Tuesday, August 14, 2012

ဧရာဝတီ မြစ်ဆုံတွင် သစ်ခုတ်လှဲမှုများရှိနေဆဲ






 


14 Aug 2012 

မြစ်ဆုံတွင် သစ်ထုတ်လုပ် နေသော သစ်သူဌေးများက ခေါင်းဆောင်ပြီး ကလောင်သစ် ကြမ်း၊ စကားဝါ၊ ရေမဏီ၊ယင်းခ အစရှိသည့် သစ်အမျိုးအစားများ အား ခုတ်လှဲမှုများရှိနေကြောင်း၊
မြစ်ဆုံရေကာတာစီမံကိန်းကြော

င့် ပြောင်းရွှေ့ နေထိုင်ကြရသောအောင် မြင်သာရွာနှင့် ကျိန်ခရန်ရွာအနီး တွင်ဖြစ်ကြောင်း ကျေးရွာကြံ့ခိုင် ရေးနှင့် ရွာသားများထံမှသိရ သည်။
ထိုကဲ့သို့ မြစ်ဆုံဒေသတွင် သစ်ခုတ်လှဲနေမှုကို တားဆီး၍ မရသောကြောင့် ထိုသူများထံမှ ကျေးရွာစာကြည့်တိုက်တည် ဆောက်ရန် အလှူငွေကောက်ခံ မည်ဟု ရပ်မိရပ်ဖများက ဆုံးဖြတ် ခဲ့ရကြောင်း အောင်မြင်ရွာ ကြံ့ ခိုင်ရေးပါတီမှ အတွင်းရေးမှူး ဦးလရမ်မှ ပြောသည်။
အောင်မြင်သာရွာတွင်စာ ကြည့်တိုက် ဆောက်လုပ်လျှင် သိန်း(၇၀)ကုန်ကျမည်ဖြစ်ရာသစ
် ခုတ်နေသူများနှင့် မြို့မိမြိုကဖ များ အစည်းအဝေးကျင်းပပြီး သ ဘောတူညီခဲ့ခြင်းဖြစ်သည်ဟုသိရ သည်။““သစ်ခုတ်သူတွေက သစ် တောဌာနက လူတွေနဲ့ညှိပြီးလုပ် စားနေတာဆိုတော့ ကျွန်တော် တို့မှာ တားမြစ်ပိုင်ခွင့်မရှိပါဘူး။ ဆုံးရှုံးသွားမယ့် အတူတူရွာအတွက် အကျိုးရှိမယ့် စာကြည့်တိုက် ဆောက်ပေးဖို့သစ်ခုတ်သူတွေကို ပြောတယ်။ သူတို့ကလည်း ကူညီ မယ်လို့ပြောပါတယ်””ဟု ဦးလရမ် ကပြောသည်။
ဇွန်လအတွင်းက မြစ်ကြီးနား မြို့သစ်တောဦးစီးဌာနမှ အရာရှိ များက သစ်ခုတ်နေမှုအား လာ ရောက်ကြည့်ရှုပြီး အရေးယူ ဆောင်ရွက်ခြင်းမရှိဟုသိရသည်
။ ထိုကဲ့သို့ မြစ်ဆုံရေကာတာ အနီးပတ်ဝန်းကျင်တစ်ဝိုက်တွင် သစ်များကို ခုတ်လှဲနေခြင်း သည် သစ်တောဖြုန်းတီးမှုကို ဖြစ်စေကြောင်း ဒေသခံများကပြော သည်။ တရုတ်နိုင်ငံ စွမ်းအင်ကုမ်္ပဏီ က တည်ဆောက် နေသည့် မြစ်ဆုံ ရေကာတာ စီမံကိန်းကို ပြည်သူ လူထု၏ သဘောဆန်္ဒအရ နိုင်ငံ တော် သမ္မတကြီး ဦးသိန်းစိန်က ရပ်ဆိုင်း လိုက်သော်လည်း စီမံကိန်း အတွင်း ရွှေတူးဖော်နေသည့် တရုတ်အမျိုးသား အမျိုးသမီး ၁၆၀ ကျော်ရှိနေသေး သည်ဟု ဒေသထံများထဲမှ သိရသည်။

No comments:

Post a Comment