Tuesday, August 14, 2012

မွတ်စလင်တွေဘုရားစူးနေပြီ


ဘင်္ဂလားဒေရှ် မှာ ပလီ ကို မိုးကြိုးပစ်ပြီးတော့ အီရန်တွင် ငရဲခေါ်သံကြားရသည်
အီရန်တွင် ရစ်ခ်ျတာစကေး ၆ အထက်
ငလျင်နှစ်ခု လှုပ်ခတ်မှုကြောင့် လူ ၂၃၀ နီးပါး သေဆုံးခဲ့သည်

အီရန်အနောက်မြောက်ပိုင်းတွင


် သြဂုတ်လ ၁၁ ရက်က ပြင်းအား ရစ်ခ်ျတာစကေး ၆ ဒသမ ၄ အဆင့်ရှိ ငလျင်တစ်ခုနှင့် ပြင်းအား ၆ ဒသမ ၃ အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့မှုကြောင့် အနည်းဆုံးလူ ၂၃၀ ခန့် သေဆုံးခဲ့သည်ဟု နိုင်ငံပိုင်သတင်း ဌာနများက ထုတ်ပြန်ခဲ့ပြီး သေဆုံးသူအရေအတွက် ထပ်မံမြင့်တက်လာမည်ကို စိုးရိမ်နေသည်။

တက်ဘရစ်ဇ်မြို့အနီးတွင် ငလျင်များ လှုပ်ခတ်ခဲ့ခြင်းဖြစ်ပြီး အက်ဟာမြို့တွင် လူ ၄၅ ဦးသေဆုံးခဲ့ကာ လူ ၅၀၀ ခန့် ဒဏ်ရာရခဲ့ကြောင်း ဒေသခံတာဝန်ရှိသူများ၏ ပြောကြားချက်များကို နိုင်ငံပိုင် IRNA သတင်းဌာနက ထုတ်လွှင့်ခဲ့သည်။ လူထောင် ပေါင်းများစွာ နေအိမ်စွန့်ထွက်ပြေးခဲ့ကြပြီး ငလျင်လှုပ်ခတ်အပြီးတွင် အပြင်၌ပင် နေနေကြဆဲဖြစ်ကြောင်း သိရသည်။ အပျက်အစီးများအောက် ပိတ်မိနေသော လူရာပေါင်းများစွာကို ကယ်တင်နိုင်ခဲ့ပြီးဖြစ်သော်လည်း ပိတ်မိနေသူများစွာ ရှိနေသေးကာ အမှောင်ထုကြောင့် ရှာဖွေကယ်ဆယ်ရေးမှာ အလွန်အမင်း ခက်ခဲနေကြောင်း အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ဥက္ကဋ္ဌ ဂိုလမ်ရီဇာမာဆိုမီက ပြောကြားခဲ့သည်။

အီရန်စံတော်ချိန် ညနေ ငါးနာရီခန့်အချိန်တွင် တက်ဘရစ်ဇ်မြို့မှ ၃၇ မိုင်အကွာ၌ ပြင်းအား ၆ ဒသမ ၄ အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း U.S Geological Survey (USGS) က ထုတ်ပြန်ခဲ့ပြီး ယင်းငလျင်အပြီး နောက်ဆက်တွဲငလျင် ၁၁ ကြိမ် လှုပ်ခတ်ခဲ့သည်။ ၁၁ မိနစ်အကြာတွင် တက်ဘရစ်ဇ်မြို့ အရှေ့မြောက်ဘက်မှ မိုင် ၃၀ အကွာရှိ ဗာဇာဂန်မြို့အနီး၌ ပြင်းအား ၆ ဒသမ ၃ အဆင့်ရှိ ငလျင်တစ်ခု ထပ်မံလှုပ်ခတ်ခဲ့ကြောင်း သိရသည်။

နောက်ဆက်တွဲငလျင် ၁၇ ကြိမ် လှုပ်ခတ်ခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာ IRNA က ထုတ်ပြန်ခဲ့သလို နောက်ဆက်တွဲ ငလျင် ၃၅ ကြိမ်လှုပ်ခတ်ခဲ့ကြောင်း Fars သတင်းအေဂျင်စီက ထုတ်ပြန်ခဲ့သည်။

ငလျင်ဒဏ်ကို အရှေ့အဇာဘိုင်ဂျင်ပြည်နယ် မြို့တော်တက်ဘရစ်ဇ်မြို့နှင့် အနီးရှိမြို့များတွင် ခံစားခဲ့ရပြီး ရွာခြောက်ရွာမှာ လုံးဝပျက်စီးသွားကာ အခြားရွာ ၆၀ ခန့်မှာ ထိခိုက်ပျက်စီးမှုကြီးမားခဲ့ကြောင်း Fars သတင်းအေဂျင်စီက ထုတ်ပြန်ခဲ့သည်။ လူအများအပြားမှာ သောက်ရေ၊ ပေါင်မုန့်နှင့် ခိုလှုံစရာနေရာများ အလွန်အမင်း လိုအပ်နေသည်ဟု တာဝန်ရှိသူများကိုကိုးကား၍ Fars က ဖော်ပြခဲ့သည်။

အီရန်သည် အာရေဗျနှင့် ယူရေးရှားကျောက်ထုလွှာကြီးများ တိုက်မိနိုင်သော အဓိကပြတ်ရွေ့ကြောကြီးများပေါ်တွင် တည်ရှိနေပြီး သေဆုံးထိခိုက်မှုများသည့် ငလျင်များ ဖြစ်လေ့ဖြစ်ထရှိသော နေရာတစ်ခုဖြစ်သည်။
၂၀၀၃ ခုနှစ်တွင် နိုင်ငံအရှေ့တောင်ပိုင်း ကာမန်ပြည်နယ်ရှိ ဘမ်မြို့တွင် ငလျင်လှုပ်ခတ်မှုကြောင့် လူ ၃၀၀၀၀ ခန့် သေဆုံးခဲ့သည်။ ၁၉၉၀ ပြည့်နှစ်တွင် ကက်ရှ်ပီယန်ပင်လယ်အနီး လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် လူ ၅၀၀၀၀ ခန့် သေဆုံးခဲ့ကြောင်း လည်း သိရသည်။

No comments:

Post a Comment