Tuesday, August 14, 2012

သိက္ခာရှိတဲ့ မီဒီယာ


ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးအတွက် ပွင့်လင်းမြင်သာတဲ့ အစိုးရတစ်ရပ်အနေနဲ့ မီဒီယာကို စတုတ္တမဏ္ဍိုင်အဖြစ် အထူးအလေးပေးပြီး တည်ဆောက်ခဲ့ပါတယ်။ မီဒီယာရဲ့ အင်အားနဲ့ တိုင်းပြည်ကို တည်ဆောက်ရာမှာ အကျိုးပြုဖို့အတွက် အမျိုးသားရေး အသိစိတ်ကလေးတော့ အရင်းခံပြီး မြန်မာ့မီဒီယာ ကို တည်ဆောက်ရမှာ ဖြစ်ပါတယ်။ ဖြည်းဖြည်းမှန်မှန် တည်ဆောက်နေတဲ့ မြန်မာ့နိုင်ငံရေး အပြောင်းအလဲ ဟာ ညင်သာသလောက် ထိရောက်မှုရှိခဲ့တာ အားလုံးအသိ ဖြစ်ပါတယ်။ အောင်မြင်မှု အတိုင်းအတာအရ ကမ္ဘာကတောင် အသိအမှတ်ပြုပြီး အလေးထားခဲ့ရပါတယ်။



လုပ်ချင်တာလုပ်ခွင့် မရတဲ့ အတွက်ဖိနှိပ်မှုလို့ တလွဲအမြင်နဲ့ အစိုးရအပေါ် အထင်အမြင် မှားအောင် ဝါဒဖြန့် သတင်းတွေနဲ့ ပြည်သူတွေကို လမ်းမှားကို ပို့ဆောင်ကြတာဟာ ပြည်သူ့အကျိုးပြု စတုတ္တမဏ္ဍိုင်ကို ညစ်ထေးမှေးမှိန်စေမယ့် လုပ်ရပ်တွေသာ ဖြစ်ပါတယ်။ တိုင်းပြည်အကျိုး ပြည်သူ့ အကျိုးအတွက် အမျိုးသားအသိနဲ့ စောင့်ရှောက်ထိမ်းသိမ်းရမယ့် ကျင့်စဉ်ကို တာဝန်သိသိ စောင့်ထိမ်းကြရမှာ ဖြစ်ပါတယ်။ အနောက် နိုင်ငံတွေမှာလို သတင်းမုဆိုးတွေ၊ ပါပါရာဇီတွေ၊ သတင်းပွဲစားတွေလိုမျိုး မီဒီယာကို ကိုယ်ကျိုး အတွက လုပ်စားဖို့ တစ်ခုတည်းကြည့်ပြီး နောက်ပြန်လှည့်နေပြီဆိုပြီး မဟုတ်တရုတ်တွေ ပြောလို့ပြော၊ ဖိနှိပ်နေပါပြီ ဆိုလို့ဆို ပြည်သူတွေကို သတင်းမှားပေးနေတာဟာ မဏ္ဍိုင်သုံးရပ်ကို ထောက်မမယ့် စတုတ္တမဏ္ဍိုင် ဂုဏ်ပုဒ်ကို ယုတ်လျော့စေပါတယ်။ နိုင်ငံတော် ပြုပြင်ပြောင်းလဲရေး အရှိန်ကို နှောင့်နှေးစေ မယ့် သတင်းမှားတွေနဲ့ တိုင်းပြည်ကို အပုတ်ချမှုတွေ မီဒီယာလွတ်လပ်မှုနဲ့ ရောယောင်ပြီး သံယောင် လိုက် နေတာမျိုးတွေလည်း ရှိပါတယ်။ ရရှိထားပြီး အနေအထားကို ထပ်မံတိုးတက် လာအောင် အားလုံး ဝိုင်းဝန်းဆောင်ရွက်ရမှာ ဖြစ်ပါတယ်။
လက်ရှိအချိန်မှာ ပုံနှိပ် မီဒီယာ ဥပဒေ၊ ရုပ်သံ မီဒီယာ ဥပဒေတွေကို ရေးဆွဲပြဋ္ဌာန်းပြီး လွှတ်တော်ကို မှာ အတည်ပြုနိုင်ဖို့ အတွက်ကြိုးစားနေကြပြီ ဖြစ်ပါတယ်။ မြန်မာနိုင်ငံအတွင်း လွတ်လပ်တဲ့ မီဒီယာဆို တာ ပြည်သူလူထုနဲ့ အစိုးရကို ထိပ်တိုက်တွေအောင် ရန်တိုက်ပေးရမှာ မဟုတ်ပါဘူး။ နိုင်ငံ့အကျိုး ပြည်သူ့ အကျိုး တကယ်အကျိုးတကယ်ကိုမှန်ကန်တဲ့ စေနာနဲ့ ကိုယ့်တာဝန်ကိုယ် ယူနိုင်တဲ့ မီဒီယာသမားဖြစ်ပြီလား ဆိုတာဆန်းစစ်ဖို့ လိုပါတယ်။ တွေ့ကရာလက်သီးပုန်းထိုးပြီး ဖွနေရင်တော့ မီဒီယာလည်းသက္ခာ တစ်ပြားမှ ရှိတော့မှာမဟုတ်ဘူး။ မီဒီယာသမားတိုင်း ကိုယ်သိက္ခကိုယ် စစ်ဆေးကြည့်ဖို့ လိုနေပြီလို့ ရေးသား တင်ပြလိုက်ရပါတယ်။

No comments:

Post a Comment