Tuesday, August 14, 2012

ဆီးရီးယားတပ်ဖွဲ့များသည် ထိပ်တန်းသူပုန်ခေါင်းဆောင်အား ဒမတ်စကတ်တွင် သုတ်သင်နိုင်ခဲ့



ဆီးရီးယား တပ်ဖွဲ့များသည် ထိပ်တန်း သူပုန်ခေါင်းဆောင် တစ်ဦးဖြစ်သော Wa'el Mohammad al-Majdalawi အား မြို့တော်ဒမတ် စကတ်တွင် ချေမှုန်း သုတ်သင်နိုင်ခဲ့ကြောင်း၊ ဒါရာနှင့် အိုင်ကစ်မြို့ တို့တွင်လည်း လက်နက်ကိုင် အများအပြား သေဆုံးခဲ့ကြောင်း သိရှိရပါသည်။ အနောက်ဘက်မြို့တော် ဟာမာအနီးရှိ Soran နှင့် Tibet al-Imam မြို့တို့တွင် အစိုးရတပ်ဖွဲ့ ဝင်များက သူပုန်များအား သုတ်သင်နိုင်ခဲ့ပြီး လက်နက်များ သိမ်းယူရရှိခဲ့ ကြောင်းလည်း သိရှိရပါသည်။ သတင်း အရင်းအမြစ်များအရ အလပ်ပိုမြို့ ဗဟိုအကျဉ်းထောင် အနီးတွင် လက်နက်ကိုင် အများစု သေဆုံးခဲ့ကြောင်းနှင့် အလပ်ပိုမြို့ မြောက်ပိုင်းတွင်လည်း အစိုးရတပ်ဖွဲ့ ဝင်များက ရှင်းလင်းမှု ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။
အစိုးရတပ်ဖွဲ့ ဝင်များက အလပ်ပိုမြို့၏ Bab al-Hadid နှင့် fh Salaheddin ဒေသတို့တွင် ထိန်းချုပ်မှုရရှိခဲ့သည်ဆိုသော်လ
ည်း အခြားသော ခရိုင်များတွင် ပြင်းထန်သော တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပေါ် လျက်ရှိပါသည်။ ဆီးရီးယားနိုင်ငံသည် ၂ဝ၁၁ ခုနှစ် မတ်လမှစ၍ ဆူပူအုံကြွ မှုများဖြစ်ပေါ်ခဲ့ပါသည်။ ဆန့်ကျင်ဘက် အဖွဲ့အစည်း များက ဆီးရီးယား လုံခြုံရေးတပ်ဖွဲ့များအား သတ်ဖြတ်မှုများ ကျူးလွန်နေသည်ဟု စွပ်စွဲပြော ဆိုနေချိန်တွင် ဆီးရီးယား အစိုးရဘက်မှလည်း နိုင်ငံရေး မတည်ငြိမ်မှုနှင့် အကြမ်းဖက် သတ်ဖြတ်မှုများသည် ဝရမ်းပြေးများ၊ အဖျက်သမားများ နှင့် လက်နက်ကိုင် သောင်းကျန်းသူများ ကြောင့်သာဖြစ်သည်ဟု အပြန်အလှန် ပြောကြားလျက်ရှိပါသည်။ ဆီးရီးယား အစိုးရက လက်နက်ကိုင် သောင်းကျန်းသူ အများစုသည် နိုင်ငံခြားသားများဖြစ်ပြီး ပြည်ပနိုင်ငံများနှင့် စည်းဝါးရိုက် လုပ်ဆောင်မှုများကြောင့် နိုင်ငံရေး မတည်မငြိမ် ဖြစ်ရကြောင်း ပြောကြားခဲ့ပါသည်။

No comments:

Post a Comment