သြဂုတ်လ ၁ဝ ရက် နေ့၊ မနက် ၁ဝနာရီက ဗိုလ်ချုပ်ရုပ်ရှင်ြ ဖစ်မြောက်
ရေးရုံးခန်း၌ဗိုလ်ချုပ် အောင်ဆန်းနှင့်ဒေါ်ခင် ကြည်နေရာ အတွက် သရုပ်ဆောင်မည့်
ကျောက်ခဲ၊ကျော်ကျော် မျိုး၊ ဇာခြည်လင်း ၊အေးမြတ် သန္တာလှိုင်တို့အား
သြဂုတ်လ၂ဝရက်နေ့ကစ၍ ရုပ်ရှင် ပညာ နှင့်ပတ်သက်ပြီး လေ့လာသင်ယူနေထိုင်ရန်
အတွက်ကော်မတီ အဖွဲ့မှတာဝန်ရှိသူမ
ဗိုလ်ချုပ်အောင်ဆန်းနှင့် ဒေါ်ခင်ကြည် နေရာမှာ သရုပ်ဆောင်မည့် လေးဦးအပေါ်
ကော်မတီဝင်အနေဖြင့် ဦးဇော်သက်ထွေး၏ သဘောထားအမြင်ကိုမေးကြည့်ရာ ..
''သူတို့လုပ်လာတဲ့အထဲမှာ သူတို့ရဲ့ အာရုံ စူးစိုက်မှု၊
ကြိုးစားမှုတွေပေါ်မူတည်ပြီးတော့ ဒီရုပ်ရှင်ဇာတ်ကားအတွက် အကောင်းဆုံး
တစ်ယောက်စီကပဲ သရုပ်ဆောင်ခွင့်ရမယ် ကျန်တဲ့သူကတော့ သင့်တော်မယ့်
နေရာတွေရောက်သွားမှာပါ။ သူတို့တွေ အနေနဲ့ အားစိုက်မှုက အစွမ်းကုန် လိုအပ်
ပါတယ်''ဟု ပြောပြခဲ့ပါသည်။
ကော်တီဝင်တစ်ဦးဖြစ်သည့်သရုပ်ဆော င် လူမင်း၏သဘောထား အမြင်နှင့်ရှေ့ဆက်လုပ် ဆောင်ပေး သွားမည့် အရာတွေနှင့် ပတ်သက် ပြီး ပြောပြခဲ့သည်က''အခြေခံရုပ်တူမှုနဲ့
အပြောအဆိုလေယူလေသိမ်း အဓိကက တော့ ရုပ်အခြေခံတူမှုနဲ့ ရွေးချယ်ထားတာ ပါ။
သရုပ်ဆောင်မှုပိုင်း ကတော့ နောက်ပိုင်း လေ့ကျင့် သင်ကြားပေးရမှာပေါ့။
အမေစုကိုယ် တိုင် ကော်မတီဝင်အဖွဲ့တွေနဲ့ရွေးထားတဲ့ 
နောက်ဆုံးလေးယောက် ဆိုတော့ ဒီလေး ယောက်ကို ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဒေါ်ခင်
ကြည်ဖြစ်အောင် လေ့ကျင့်သင်ကြားပေးသွား ဖို့ရှိပါတယ်။ အနီးစပ်ဆုံးကတော့
၂ဝရက်နေ့ ရုပ်ရှင်အစည်းအရုံးကဖွင့်မယ့် Thierry Bleu ဆိုတဲ့ ပြင်သစ်Drama
School ကဆရာ တစ်ယောက်လာသင်တဲ့ သင်တန်းကစပြီး သင်တန်းစတက် ခိုင်းမယ်။
အဲဒီလိုတက်နေ ရင်းနဲ့ ဒီဇာတ်ကားအတွက် လိုအပ်တဲ့ဇာတ် ညွှန်းပိုင်းဆိုင်ရာနဲ့
ညှိနှိုင်းပြီးတော့ လုပ်ပေး စရာရှိတာတွေကို တစ်ဆင့်ခြင်းလုပ်ပေးသွား
မှာပါ''ဟုပြောပြခဲ့သည်။ ကော်မတီအဖွဲ့ ဝင် အရိုင်း၏အမြင်သဘောထားကိုလည်း
မေးကြည့်ရာ ''ဗိုလ်ချုပ်နဲ့ ဒေါ်ခင်ကြည် နေရာအတွက်
စိတ်ဝင်တစား နဲ့လာရောက်ပြီး အရွေးခံတယ်။အဲဒီအပေါ်အသိအမှတ်ပြု ပေး
ရမှာပေါ့။ သူတို့အတွက် လိုအပ်တာတွေ၊ လုပ် ပေးသင့်တာတွေ လုပ်ပေးရမယ်။ ဒါတွေက
ကျွန်တော်တို့ တာဝန်ပဲလေ။ သင်တန်းပေးဖို့ ဆိုတာကလည်းကျွန်တော်တို့က
ဆောင်ရွက် ပေးရမှာ။တာဝန်ရှိတဲ့အဖွဲ့ဝင်တွေ အားလုံး ရဲ့တာဝန်ပါ''ဟုပြောပြခဲ့ပါသည်။
ကော်တီဝင်တစ်ဦးဖြစ်သည့်သရုပ်ဆော
No comments:
Post a Comment