Tuesday, August 14, 2012

နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ နုတ်ထွက်ပေးရန် လွှတ်တော်ကိုယ်စားလှယ်များ တောင်းဆို



နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား သြဂုတ်လ ၂၁ ရက်မတိုင်မီ ၄င်းတို့၏ အသိစိတ်ဓာတ်ဖြင့်
တာဝန်မှ အနားယူပေး ရန်နှင့် ထိုသို့ဆောင်ရွက်ပေးပါက လွှတ်တော်ကိုယ်စားလှယ်များဆောင်ရွက်မည့် စွပ်စွဲပြစ်တင်ခြင်းကိစ္စအား ဆက်လက်ဆောင်ရွက်မှု ပြုမည်မဟုတ်ကြောင်း နိုင်ငံတော်သမ္မတထံ သဝဏ်လွှာရေးသားပေးပို့သွားမည်ဟု ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌသူရဦးရွှေမန်းကပြောကြားလိုက်သည်။
နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များသည် ဖွဲ့စည်းပုံအခြေခံဥပဒေကိုဖောက်ဖျက်သောကြောင့် စွပ်စွဲပြစ်တင်မှုပြုလုပ်ရန်ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌထံပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၃ဝ၁ဦးကစုပေါင်းလက်မှတ်ရေးထိုးပေးပို့ထား ခြင်းနှင့်ပတ်သက်၍ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကပြောကြားခဲ့ခြင်းဖြစ်သည်။
အဆိုပါ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၃ဝ၁ ဦးထဲတွင် ဒေါ်အောင်ဆန်းစုကြည်လည်း ပါဝင်ပြီးတပ်မတော်သားကိုယ်စားလှယ်အချို့ကလည်းပါဝင်လက်မှတ်ရေးထိုးထားကြောင်းသိရသည်။

No comments:

Post a Comment