Tuesday, August 14, 2012

ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသမီးလွှတ်တော် ကိုယ်စားလှယ်များ သြဂုတ်လ ၁၄ရက် နေ့လည်စာအတူစားသုံးကြမည်

 
 

သြဂုတ် (၁၄)
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည် သည် သြဂုတ်လ ၁၄ ရက်နေ့
နေ့လည် ထမင်းစားချိန်တွင် ပြည်သူ့လွှတ်တော်ရှိ အမျိုးသမီးလွှတ်တော် ကိုယ်စားလှယ်များနှင့် နေ့လည်စာ အတူတကွ စားသုံးကြမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ပြည်သူ့လွှတ်တော်ရှိ လက်ဖက်ရည်သောက်နားနေခန်းအတွင်း ပြည်ထောင်စု
ကြံခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ မှ အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ်များ အပါအ၀င် တိုင်းရင်းသား အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ်များ နှင့် ပါတီအသီးသီးမှ အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ်များ စုစုပေါင်း ၂၇ဦး တို့နှင့် ရင်းရင်းနှီးနှီး နေ့လည်စာ စားသုံးကြမည် ဖြစ်သည်။ 

ဖလုံ-စဝေါ် ဒမိုကရက်တစ်ပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်
ဒေါ်နန်းစေးဝါက"ကျမကို ဒေါ်အောင်ဆန်းစုကြည်က ပြီးခဲ့တဲ့ ကြာသာပတေးက ကတွေ့တဲ့အချိန်မှာ နောက်တစ်ပတ် အင်္ဂါနေ့(သြဂူတ်လ ၁၄)ရက်နေ့ နေ့လည် မှာ ထမင်းလက်စုံ စားရအောင်ပြောပါတယ် အားလုံး
ကိုလည်း ဖိတ်ပေးပါလို့ပြောပါတယ် ၊ ကြံခိုင်ရေးပါတီက ဒေါ်လဲ့လဲ့ဝင်းဆွေတို့
ကလည်း အားလုံးစုပေါင်းပြီးစားဖို့ အသီးအနှံတွေလုပ်ထားပါတယ်" ဟု
ပြောကြားသည်။

အမျိုးသားဒီမိုကရေစီပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ
မေ၀င်းမြင့်မှ "ကျမတို့ပါတီက အမျိုးသမီးတွေတော့ မဖိတ်ထားဖူး ကျမတို့ အရင်ရောက်နှင့်နေတဲ့ ပါတီအသီးသီးက အမျိုးသမီးတွေ အားလုံးနဲ့ တွေ့မယ်
ပြောတယ် နေ့လည်စာအတွက် လွှတ်တော်က ကော်ဖီဆိုင်မှာလက်စုံစားကြဖို့
ပြောထားပါတယ် စုစုပေါင်း ကျမသိတာကတော့ ကျွန်မတို့မပါသေးဘူး
ဆို၇င် ၁၄ ဦး လို့သိရပါတယ် နောက်မှဖိတ်ရင်တော့ မပြောတတ်ပါဘူး" ဟု
ပြောကြားသည်။


No comments:

Post a Comment