Tuesday, August 14, 2012

ဆော်ဒီ ဘုရင်က ရိုဟင်ဂျာများအတွက် ဒေါ်လာ သန်း ၅၀ လှူ

(ကြားဖြတ်နှင့် သတင်းအကျဉ်း)

မဇ္ဈိမသတင်းဌာန | တနင်္လာနေ့၊ သြဂုတ်လ ၁၃ ရက် ၂၀၁၂ ခုနှစ် ၁၇ နာရီ ၁၉ မိနစ်    

နယူးဒေလီ (မဇ္ဈိမ)။   ။ ဆော်ဒီ အာရေဗျ ဘုရင် Abdullah  က မြန်မာနိုင်ငံရှိ မူဆလင် လူနည်းစုများအတွက် အမေရိကန်ဒေါ်လာ သန်း ၅၀ ကူညီထောက်ပံ့မည်ဟု အမိန့်တော်ပြန်လိုက်သည်။


ဆော်ဒီ အစိုးရ သတင်းအေဂျင်စီ၏ အဆိုအရ မြန်မာနိုင်ငံတွင် ရိုဟင်ဂျာများသည် “လူမျိုးတုန်း သုတ်သင်မှု၊ သတ်ဖြတ်မှု၊ သားမယားပြုကျင့်မှု၊ အဓမ္မ နေရာရွှေဲပြောင်းမှုများအပါအ၀င် လူ့အခွင့်အရေး ချိုးဖောက်မှုများမှ အကာအကွယ်မဲ့ ဖြစ်နေခဲ့ရသည်” ဟု ဆိုသည်။

ကိုကဲ့သို့ ကျူးလွန်မှုများကို လုံခြုံရေးတပ်ဖွဲ့များ၏ လက်အတွင်း ဖြစ်ခဲ့ရသည်ဟုလည်း လူ့အခွင့်အရေး
စောင့်ကြည့်ရေးအဖွဲ့ (HRW)က စွပ်စွဲပြောဆိုထားသည်။

ထို့ပြင် အာရပ်စော်ဘွားများပြည်ထောင်စု (UAE)မှလည်း မြန်မာပြည်ရှိ ရိုဟင်ဂျာ မူဆလင်များအား အရေးပေါ်အကူအညီများ ပေးပို့ရန် အမိန့်ထုတ်ပြန်လိုက်သည်။

တနင်္ဂနွေနေ့က ထုတ်ပြန်လိုက်သည့် UAE သမ္မတ မင်းသား ရှိတ် ခါလီဖာ Shaikh Khalifa က လူသားချင်းစာနာမှုဖောင်ဒေးရှင်းအား ထုတ်ပြန်လိုက်သည့် အမိန့်တွင် မြန်မာနိုင်ငံရှိ မူဆလင်များအတွက် ကယ်ဆယ်ရေး အကူအညီများ အမြန်ဆုံး ပေးပို့ရန် ပါရှိသည်။

UAE နိုင်ငံခြားရေးဝန်ကြီး ရှိတ် အဗ္ဒူလာ Shaikh Abdullah ကလည်း ရခိုင်ပြည်နယ် အတွင်း မူဆလင်များ အတိဒုက္ခ ရောက်ကြရမှု အသုံးသတ်စေရေးအတွက် မြန်မာ အစိုးရအား ၀ိုင်းဝန်းဖိအားပေးကြ ရန် နိုင်ငံတကာ အသိုင်းအ၀ိုင်းအား စနေနေ့က စာရေးသား တိုက်တွန်းခဲ့သည်။

ကုလသမဂ္ဂကလည်း ရခိုင်ပြည်နယ်အတွင်းရှိ ရခိုင်တိုင်းရင်းသားနှင့် ရိုဟင်ဂျာ ဒုက္ခသည်များအတွက် အမေရိကန်ဒေါ်လာ ၃၂ သန်း ထောက်ပံ့ကူညီရန်ရှိသည်။

No comments:

Post a Comment