ဆက်ဆံရေ အက်ဥပဒေအား ရုပ်သိမ်းသည့် ဥပဒေကြမ်း၊ အမျိုးသား လွှတ်တော်မှ အတည်ပြုချက်ဖြင့် ပေးပို့သော တရားရုံးများ မထေမဲ့မြင် ပြုမှု ဥပဒေကြမ်းတို့ကို လက်ခံရရှိကြောင်း လွှတ်တော်သို့ တင်ပြခြင်း။

(၅) ပထမအကြိမ် ပြည်သူ့ လွှတ်တော် တတိယပုံမှန် အစည်းအဝေး ၂၀ ရက်မြောက်နေ့ အစည်းအဝေးတွင် တင်သွင်းသော တရားစီရင်ရေး မဏ္ဍိုင် ဖြောင့်မတ် ကြံ့ခိုင်စေရန်အတွက် ၀ိုင်းဝန်းကူညီ ထောက်မပေးရေး အဆိုနှင့် စပ်လျဉ်းပြီး ဆွေးနွေးခဲ့ကြရာ ကောလင်းမဲဆန္ဒနယ်မှ ဦးတင်ဝင်း၏ ဆွေးနွေးချက်တွင် ပါရှိသော ကသာခရိုင် တရားရုံးမှ စစ်ဆေး စီရင်ပြီး ပြစ်ဒဏ် ချမှတ်ချက်နှင့် စပ်လျဉ်း၍ ပြန်လည် စိစစ်သုံးသပ် ဆောင်ရွက်မှု အခြေအနေကို တင်ပြခြင်း။


No comments:

Post a Comment