Tuesday, August 14, 2012

ဆော်ဒီအာရေ ဗျနိုင်ငံ တွင်ြ ပုလုပ် မည့် ဆီးရီးယား အရေး အစ ည်းအေ ဝးအားရွှေ့ဆိုင်းခဲ့



Yahoo!News.com;Aug-12(Sun)

ဆော်ဒီအာရေဗျ နိုင်ငံတွင် သြဂုတ်လ ၁၂ ရက်နေ့၌ ကျင်းပရန်ရှိသည့် ဆီးရီးယား ပဋိပက္ခအရေး အစည်းအဝေးကို အာရပ်နိုင်ငံခြားရေး
ဝန်ကြီးများက ရွှေ့ဆိုင်းခဲ့ကြောင်း သိရှိရပါသည်။ ကုလသမဂ္ဂ-အာရပ် အဖွဲ့ချုပ်၏ အထူးကိုယ်စားလှယ် ကိုဖီအာနန် နုတ်ထွက်ပြီးနောက် ဆက်လက် ဆောင်ရွက်နိုင်မည့် နည်းလမ်းများ အား ဆွေးနွေးရန်အတွက် အာရပ်နိုင်ငံခြားရေး ဝန်ကြီးများသည် ပင်လယ်နီဒေသ Jeddah မြို့တွင် အစည်းအဝေး ကျင်းပရန် မူလက စီစဉ်ခဲ့ခြင်း ဖြစ်ပါသည်။ ယခုအခါ ၄င်းအစည်းအဝေးကို နောက်သို့ တစ်ရက်ရွှေ့ ဆိုင်းခဲ့ကြောင်း အာရပ်အဖွဲ့ချုပ်မှ လက်ထောက် အထွေထွေ အတွင်းရေးမှူးချုပ်ဖြစ်သူ Ahmed Ben Helli က ကိုင်ရိုမြို့တွင် ပြောကြား ခဲ့ပါသည်။

သြဂုတ်လ ၂ ရက်နေ့တွင် ကိုဖီအာနန်က အထူးကိုယ်စားလှယ် အဖြစ်မှ နုတ်ထွက်မည်ဟု ပြောကြားပြီး နောက် ဆီးရီးယား အရေးတိုးတက်မှုများ ရရှိစေရေးနည်းလမ်း ရှာဖွေရန်အတွက် ထူးခြားသော အစည်းအဝေး တစ်ခုပြုလုပ်သွား မည်ဖြစ်ကြောင်း Ben Helli က သြဂုတ်လ ၁၁ ရက်နေ့တွင် ပြောကြားခဲ့ပါသည်။ ကုလသမဂ္ဂမှ သံတမန်များသည် ယခင်ကုလသမဂ္ဂ ထိပ်တန်းအရာရှိကြီး ဟောင်းတစ်ဦးဖြစ်သည့် အာဂျင်တီးနား ဝါရင့်သံတမန် တစ်ဦးဖြစ်သူ Lakhdar Brahimi အား ကုလသမဂ္ဂ-အာရပ်အဖွဲ့ချုပ်၏ ဆီးရီးယား နိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် သစ်အဖြစ် တာဝန်ပေးအပ်ရန် ထင်ကြေးပေးခဲ့ကြပြီး ကိုဖီအာနန်၏ နေရာတွင် အစားထိုးရေး အတွက် လာမည့် သီတင်းပတ်တွင် အမည်စာရင်းတင်သွင်း မည်ဖြစ်ကြောင်း ပြင်သစ် သံအမတ်ကြီးက သြဂုတ်လ ၁ဝ ရက်နေ့တွင် ပြောကြားခဲ့ပါသည်။
Brahimi အနေဖြင့် ၄င်းအား အမည်စာရင်း တင်သွင်းမည့် ထင်မြင်ချက်နှင့် ပတ်သက်၍ မည်သည့် မှတ်ချက်မှမပေးခဲ့ဘဲ ဆီးရီးယား ပဋိပက္ခတွင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၌ ခါးသီးဖွယ်ရာ စိတ်ဝမ်းကွဲမှုများ အဆုံးသတ်ရန် တောင်းဆိုခဲ့ပါသည်။ ဆီးရီးယား နိုင်ငံတွင် နိုင်ငံရေး ဖြစ်ပေါ်ပြောင်းလဲမှုများ အမြန်ဆုံး ဖြစ်စေရန် အတွက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီနှင့် ဒေသတွင်း နိုင်ငံများစည်းလုံး ညီညွတ်ရန် လိုအပ်ကြောင်း အသက် ၇၈ နှစ်ရှိ Brahimi ကပြောကြားခဲ့ပါသည်။ ဆီးရီးယား ပြည်သူသန်းပေါင်း များစွာသည် ငြိမ်းချမ်းရေးကို တောင်းဆိုလျက် ရှိကြောင်းနှင့် ၄င်းတို့၏ တောင်းဆိုချက်အောင် မြင်ပြီးဆုံးစေရေး ကမ္ဘာ့ခေါင်းဆောင် များအနေဖြင့် စိတ်ဝမ်းကွဲပြားမှု များမရှိသင့်ကြောင်း ၄င်းက ပြောကြားခဲ့ပါသည်။

No comments:

Post a Comment