Tuesday, August 14, 2012

"သရုပ်ဆောင် မလုပ်ဖြစ်ခြင်းနဲ့ပတ်သတ်ပြီး နန်းသူဇာရဲ့ဖွင့်ဟချက်"

ပရိသတ်ကြားမှာ ကြော်ငြာတွေနဲ့ လူသိ များလာတဲ့ အနုပညာရှင်ကတော့ နန်းသူဇာ ပဲဖြစ်ပါတယ်။ အနုပညာ လောကကို ၂ဝဝ၉ခုနှစ် ဧပြီလမှာ Step Fashion Show နဲ့ စတင် ဝင်ရောက်ခဲ့တာဖြစ်ပြီး သူ့ရဲ့ ပထမဦး ဆုံးကြော်ငြာဖြစ်တဲ့ J’Donut ကြော်ငြာနဲ့ ပရိသတ်တွေစတင် သတိထား မိလာပါတယ်။ ကြော်ငြာပေါင်း ၁၅ခုကျော် ရိုက်ထားပြီး ဖြစ်တဲ့ နန်းသူဇာ က လောလောဆယ်သရုပ်ဆောင် ဘက်ကို မကူးသေးကြောင်း ပြောပါ တယ်။ ကြော်ငြာ နဲ့အောင်မြင်မှု ရရှိနေတဲ့ နန်းသူဇာကို ဘာကြောင့် သရုပ်ဆောင် ဘက်ကို ခြေလှမ်းမစသေးတာလဲ လို့ မေးတော့… ”သရုပ်ဆောင်မှု အပိုင်းကတော့ မလုပ် သေးပါဘူး။ ကြော်ငြာ သရုပ်ဆောင် တာနဲ့ ဗီဒီယို သရုပ်ဆောင်တာ ကမတူဘူးလေ။ မလုပ် တတ်တာ၊ စိတ်မပါ တာကို မလုပ်ချင်ဘူး။ သရုပ် ဆောင်အလုပ်က စိတ်ပါမှလုပ်ရင် ပိုကောင်း တယ်။ ပြီးတော့ အဲဒီအလုပ်က ခက်ခဲတယ်လေ။ အခုလောလောဆယ် တော့ အမ်တီဗီ၊ ဗီစီဒီလောက်ပဲ ရိုက်ဖြစ် နေတယ်။ အရင်ကတော့ ကမ်းလှမ်းခဲ့ တာတွေတော့ ရှိတယ်။ ဒါပေမဲ့ မလုပ်ဖြစ်ခဲ့ ပါဘူး။ ဗီဒီယို ရိုက်တာက တစ်ရက်နဲ့ ရိုက်လို့ မရဘူးလေ။ အပင်ပန်းခံရ တယ်။ နန်းသူအနေ
နဲ့ အိုက်တင်ပိုင်းလည်း မနိုင် သေးဘူး”လို့ပြောတဲ့ နန်းသူဇာက ကြော်ငြာ မှာ တစ်ခေတ်ဖြစ်လာနိုင် မလားဆိုတာ ကတော့ ကံနဲ့ပဲဆိုင်တယ် လို့ပြောပါတယ်။ ကြော်ငြာ မင်းသမီး နန်းသူဇာက သရုပ်ဆောင်ဘက်ကို မလုပ်ဖြစ်ပေမယ့် အဆိုဘက် ကို လုပ်ဖြစ်လာပါတယ်။ အဆိုကို ငယ်ငယ်လေး ကတည်းက စိတ်ဝင်စားခဲ့တာ ဖြစ်တဲ့ နန်းသူဇာက သူငယ်ချင်း တစ်ယောက် နဲ့ပေါင်းပြီး CAPPUCCINO ဆိုတဲ့ အဖွဲ့နာမည်နဲ့ တစ်ကိုယ်တော် စီးရီးလည်း ပြင် ဆင်နေပါတယ်။ သရုပ်ဆောင်မလုပ်ဖြစ်ပေ မယ့် အဆိုတော်လုပ်ဖြစ်လာတဲ့အကြောင်းကို ရှင်းပြတဲ့ နန်းသူဇာ က…”၅တန်း လောက်ကတည်းက အိမ်မှာ သီချင်းစဆို နေပြီး ၃တန်းက တည်းက ဒီအလုပ်ကို စိတ်ဝင်စားတာ။ အခုလည်း သီချင်းတွေပဲ လုပ်ဖြစ်နေ တယ်။ ဒါပေမဲ့ သီချင်းချည်းပဲ လုပ်သွားမှာ မဟုတ်ပါ ဘူး။ ကြော်ငြာလည်း ရိုက်သွားမှာပါ။ ကိုယ် တကယ်ဝါသနာပါတဲ့ အလုပ်ကတော့ အဆိုတော်ပါ” လို့ပြောပါတယ်။ တစ်ကိုယ်တော် စီးရီးလည်း နောင် နှစ်ထဲမှာထွက်ရှိ မှာဖြစ်ကြောင်း ပြောတဲ့ နန်းသူဇာ ကလတ်တလောမှာ အချစ်ရေးက တော့ အဆင်ပြေနေတယ်လို့ ပြော ပါတယ်။

No comments:

Post a Comment