တို့ဆီမှာ
ကန်တော့ ပွဲတောင် ပေးခဲ့လိုက်သေးတယ်။ အဲဒါတွေ ကြောင့်လည်း အခုလို
ဆိုးဆိုးရွားရွားကြီး မဖြစ်ခဲ့တာ။ ရန်ကုန်ကိုပြန်လာမယ့်နေ့က ဝါဆို
လပြည့်နေ့ ဆိုတော့ မန္တလေးမဟာ မြတ်မုနိ ဘုရားကြီးမှာ ရွှေသင်္ကန်း
ကပ်ပြီးတော့ မှ ရန်ကုန်ကို ပြန်လာတာ။ ပြန်လာတဲ့ အချိန် ၇၉မိုင် ရောက်တော့
ကားအက်စီးဒင့်ဖြစ် တာပဲ။
အဲဒီအချိန်က မိုးတွေက လည်း တအားရွာနေတဲ့အချိန်။
လာရောက်ကူညီ ပေးဖို့ကလည်း ဘယ်လိုမှ မဖြစ်နိုင်တဲ့နေရာ။
တိုက်တိုက်ဆိုင်ဆိုင် ယူနီဆက်(ဖ်)တံဆိပ်နဲ့ ကား တစ်စီးရောက်လာလို့
အဲဒီလူတွေက ကယ်တင်ပေးခဲ့တာ။ အရင်ဆုံး ‘ဖဒို’ တိုက်နယ် ဆေးရုံကို
ပို့ပေးတယ်။ ဒီရန်ကုန်ဆေးရုံကြီး ကိုတော့ သြဂုတ်လ ၃ရက်နေ့ မနက်ပိုင်း လောက်
မှာ ရွှေ့ပြောင်းပေးခဲ့ကြတာ” လို့ ရှင်းလင်းပြောပြပါတယ်။ ကောင်းသန့်ဟိန်း
က ပြင်းထန်တဲ့ဒဏ်ရာ အနာ တရ မျိုး မရှိခဲ့ပေမယ့်လည်း ရွှေရည်သိန်းတန်ကတော့
သွေး ထွက်များ ခဲ့တဲ့အတွက် သွေး၎ပုလင်းသွင်းခဲ့ ရတယ်လို့ သိရပါတယ်။
ညာဘက်ပေါင် တံ မှာ ဒဏ်ရာရရှိခဲ့တဲ့ ရွှေရည်သိန်းတန်က အခုအချိန်မှာ ခွဲစိတ်
ကုသပြီးပြီဖြစ်တဲ့ အတွက် ဆရာဝန်ကြီးများရဲ့ ပြောပြချက်အရ တစ်လ ခွဲ လောက်မှ
ပုံမှန်အတိုင်း ပြန်လည် ကောင်းမွန်လာမှာဖြစ်တယ် လို့ ရွှေရည်သိန်းတန် က
ပြောပြပါတယ်။
No comments:
Post a Comment